Tuesday, 17 April 2012
ထိုင်းနိုင်ငံတောင်ပိုင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး၊ မဲဆောက် လ၀က အချုပ်ရုံး၌ ယနေ့သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်းမှ ယာယီနိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ပြုလုပ်ရန် မဲဆောက်သို့ ဆင်းလာကြပုံရသော မြန်မာအလုပ်သမား (၇၀) ဦးတို့အနက် ယနေ့မွန်းလွဲပိုင်းတွင် မဲဆောက်အချုပ်ရုံး၌ ၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ယင်းတို့ ၂ ဦး၏ အလောင်းမြေကျသည်အထိ မဲဆောက်လ၀ကမှ တာဝန်ယူပါကြောင်း၊
ဤသေဆုံးမှုသည် မဲဆောက်လ၀ကရုံးမှာပင် တာဝန်ရှိသောကြောင့် အစစတာဝန်ယူပါကြောင်း မဲဆောက်လ၀ကရုံးသို့ ဤသတင်းကြားသိသဖြင့် အခြေအနေမေးမြန်းခဲ့သော အန်န်ဂျီအို အဖွဲ့တစ်ခုသို့ မဲဆောက်လ၀က က ပြန်လည်ပြောကြားခဲ့သည်။
အတာသင်္ကြန်မတိုင်မီ ဧပြီ (၉၊၁၀) ရက်နေ့များတွင်ထိုင်းအလုပ်သမားဝန်ကြီးလက်အောက်ရှိအရပ်သားဌာန များ၊ထိုင်းနိုင်ငံရှေ့ နေများကောင်စီဥပဒေအထောက်အကူပြုဌာန (LLC)ကဲ့သို့ သောမြန်မာရွှေ့ ပြောင်းအလုပ်သမား
တို့ ၏ဘက်မှ ဥပဒေအတိုင်းဆောင်ရွက်ပေးမည့်ဖွဲ့ အစည်းများရုံးပိတ်ထားသေး၍ ဤအမှုကိစ္စကိုဆက်စပ်ဆောင်ရွက်ရန်အခက်တွေနေကြောင်း လောလောဆယ်
တွင်သတင်းအချက်အလက်ခိုင်မာစွာရရှိရန်သာဆောင်ရွက်လျက်ရှိကြောင်းမြန်မာပြည်သားများအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကသုံးသပ်ပြောဆိုသည်။
သတင်း…. သတိုးသီဟဇော် (မဲဆောက်)
Subscribe to:
Post Comments (Atom)
သတင်းလေးဖတ်သွားတယ်သယ်ရင်းရေ.....
ReplyDelete