ဧဒင်အချစ်ပုံပြင်: အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေကိုပဲ ရဲလေးက လုပ်ဆောင် သွားမှာပါ

Thursday 17 May 2012

အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေကိုပဲ ရဲလေးက လုပ်ဆောင် သွားမှာပါ


အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေကိုပဲ ရဲလေးက လုပ်ဆောင် သွားမှာပါရဲလေး အဓိပ္ပာယ် ရှိရှိနဲ့ အသက် ရှင်စဉ် ခဏလေး အတွင်းမှာပဲ ကျွန်တော့် ပရိသတ်ကို ဘယ်လို ပေးဆပ်သွားမလဲ။ မြန်မာနိုင်ငံ အတွက် ဘယ်လို အဓိပ္ပာယ် ရှိရှိ ရပ်တည် သွားမလဲ ဆိုတာပဲ ကျွန်တော့် ခေါင်းထဲမှာ ရှိတယ်။ ကျွန်တော်ကျန်တဲ့ ဟာတွေ သိပ်မကြည့်ပါဘူး။
အဓိကက ပရဟိတ လုပ်ငန်းတွေ။ ကျွန်တော် အသက်ကြီးသွားလို့ ဒီလောက ထဲက ထွက်သွားတဲ့ အချိန်ကျရင် ကျွန်တော်က နောင်ဘဝ ဆိုတာကို ယုံတယ်။ နောင်ဘဝ မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်း သာသာနဲ့ မိသားစုနဲ့ အတူ နေချင်တဲ့ အတွက် ကျွန်တော်အခုဘဝကတည်း ကောင်းမှုကုသိုလ်တွေ အများကြီး လုပ် နေတာပါ။
အဲဒီတော့ အဓိပ္ပာယ်ရှိတဲ့ သီချင်းတွေပဲ ကျွန်တော်ဆိုသွားချင် တယ်။ အခုံ Hip Hop Rapper တွေ
လည်း တော်တော်များများပြောလာကြ ပါပြီ။ သူတို့တွေ Fighter လုပ်တဲ့သီချင်း တွေ သိပ်မဆိုဖြစ်တော့ပါဘူး။ သူတို့တွေ လည်း အချစ် သီချင်းတွေ၊ အချစ်သမား တွေ ဖြစ်လာကြပြီဆိုတာကို မြင်နေရ တယ်ဗျာ့။ အဓိကကတော့ လူတစ်ယောက် ရဲ့စိတ်က အမြဲတမ်းမရိုင်းနိုင်ဘူး။ အမြဲတမ်းမကြမ်းနိုင်ဘူး။
လူတစ်ယောက် ရဲ့ စိတ်က အမြဲတမ်း ပြောင်းလဲ နေတယ်။ ကျွန်တော် ဆိုရင် လည်း အခုလူရွှင်တော် လုပ်တယ်။ တစ်ချိန်ကျရင် မင်းသားပြန် ဖြစ်ရင် ဖြစ်မယ်။ အဆိုတော် ပြန်လုပ်ချင် လုပ်မယ်။ ကျွန်တော်က ပြောင်းလဲနေ တာကို အရမ်းသဘောကျတယ်။ ကျွန်တော့် ဆံပင်ပုံစံကအစ တစ်လတစ် ခါ နှစ်လ တစ်ခါ ပြောင်းလဲ တယ်။ အဲဒါမှ လူတစ်ယောက်ဟာ ဆက်ပြီးအသက်ရှင် လို့ရမယ်ဆိုတာကျွန်တော်သိတယ်။
မငြီး ငွေ့တော့ဘူးပေါ့။ အဲဒါကြောင့် ရဲလေး ကိုကြည့်ရင် ပျော်နေတယ်။ စိတ်ညစ် စရာမရှိဘဲနဲ့ ပျော်ရွှင်နေတယ်လို့ ထင် ကြတယ်။ တကယ်တော့ ကျွန်တော့် မှာ စိတ်ညစ်စရာတွေ။ စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အတွက် အဲဒီလိုမျိုးဖုံးဖိပြီး တော့ ကျွန်တော် Life ကို ချိန်းနေရတာ ပါ။
အဲဒီလိုမှ မသွားရင် လူတစ်ယောက် ဟာရူးသွားမယ်။ စိတ်ဓာတ်တွေကျလာ မယ်။ သေချင်စိတ်တွေ ပေါက်လာ တယ်။ နိုင်ငံခြားမှာ ကိုယ့်ကိုယ်ကိုသတ် သေကြတယ် ဆိုတာ အဲဒါကြောင့်ပါ။ ကျွန်တော့်တို့မှာ အဲဒီလိုတွေခေတ်မစား ကြသေးပါဘူး။ တစ်ယောက်စလိုက်ရင် နောက်တစ်ယောက်ကပါလိုက်မယ်ဆိုတာ ကျွန်တော်သိလို့ ပြောပြရတာပါ။
AY
မန္တလေးအာရုဏ်ဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...