ဧဒင်အချစ်ပုံပြင်: မန္တလေးမြို့ညအချိန်တွင် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

Wednesday 23 May 2012

မန္တလေးမြို့ညအချိန်တွင် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

                                                   ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်





မန္တလေးမြို့တွင် မေလ ၂၃ ရက်နေ့ ညအချိန်တွင် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ်မီးလောင်မှုမှာ ည ၇ နာရီကျော်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်
အကွက်နံပါတ် ညည ၈၀ အင်းခရုဘုရားအရှေ့ဘက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မီးလောင်မှုမှာ ည ၁၁ နာရီ ၄၅ မိနစ်အချိန်က မဟာအောင်မြေမြို့နယ် ရတနာဘုမိအရှေ့ အကွက် ၅၄၀၊ နတ်ဝင်းရပ် ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ


ရွှေလသာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အင်ဗာတာမှတဆင့်မီးလောင်ကျွမ်းခဲ့ပြီး ပေ ၂၀x ပေ ၆၀ နံကပ်အိမ်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း ၁၂ နာရီ ၁၅ မိနစ်တွင်
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

@ EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...