
PHOTO: CHINA DAILY
ဆပ်ပြာထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းတမျိုးဖြစ်သော sodium oleate နှင့်တရိစ္တာန်များ၏ အရေခွံ ၊ အရိုးတို့ကို ပြုတ်၍ ဂျယ်ရီသဖွယ် ဝက်နားရွက်သဏ္ဍာန် ပြုလုပ်ထားခဲ့သည့် ဝက်နားရွက်တုပေါင်းများစွာကို တရုတ်နိုင်ငံ၌ ဖမ်းဆီးရမိခဲ့တဲ့အတွက် တရုတ်နိုင်ငံရှိ ရဲများက
စစ်ဆေးလျက်ရှိကြောင်း သတင်းမီဒီယာများက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းအား ချက်ပြုတ်စဉ်မှာ ထူးဆန်းသောအနံ့ရသည်ဟု ဝေဖန်ပြောဆိုကြသော စားသုံးသူများ၏ အပြောမှတဆင့် ထိုဝက်နားရွက်တုများကို တရုတ်နိုင်ငံ Jiangxi ရဲ့ အရှေ့ဘက်ပိုင်းရှိ Ganzhou မြို့တွင် ထုတ်ဖော် ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း သိရသည်။
Source : Straitstimes
ပုံရိပ်-burmesehearts.
တရုတ်ကတော့ အကုန်အတုလုပ်တာဘဲ....ကြက်ဥအတု....ဂေါ်ဖီအတု အကုန်အတုလုပ်တယ်....လူတောင် အတုလုပ်လို့ရရင် လုပ်မယ်ထင်တယ်...
ReplyDelete