ဧဒင်အချစ်ပုံပြင်: အိမ်ဖြူတော်၏ ကွန်ပျူတာစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရ

Wednesday 3 October 2012

အိမ်ဖြူတော်၏ ကွန်ပျူတာစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရ

သမ္မတအိမ်ဖြူတော်အတွင်း၌ရှိသည့် ကွန်ပျူတာစနစ်များသည် ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း ယင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့်အပြင် လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် ကွန်ရက်များမှာ တိုက်ခိုက်ခံခဲ့ရခြင်း မရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုသည် မကြာခဏဖြစ်လေ့ရှိသည့် ဆိုက်ဘာတိုက်ခိုက်မှုမျိုး မဟုတ်ကြောင်းနှင့် လိုအပ်သည့် ကာကွယ်မှုများကို အိမ်ဖြူတော်မှ တာဝန်ရှိသူများက ပြုလုပ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုသည် ပြီးခဲ့သည့်
လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းသည် အောက်တိုဘာ ၁ ရက်က ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကို မည်သူက ပြုလုပ်ခဲ့သည်ကို သေသေချာချာ မသိရသေးကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...