ဧဒင်အချစ်ပုံပြင်: September 2012
Sunday, 30 September 2012
သက်ရှိ ကာတွန်းရုပ်မလေး(vedio)ဖိုင်နှင့်တကွ
ဆယ်ကျော်သက်တွေက လောကမှာ ရင်အခုန်တတ်ဆုံးလူသားတွေဖြစ်ကြပါတယ်။ 
 သူတို့ စိတ်ထဲ ငြိတွယ်တဲ့အရာတွေကို အတုခိုးကြပြီး သူတို့ဘ၀တွေကို သူတို့စံထားတဲ့သူတဦးဦးဘ၀ထဲ ၀င်ရောက်နှစ်မြှုပ်တတ်ကြပါတယ်။ 
ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ..
ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရ
စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထေ
ာင် သုံးရာ ခုနစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ကလေးဝမှ စုန်ဆင်းလာသော မြင်းကောင်ရေ ၂၅ တရုတ်အင်ဂျင် တပ်ဆင်ထားသော အစိမ်းနုရောင် စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန်ဖိုးရှိ မူးယစ်ဆေးများ မုံရွာမူးယစ်အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ ၅ ဦးနှင့်အတူ တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလျား၄၅ ပေ အနံ ၃ ပေခွဲ ရှိ အဆိုပါစက်လှေပေါ်မှ ဆူဒိုအက်ဖ်ဒရင်း
ရှားခဲအင်းအငြင်းပွားမှုမှ လူသတ်မှုအထိ ဖြစ်ပွား၊ တရားခံများ ဆက်လက်သောင်းကျန်းနေဆဲရုပ်သံ၊
လက်ခံရရှိသော သတင်းများအရ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲကြီး ရှားခဲလေး အင်းကိစ္စ အငြင်းပွားမှုများတွင် ဦးဖိုးဝ (ခ) ဦးကျော်သိန်းနှင့် အပေါင်းအပါများက ဦးတလုပ် (ခ) ဦးဝင်းနိုင် အား သတ်ဖြတ်ခဲ့သည်အထိ ဖြစ်ပွားကြောင်း၊ ဖြစ်ပွားရာတွင် လူသတ်မှုကျူးလွန်သူများက ဆက်လက်ပြီး ရန်စ ခြိမ်းခြောက်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။
ပုဂံရှိ မြင်းကပါ မနူဟာ ဘုရား ပွဲ တွင် ဒေသခံ များ က ဒေါ်အောင်ဆန်းစုကြည် ပုံစံ တူ စက္ကူ ဖောင်းကြွ ရုပ် ဖြင့် လှည့် လည် နေစဉ်
ကျောအောင့်သည့် ဝေဒနာကြောင့် ဆေးဝါး ကုသမှု ခံယူလိုက် ရသည့် ရိန်း
ကိုရီးယားမင်းသားချောရိန်းသည်ကျောအောင့်ဝေဒနာကိုခံစားရသောကြောင့်စစ်မှုထမ်းနေရာမှဆေးရုံ၌ဆေး
ဝါးကုသ မှုခံယူလျက် ရှိကြောင်း သိရသည်။
ရိန်းသည်ရုတ်တရက်ကျာအောင့်လာသဖြင့် ဆေးရုံတင် လိုက်ရခြင်း ဖြစ်ကြောင်း၊ အခြား ရောဂါရှိ၊ မရှိကို စစ်ဆေးလျက်ရှိပြီးအူကျရောဂါရှိနေသည်ဟုယူဆရသဖြင့်ဆေးရုံတွင်ဆက် လက်ဆေးဝါး ကုသမှု ခံယူသွား မည်ဖြစ်ကြောင်း ကာကွယ်ရေး သတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
"၁၈ မိနစ်ကြာ မော်လမြိုင်-မဲဆောက်ခရီး" ဖြစ်မြောက်ရေး ညှိရဦးမည်
ပြည်တော်မြင့် ~
ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မှမဲဆောက်သို့ရောက်ရှိလာသည့်ထိုင်းအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)
ပျံသန်းချိန် ၁၈ မိနစ်သာကြာမြှင့်သည့် မဲဆောက်-မော်လမြိုင် လေယာဉ်ခရီးစဉ် ပြေးဆွဲရေးအတွက် မွန် ပြည်နယ်ဝန်ကြီးချုပ်၊
မွန်ပြည်နယ်ကုန်သည်ကြီးများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် NOK AIR ထိုင်းလေကြောင်းလိုင်း ဒုဥက္ကဌနှင့် ထိုင်းကုန်သည်များ ယနေ့ မဲဆောက်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည်။
မွန်ပြည်နယ်အတွင်း အထင်ကရနေရာများသို့ ထိုင်းခရီးသွားများ သွားရောက် လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းတိုးမြှင့်နိုင်ရေးတို့အတွက်  သောကြာနေ့က  မဲဆောက်လေဆိပ်မှတဆင့် မော်လမြိုင်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု NOK
မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာ ဟု အမေရိကန် စစ်တမ်းတွင် ဖော်ပြ
ရန်ကုန်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အမေရိကန် အခြေစိုက် Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့်"Freedom on the Net 2012"တွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါ စစ်တမ်းမှာ နိုင်ငံ အသီးသီးကို အဆင့်(၀)မှ(၁၀၀)အထိ သတ်မှတ်၍ အင်တာနက် လွတ်လပ်ခွင့်ကို တွက်ချက်ထားပြီး စစ်တမ်းများအရမြန်မာနိုင်ငံနှင့် တူနီးရှား နိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အဆိုပါ စစ်တမ်း အရ သိရသည်။
From : Myanmar Express
Saturday, 29 September 2012
အပျိုစင်ညကိုရောင်းပြီးလှူမည့် သူလေး.
Good deed? Catarina Migliorini had rejected claims she is a prostitute, saying she saw the opportunity to make a positive difference to the world
 ကမ္ဘာမြေသာယာစေဖို့ ...လာပါလေ အစ်ကိုတို့ ရယ်လို့ ...
လှစ်ဟကာသူကြွေးကြော်... ပေးပါနော်အမြင့် ဆုံး... စပွန်ဆာမလို ...အကြင်နာပိုတဲ့ သူလေး...
Good deed? Catarina Migliorini had rejected claims she is a prostitute, saying she saw the opportunity to make a positive difference to the world
နေထိုင်နိုင်ရန် အိမ်များဆောက်လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရန်အတွက်
အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀
အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှ
သူမနေထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်းမှတာဝန်ယူ
လှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်း
အတွက်လှူဒါန်းပေးအပ်မှာဖြစ်ပါတယ်...
သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း
ဆီရီးယားတွင် ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ
ဆီးရီးယားတွင် အီရန် Press TV သတင်းဌာနအတွက် လုပ်ကိုင်နေသော သတင်းထောက်မာရာနက်ဆာသည် စက်တင်ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲမှုမြင်ကွင်းတစ်ခုအတွက် သတင်းပို့နေစဉ် ပစ်သတ်ခံခဲ့ရပြီး သေဆုံး သွားခဲ့သည်။ မြို့တော်ဒမတ်စကတ်တွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို သတင်းတင်ပြနေသော မာရာနတ်ဆာသည် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် Press TV ၏ ဒမတ်စကတ် ဗျူရိုအကြီးအကဲ ဟူစိန်မာတာဒါလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က ပုန်ကန်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သူပုန် တို့၏ ပစ်ခတ်မှုများကြောင့် ဆီးရီးယားဂျာနယ်လစ်များနှင့် နိုင်ငံခြားဂျာနယ်လစ်များ အမြောက်အများ သေဆုံး ခဲ့ပြီးဖြစ် သည်။ 
ထူးထူးခြားခြားဟာသပုံများ(ရယ်မောခြင်းသည်အသက်ရှည်၏)
ဘင်္ဂလားဒေ့ခ်ျ UNHCR မှ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံ
UNHCR met Rakhaing refugee Sept 29ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ အခြေစိုက် UNHCRမှ ရခိုင်ဒုက္ခသည်များနှင့် ကော့စ်ဘဇားမြို့ ဟိုတယ် ShwaBa တွင် စနေနေ့က တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် Durable Solution အမည်ရှိခေါင်းစဉ်ဖြင့် Repatriation, Local Integrationနှင့် Resettlement ကိစ္စများကို အဓိကထား၍ အပြန်အလှန် အသေးစိပ် ဆွေးနွေးခဲ့ကြသည်။
UNHCRမှ Assistance Protection officer Ms. Fahmida Karim က ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ ဒုက္ခသည်များ အနေဖြင့် စိတ်ဝင်စားပြီး တောင်းဆိုမှုများ တရားဝင် ပြုလုပ်လာပါက ပူးပေါင်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း Resettlement ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလာအစိုးရမှ ဒုက္ခသည်များ မိမိနိုင်ငံအတွင်း တိုးပွားလာမှုအပေါ် စိုးရိမ်၍ ၂၀၁၀ အောက်တိုဘာမှစတင်ကာ တရားဝင် ပိတ်ပင်းထားကြောင်း၊ Repatriation ကိစ္စနှင့်
မျက်နှာဖုံးစွပ်ထား တဲ့ ၁၅ နှစ် အရွယ် သား ကို ဖခင် က မှားယွင်းပြစ်သတ်
po308tc8kc5ge
အိမ်နီးချင်း က ဓားပြ အိမ်နားကပ် တယ် ဆိုတာကြောင့် ငါးတန်းကျောင်းသား များ ကို စာသင်ပေး
နေသည့် နာမည် ရ ကျောင်းဆရာ ဖခင် က အသက် ၁၅ နှစ အရွယ် အထက်တန်း ကျောင်းသား
ဖြစ်သည့် သား ဖြစ်သူ ကို သေနတ် ဖြင့် ပြစ်သတ်မှု အမေရိကန် နိုင်ငံ ကွန်နက်တီကတ် ပြည်နယ်
နယူး ဖယ်ဖီး တွင် ဖြစ်ပွား ခဲ့ သည်။
နှင်းလျှောစီးရာ တွင် အသုံးပြုသည့် မျက်နှာဖုံး အနက် ၀တ်ဆင်ထားသည့် သား ဖြစ်သူ သည်
အိမ်နီးချင်းဖြစ်သူ အဒေါ် ၏ အိမ်သို့  အနက်ရောင် အ၀တ်အစားများ ၀တ်ဆင် ပြီး လက်ထဲ တွင်
ဓားငယ် တစ်ချောင်း ကိုင်ဆောင်ကာ ကြာသပတေး နေ့ နံနက် ၁ နာရီ တွင် ၀င် သွား ခဲ့သည်။
ညီမဖြစ် သူက အိမ်နီးချင်း အကို ဖြစ်သူ Jeffrey Giuliano ကို အကူ အညီတောင်းရာမှ ဂျက်
ဖရီ က အိမ် တွင်းရှိ သေနတ် ကို ယူပြီး မျက်နှာ ဖုံးစွပ် ရုပ်ဖျက် ထားသည့် သား ကို ပစ်သတ်
Software run ထားယုံနဲခြင်ပြေးတဲ့ Anti Mosquito
ကွန်ပျုတာနဲအသုံးပြုတဲ့သူတွေအတွက်ခြင်ဆေးခွေမလိုတဲ့ခြင်ပြေးတဲ့
software တင်ပေးလိုက်ပါတယ် software run ထားယုံပါပဲ။အသံလှိုင်းနဲပြေးတဲ့
software ပါ။ အသံတော့နဲနဲကျယ်ထားပေါ့။
ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့ ဦးသိန်းစိန်ပြော
BBC News, 29 September 2012 —-   မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။
မြန်မာ နိုင်ငံ မှာအာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း မှုတွေ လုပ်လာ နိုင်ခဲ့တာဟာလည်း မြန်မာ ပြည်သူတွေရဲ့ လိုချင် တောင့်တမှု တွေကြောင့် သာဖြစ်တယ်လို့လည်း ပြောပါတယ်။
မန္တလေးမြို့တွင် စက်တင်ဘာ ၃၀ ရက်နေ့က ရေကြီးရေလျှံဖြစ်မှု (5 photos)
မန္တလေးမြို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်ခန့်မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံအပြား ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာလ ၃၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မန္တလေးမြို့ ၇၃ လမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်။
ရွာသား ၅ ဦး သေနတ် ပစ်ခံရ
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့ တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။ အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှရန်ကုန်ပြည်သူ့ ဆေးရုံကြီးအရေးပေါ်ဌာန သို့ စက်တင် ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင်
ရောက်ရှိလာကြောင်း သိရပါသည်။
မူးယစ်ဆေး ဝါး ငွေကျပ်သိန်းေ ပါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ
စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။
ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)
လုံးအား ချပြီး စောင့်ဆိုင်းနေခဲ့ပါသည်။
မကြာမီ တန့်ယန်းမြို့နယ်၊ ဝမ်ဟောင်ရွာတွင် နေထိုင်သော ယာဉ်မောင်း စံလူ (၃၂)နှစ်
ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ လို့ သေ
     နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော် ခတ္တမန္ဒူလေဆိပ်မှLukla လေဆိပ်တို့ ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီးသည်အားလုံးသေဆုံးခဲ့ရသည်။သောကြနေ့က
လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့
မှ အတည်ပြုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား
သံဖြူဇရပ်မြို့ မှ စစ်သင်္ချိုင်း
သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။
ဖမ်းဆီးပြန်ပို့ခံရတဲ့ မြန်မာတွေဆီက ပိုက်ဆံကောက်နေတာကိုရပ်ပါ
Myanmar Model – Moe Hay Ko | မိုးဟေကို
Myanmar Model Moe Hay Ko - Elegant Outfit (2)
မျက်နှာ အဆိပ်ထုတ်နည်း
အလှအပ ဆိုတာ  သဘာဝက ပေးတဲ့၊ ဘုရားပေးတဲ့ ဆုတစ်ခုပါပဲ။
ကိုယ့်ရဲ့နဂိုရှိပြီးသား  အလှကိုမှ ထပ်မံ  ခြယ်သ ပြုပြင်ပြီး လှသထက်လှဖို့ ကြိုးစားနေတဲ့ ပျိုမေတွေ အနေနဲ့ အလှကို ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။
နည်းပညာတွေ မျိုးစုံရှိတဲ့ ခေတ်ကြီးမှာ အလှပြုပြင်ရေး ဆိုင်ရာ ပစ္စည်း တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပါဘဲ။
ဒါကိုကြည့်ရင် ကမ္ဘာမှာ အလှဆင်ကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲဆိုတာ အသိသာကြီးပါ။
ဘာပဲဖြစ်ဖြစ် အလှပြူ ပြင်ရေး ပစ္စည်းတွေကို သဘာဝတရားက ထွက်ရှိတဲ့ အဆီ အနှစ်တွေနဲ့ပဲ ပြုလုပ်ထားတယ်လို့ ဘယ်လောက်ပဲပြောနေကြပါစေ။ ကြာရှည်ခံဖို့အတွက် နည်းလမ်းတွေကတော့ ပါဝင်နေဆဲပါ။
တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီလိုအပ်နေ
တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ် ခခေ (Hka Hkye) ကျေးရွာ အစွန်းတွင်ရှိသော ကချင်ဒုက္ခသည် စခန်းတွင် အစားအသောက် အခက်အခဲကြုံတွေ့နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။ ၎င်းဒုက္ခသည် စခန်းသည် မံစီမြို့နယ်တွင်ရှိပြီး အခြားကျေးရွာ မြို့များနှင့် ဝေးသော သီးသန့် ဒုက္ခသည် စခန်း ဖြစ်ပြီး အကူအညီလိုအပ် နေခြင်းဖြစ်ကြောင်းသိရသည်။
ယခုချိန်ထိ ခခေ (Hka Hkye) ဒုက္ခသည်စခန်းတွင် မည်သည့်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ မှု ရောက်မလာ သေးကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးဒွဲလာ (Salang Doi La) ကပြောသည်။ “စက်တင်ဘာ ၁ ရက်နေ့တော့ တရုတ်ခရစ်ယာန်အသင်းကဆိုပြီး ဆန်အိတ် ၄၀ လာပေးထားတယ်။ အဲဒါပဲ ရသေးတယ်။ ဖြစ်နိုင်သလိုပဲ စားနေတယ်။ ဒီတောက အရွက်တွေပဲရှာ စားနေတယ်။ ဆီတွေလည်း
သမ္မတသက်တမ်း တစ်ကြိမ်သာတာဝန်ယူမည့် ဆုံးဖြတ်ချက် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်မူတည်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
 မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသော ဆုံဖြတ်ချက်သည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်မူတည်၍ ပြုပြင်မှုများ ပြုလုပ်သွားဖွယ် ရှိသည်ဟု အမေရိကန်ပြည်ထောင်စု အာရှလူ့အဖွဲ့အစည်းတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောကြားသွားသည်။ “သက်တမ်းအားဖြင့်တော့ ကျွန်တော့်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို One Term ပဲလုပ်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ ဆန္ဒ၊ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်က ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ဒီလို ထင်ပါတယ်။ သို့သော်လည်း
ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း
ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်းတစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲတိုင်းလည်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့ သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဘာကြောင့် လုပ်ဖြစ်သွားတာလဲ။
ဖြေ – အမေစု(ဒေါ်အောင်ဆန်းစုကြည်) လွတ်လာတဲ့အချိန်မှာ အမေစုကို လှူချင်တဲ့စိတ်ရှိတယ်။ အဲဒီအချိန်ကတည်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ကျွန်မရဲ့ ပရိသတ်တွေကကျတော့ အသက်ကြီးသွားတော့ ရာသီဥတုကောင်းကောင်းမှာ ၀တ်ကောင်းစားလှတွေနဲ့ လှလှပပ၀တ်စားပြီး လာပျော်ကြတဲ့သူတွေများတာကြောင့် ရာသီဥတုသာယာတဲ့ ဆောင်းတွင်းကို ရွေးလိုက်တာကြောင့် နောက်ကျသွားတာပါ။ အမေစုကို လှူချင်လို့လုပ်တဲ့ ရှိုးလေးပါ။
မေး – ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်လိုလုပ်ငန်းမျိုးကို အဓိကထားပြီး လှူမှာပါလဲ။
ဖြေ – ကျွန်မမှာ ကလေးရှိတော့ ကလေးတွေအားလုံးကို စိတ်ဝင်စားတယ်။ ဒါကြောင့် အမေစုရဲ့
ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်
ပြည့်တန်ဆာလုပ်ငန်းများရားဝင်လုပ်ကိုင်ခွင့်မရသော မြန်မာနိုင်ငံတွင်  ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်
ငန်း)များတရားဝင်လုပ်ကိုင်ခွင့်ရရန်လွှတ်တော်အမတ်များထံတင်ပြတာင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာ
နိုင်ငံပြည့်တန်ဆာများကွန်ရက်(SexWorkerInMyanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။“လူတွေလက်ခံလာမှကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ်တယ်”ဟု၎င်းကရှင်းပြသည်။မြန်မာနိုင်ငံတွင်ပြည့်တန်ဆာလုပ်ငန်းများတရားဝင်လုပ်ကိုင်ခွင့်မရ သော
ကြောင့်လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ထိန်းချုပ် ရာတွင်  ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။
သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ
ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျ
လောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု
ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထား
သူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိ
နေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်
Friday, 28 September 2012
မဟာချိုင်ပုလိပ်များမြန်မာအလုပ်သမားများကို မတရားအနိုင်ကျင့်မှုများပြား”
စက်တင်ဘာ ၂၈
မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး မဟာချိုင်မြို့မှ ထိုင်းရဲများ  မြန်မာ အလုပ်သမားများအားအနိုင်ကျင့်ဗိုလ်ကျနေမှု များ နေစဉ်ကြုံတွေ့ နေသဖြင့် မြန်မာသံရုံးအနေဖြင့် ထိထိရောက်ရောက်အရေး ယူပေးစေလိုကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများ ကပြောသည်။
                မဟာချိုင်မြို့မှ ထိုင်းရဲများသည်လမ်းတွင်တွေ့သမျှ   မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်အလုပ်လုပ်
ခွင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖမ်းဆီးပြီးငွေတောင်းခံလေ့ ရှိကြောင်း ကိုခိုင်ကြီးက ပြောသည်။
 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက“တနယ်လုံးက ဖမ်းဆီး လာတဲ့ မြန်မာ အလုပ်သမားတွေကို မဟာချိုင်လေးထပ် ပုလိပ်ရုံးမှာ ၂နေရာခွဲထားတယ်။ နေထိုင်ခွင့်ဘာမှ မရှိတဲ့သူေ တွ ကို အပေါ်ထပ်ကိုခေါ်တယ်။ ပတ်စပို့ရှိလျှက်နဲ့ ဖမ်းလာတဲ့ အလုပ်သမားတွေကိုတော့ အောက် ထပ်မှာ အချုပ်ခန်းတစ်ခုလုပ်ထားတယ်၊ အဲဒီမှာ ဘာသာပြန် ကုလားတစ်ယောက်ရှိတယ်။အလုပ်သမားတွေ
ကိုလက်ထိပ်ခပ်တယ်၊ အမျိုးမျိုးခြိမ်းခြောက်ပြီး တောင်းတယ်။ မြန်မာသံရုံးက တာဝန်ရှိတဲ့သတွေကို မြင်စေ
ချင်တယ်” ဟုပြောသည်။
အဝေးတစ်နေရာမှ သာဓုခေါ်သံ ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နာရေး (သေရေး) အား လူအများ ကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟု သတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုဖြင့်စတင်ခဲ့ပြီး အငိုဖြင့်သာ အဆုံးသတ်ကြခြင်းသည် လောကဓမ္မတာဖြစ်သည်။ အငိုဖြင့် ကွယ်လွန်သွားသူများအား အဆင်ပြေစွာ ဘဝကူးကောင်းစေရန် ရည်ရွယ်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများအား ပြည်တွင်း/ပ အလှူရှင်များ၏ စဉ်ဆက် မပြတ် အားပေးကူညီ လှူဒါန်းမှုများအနက် ၂၇.၉.၂ဝ၁၂ (ကြာသပတေးနေ့) နံနက် (၁၁းဝဝ) နာရီအချိန်တွင် နိုင်ငံကျော်ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ခိုင်သင်းကြည်၏ မွေးနေ့အလှူဒါနအဖြစ် အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်၊ မိဘနှစ်ပါးနှင့်အတူ လာရောက်လှူဒါန်းခဲ့သည်။
လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်
ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး( ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၈ရက်နေ့ စက်တင်ဘာ ၂၀၁၂  —   ယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို
မြန်မာကားတွေမှာ သရုပ်ဆောင်တဲ့ စပါးကြီးမြွေမောင်နှမ
ရန်ကုန်ကနေ သံလျင်သွားရင် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်မှာ ထူးခြားတဲ့မြင်ကွင်းတခု တွေ့ရတတ်ပါတယ်။
အဲဒါကတော့ ဆံပင်ရှည်ရှည် လူတယောက်နဲ့ သူ့ရဲ့ စပါးကြီးမြွေတွေပါပဲ။
အဲဒီမြွေတွေကို တချို့ကလည်း ကားပေါ်ကနေ ကြည့်ကြသလို့ တချို့ကလည်း ကားရပ်ပြီး အောက်ဆင်းကြည့်ပြီး အလှူငွေတွေ ထည့်တာကို တွေ့မြင်ရပါတယ်။ ကျနော်တို့လည်း ကားရပ်ပြီး ခဏဆင်းကြည့်ဖြစ်ပါတယ်။
ကျုံပျော်မြို့ နယ် ရှားခဲရွာေ န ဒေသခံတစ် ဦးအား ၀ိုင်းဝန်းရိုက်နှက် မှုကြောင့် လမ်းပေါ် ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀မိနစ်ခန့်က ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊
ရှားခဲလေးအင်းအနီး မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည်
ဝိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ဒေသခံများကမကျေနပ်၍ လမ်းပေါ်ထွက်ကာ စက်တင်ဘာလ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် ကျုံပျော်မြို့နယ် ရှားခဲအထွက်တိုးရုံးရှေ့သို့ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ဆက်မသွားရန်တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့သဖြင့် ပထမဦးစွာမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ခတ်ခဲ့ပြီးစုစုပေါင်းရှစ်ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး သေဆုံးကာ
နှစ်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
နာမည်ပျက်စေ ရန် ရည်ရွယ်၍ တရားစွဲ သူကို ယင်းပုဒ်မအ တိုင်း ဖိုးသောကြာက တရားပြန်စွဲ
အ.ထ.က(၆)ဗိုလ်တထောင်မှအလယ်တန်းပြဆရာမ ဒေါ်အေးအေးညွန့်က ဆဲဆို၊မတရား ခြိမ်းခြောက် မှုဖြင့် သင်္ဃန်းကျွန်းရဲစခန်း၌ မိမိကို တရားစွဲဆိုထားမှုနှင့် ပတ်သက် ၍ သရုပ်ဆောင် ဖိုးသောကြာ က မြန်မာအင်ဒီပဲန်ဒင့် သို့ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းသို့ တိုင်ကြားထားမှု အပေါ်တွင် မိမိကို နာမည် ပျက်စေချင်သော ရည်ရွယ်ချက်ဖြင့် အင်တာနက် သတင်းများ မှတစ်ဆင့် အနုပညာ လောက၌ ရပ်တည်ခွင့် မရအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊
 ဖြစ်စဉ် အရ မိမိအိမ်ခြံ ဝင်း နောက်ဘက် တံခါးပေါက်၌ သစ်ပင်ဖြတ်စများ ပိတ်ဆို့နေသဖြင့် ကားအဝင်အထွက် ပြု လုပ်၍ မရသောကြောင့် ရပ်ကွက် ဥက္ကဋ္ဌမှတစ်ဆင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တစ်ဖက်မှ ဒေါ်တင်တင်အေး နှင့် မခင်ဆွေလှိုင်တို့က ကြိမ်းမောင်း ပြောဆိုမှုများဖြင့် ခြိမ်းခြောက်
ခဲ့ကြောင်း သရုပ်ဆောင် ဖိုးသောကြာက ရှင်းပြခဲ့သည်။
ဒါရိုက်တာချိုတူးဇော်၏ မှတ်တမ်း - အေဘီတောင်ပိုင်းက ဆရာနေ၀င်းအောင်၏ အတွေ့အကြုံ ဖြတ်သန်းမှုများ
ရုပ်သံ၊
YouTube မှာ တင်ထားတဲ့ မေခလာရဲ့ ချန်နယ်ကနေ ကူးယူတင်ပြပါတယ်။ ABSDF မြောက်ပိုင်း လုပ်ကြံသတ်ဖြတ်မှုများနဲ့ တချိန်တည်းမှာပဲ ABSDF တောင်ပိုင်းမှာ စစ်အစိုးရသူလျိုအဖြစ် ဖမ်းဆီးနှိပ်စက်ခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ရန်ကုန်တက္ကသိုလ်က ကျောင်းဆရာ ကိုနေ၀င်းအောင်ရဲ့ အတွေ့အကြုံတွေကို ဒါရိုက်တာချိုတူးဇော်က မှတ်တမ်းတင်ထားတာကို တင်ဆက်လိုက်ပါတယ်။
မြန်မာ့ကွမ်းယာ ကမ္ဘာလှည့်ခရီးသည် အံ့သြ လေ့လာ
မိုးသီးဇွန်က စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို တားဆီးရန် ဝေဖန် အင်္ဂလန်နှင့် သြစတြေးလျမှ ကမ္ဘာလှည့် ခရီးသည် ၁၆ ဦးတို့သည် ရန်ကုန်မြို့တွင်း လှည့်လည် လေ့လာကြစဉ် ကျောက်တံတား မြို့နယ် လမ်းဘေး ကွမ်းယာဆိုင် တစ်ဆိုင် ရှေ့၌ ဝိုင်းအုံနေကြသည်ကို ၁၈-၉-၂၀၁၂ ရက်နေ့ နံနက်က တွေ့ရသည်။ ဧည့်လမ်းညွှန် ကိုအောင်မြတ်က ကွမ်းယာကို လက်ဖဝါးပေါ်တင်ကာ ကွမ်း၊ ထုံး၊ ကွမ်းသီး၊ ဆေးတို့ရော၍ စားရခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းပြနေသည်။
ကွမ်းတံတွေးကို ထွေးပစ်ရကြောင်း၊ လမ်းသွားရင်း ကွမ်းစားလျှင် စည်းကမ်းမဲ့ ကွမ်းတံထွေး မထွေးသင့်ကြောင်း၊ လမ်းသွားရင်း စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးပါက လမ်းပလက်ဖောင်းများ ညစ်ပတ်ကြောင်း စသည်ဖြင့် ရှင်းပြနေသည်ကို ကြားရသည်။ ရှင်းပြသည့် ဧည့်လမ်းညွှန်ကလည်း ကွမ်းယာသမား ဖြစ်သည်။
ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲ ပစ်ခတ်
အင်းလေလံ ရသူနဲ့ ဒေသခံ တွေကြား အချင်းများ
 ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကြီး ရွာမှာ အင်းလေလံ ရထားသူနဲ့ ဒေသခံ တွေကြား အချင်းများ ကြရာက ရဲက ပစ်လို့ လူ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။
ရှားခဲကြီးအင်းကို လေလံရထားတဲ့ အင်းပိုင်နဲ့ အဖွဲ့က ဒေသခံ ရွာသား တယောက်ကို ဆည်ဝ ဖျက်ဆီးလို့ ဆိုပြီး အုပ်ချုပ်ရေးမှူး ရုံးမှာ ရိုက်နှက်စစ်ဆေးရာက လူသေမှု ဖြစ်သွားခဲ့ပါတယ်။
ဒါကို မကျေနပ်တဲ့ ဒေသခံရွာသားတွေက အုပ်ချုပ်ရေးမှူး ရုံးကို ဒီကိစ္စဖြေရှင်းပေးဖို့ ဝိုင်းဝန်း တောင်းဆိုရာက အချင်းများပြီး နယ်မြေခံ အထောင် ရဲစခန်းက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့လို့ လူ ၁ယောက် သေပြီး ၃ယောက် ဒဏ်ရာရ သွားတယ် လို့ ရှားခဲကြီး ရွာသားတယောက်က ပြောပါတယ်။
အထောင် ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ ရဲစခန်းက အသေးစိတ် မသိရသေးဘူး ပြောပါတယ်။
အခွင့်အရေးအတွက် တန်းတူမျှော်လင့်ချက်ထားနေဦးမည့် အနွမ်းပန်းဘ၀များ
ဘတ်စ်ကားမှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး(၃)ယောက်။
ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။
အဲ့အထဲမှာ နှစ်ယောက်ကတော့ ဘောင်းဘီရှည်နဲ့တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁နာရီကတည်း ရပ်နေတာ အခုဆို (၃)နာရီကျော်လောက် ကြာပြီ။
ထမီအ၀ါဝတ်ထားတဲ့ အသက်(၄၀)အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ကလေးငယ် (၆)ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။
“နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့နောက်နေ့ တွေအတွက်  ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။”ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။
မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာလုပ်နေရသည်ဟူ၍လည်း ဆိုသည်။
"မဟာချိုင်ကပုလိပ် ပတ်စပို့ရှိလဲ ဖမ်းတောင်းတာပဲ"
by-goldenworkers
မြန်မာ နိုင်ငံ ၏ စစ်မှန်သော အပြောင်းအလဲဓာတ်ပုံများ
Photo: မြန်မာ နိုင်ငံ ၏ စစ်မှန်သော အပြောင်းအလဲများ 
(Real Changed in Myanmar) 
၂၀၁၀ ခုနှစ် က ရန်ကုန် မြို့  တွင် တရားဝင် အမိန့် ရ ပေါင် ဆိုင် ၄၀၀၀ ကျော် ရှိ ခဲ့ ရာ မှာ ၂၀၁၂ သြဂုတ်လ တွင် တရား ၀င် အမိန့် ရအပေါင်
ဆိုင် ၇၀၀၀ ကျော် ထိ တိုးလာခဲ့ သည်။ Photo : Deyea၂၀၁၀ ခုနှစ် က ရန်ကုန် မြို့  တွင် တရားဝင် အမိန့် ရ ပေါင် ဆိုင် ၄၀၀၀ ကျော် ရှိ ခဲ့ ရာ မှာ ၂၀၁၂ သြဂုတ်လ တွင် တရား ၀င် အမိန့် ရအပေါင်
ဆိုင် ၇၀၀၀ ကျော် ထိ တိုးလာခဲ့ သည်။
Thursday, 27 September 2012
"မြန်မာအလုပ်သမ တစ်ဦး ကားတိုက်သေဆုံး"
           ထိုင်းနိုင်ငံ ချုံဘူရီ ခရိုင် ဘန့်ဘူမြို့နယ် ကါးစက်ရုံအလုပ်သမား လင်မယားနှစ်ဦး ညနေ အလုပ်မှ စက်ဘီးစီ၍ပြန်လာကြစဉ် ၂စီးတွဲကား တိုက်မိသဖြင့် သေဆုံးသွားခဲ့သည့် မအေးနှင်းဖြူ အား ယမန်နေ့က သဂြိုဟ်လိုက်ပြီးဖြစ်သည်။
စက်တင်ဘာလ ၂၄ ရက် ညနေ ၅နာရီ အလုပ်လုပ်ပြီး  ခင်ပွန်းသည် နှင့်အတူစက်ဘီး စီး၍ စက်ရုံလမ်း အတိုင်းပြန်လာကြစဉ် နောက်မှ လမ်းကျောအတိုင်း မောင်နှင်လာသည့် ၂စီတွဲကားကြီးက မျက်နှာချင်းဆိုင် မှလာသော ဟိုင်းလပ်ကါး သွားစေရန် ဘယ်ဘက်ကို ချမောင်း စဉ် အလုပ်သမား
လင်မယားစီးလာသည့် စက်ဘီးကိုတိုက်မိခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း (အပြည့်အစုံ)
ဥက္ကာခဲဖြင့် ထုလုပ်ထားသည့် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်တုတစ်ခုအား သုတေသီများ ရှာဖွေတွေ့ရှိ
၁၉၃၈ ခုနှစ်တွင် နာဇီ လေ့လာရေး အဖွဲ့ တစ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့် သက်တမ်း ရှိ ရုပ်တု တစ်ခုအား သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုအား ဂျာမနီနိုင်ငံ စတုဂတ် တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ရှားပါး ဥက္ကာခဲ တစ်ခုမှ ထွင်းထု ထားခြင်း ဖြစ်သည်။ ၎င်းရုပ်တုသည် အလေးချိန် ၁ဝ ကီလိုဂရမ် ရှိ၍ အမြင့် ၂၄ စင်တီမီတာ ရှိသည်။
အဆိုပါ ရုပ်တုအား ထွင်းထုထားသည့် ဥက္ကာခဲသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝဝဝ ခန့်က မွန်ဂိုလီးယားနှင့် ဆိုက်ဘေးရီးယား ဒေသများ  အကြားသို့ ပြုတ်ကျခဲ့သည့် ဥက္ကာခဲ တစ်ခဲ ဖြစ်သည်ဟု သိရသည်။ အံ့သြဖွယ်ရာ ကောင်းသည်မှာ ၎င်းရုပ်တုသည် အင်ဒီရာ နာဂျုံး၏ ဇာတ်ကား တစ်ကားထဲ၌ ပါဝင်သော ဇာတ်ကွက်နှင့် အလား သဏ္ဌာန် တူညီနေခြင်း ဖြစ်သည်။
 From: မြ၀တီ
စစ်တွေ တွင် အကျင့်ပျက် ဆက်သွယ်ရေး ၀န်ထမ်းများ အင်တာနက်ေ လျှာက်ခ ပိုတောင်းယူနေ
စစ်တွေမှာ အင်တာနက်လိုင်းလျှောက်ရင် ငွေ ၁၂၀၀၀ ကျပ်ပေးရပြီး တစ်ချို့ကို ၁၃၀၀၀ ကျပ်တောင်ယူတယ်
လို့သိရပါတယ်။ တကယ်တော့ နိုင်ငံတော်က သတ်မှတ်ထားတာကတော့ ၁၀၀၀၀ကျပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေက နောက်နေ့ကျ ရင် လိုင်းပွင့်အောင်လုပ်ပေး မယ်ဆိုပြီး တောင်းယူထားတာပါ။ တစ်ချို့ကတော့ ဘာမှ မသိဘူး ပေးရမယ်ဆိုတာနဲ့ပေးလိုက်ရတာရှိပါတယ်။
ဒါပေမယ့် တစ်လ နှစ်လ ကြာအောင်အထိ လိုင်းမပွင့်တဲ့သူတွေလည်း ရှိနေ တယ်လို့သိရပါတယ်။
အဲဒါကို ဆက်သွယ်ရေးပြည်နယ်မန်နေဂျာ ဦးမျိုးသန့်ကတော့မသိရှာဘူး။ လို့ထင်ပါတယ်။ တရားဝင်ပေးဆောင်ရတာက ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။ မယုံရင်
ရုပ်တုဖြစ်သွားတဲ့ ဇီဒန်းရဲ့ ကမ္ဘာကျော် ခေါင်းတိုက်ခြင်း
၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ  ပြင်သစ် ဘောလုံးသမား ဇီဒန်းက ပြိုင်ဘက် အီတလီ ကစားသမား မာတာရာဇီ (Marco Materazzi) ရဲ့ရင်ဘတ်ကို ခေါင်းနဲ့ ဝှေ့တိုက်လိုက်လို့ အနီ ကတ်ထိပြီး ထွက်သွားရတာ မှတ်မိ ကြမယ် ထင်ပါတယ်။
ခေါင်းတိုက်ခဲ့စဉ်က ပုံစံတူရုပ်တုကို အခုလို  ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Pompidou Centre ရှေ့ လူမြင်ကွင်း မှာ မြင်တွေ့ ရပါပြီ။
၁၆ ပေမြင့်တဲ့ ဇီဒန်းရဲ့ မာတာရာဇီကို ခေါင်းနဲ့တိုက်နေတဲ့ ကြေးနီရုပ်တု ကတော့ ကမ္ဘာလှည့် ခရီးသွားတွေ ကို စွဲဆောင်နိုင်ဖို့ အနုပညာ လက်ရာတခုအဖြစ်လည်း လုပ်ထားတာပါ။
အနုပညာရှင်ကတော့ အယ်ဂျီးရီးယားလူမျိုး အဒဲလ် အဗ်ဒဆမ်မေ့ဒ် (Adel Abdessemed) ဖြစ်ပြီး သူ့ရဲ့ အနုပညာ လက်ရာတွေကို လာမယ့် ဇန္န၀ါရီလမှာ ပြပွဲ တခုလုပ်ဖို့လည်း ရှိတယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့ Sun သတင်း တပုဒ်က ဆိုပါတယ်။
ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည်
ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည်
ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engineတစ်ခု စတင်လည်ပတ်လာတော့မည်ဟု သတင်း
များက ဖော်ပြခဲ့သည်။ အသက်(၁၈)နှစ်အထက် မကြည့်ရှုသင့်ဟု သတ်မှတ်ထားသည့် အဆိုပါ ညစ်ညမ်းရုပ်
ရှင်များကို .xxx Domainစံနှုန်း သတ်မှတ်ရန် အဓိက ထောက်ပံ့ ကူညီခဲ့သည့် ICM Registryက အဆိုပါSearch
Engineကို ကြာသပတေးနေ့တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။
.xxxဆိုသော Domainနှင့် ဝက်ဘ်ဆိုက်များ အင်တာနက်တွင် အသုံးပြုလာသည့် (၉)လ သက်တမ်းအတွင်းသိ
သိသာသာ ဖြစ်ပေါ်လာသည့် လုံခြုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် ယခုလို Search Engineတစ်ခုဖန်
တီးရခြင်းဟု ICMမှ အမှုဆောင် အရာရှိချုပ် စတူးဝပ် လော်လေက ရှင်းပြခဲ့သည်။
ဗျောက်အိုးဖောက်ခြင်းကို တားမြစ်သူမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြ
ဗျောက်အိုး နှင့် မီးရှူးမီးပန်းများကို ရောင်းဝယ်ဖောက်ကားခြင်း နှင့် ပစ်ဖောက်ခြင်းများကို ဥပဒေမှတားမြစ်ထားသော်လည်း ရောင်းဝယ်ဖောက်ကားသူများကေ၇ာင်းဝယ်နေကြပြီး ဗျောက်အိုးဖောက်နေ  သူများလည်းပိုမိုများပြား လာသ ဖြင့်အေးချမ်းစွာနေထိုင်သော ပြည်သူများထိတ်လန့်ခြင်း ၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ဗျောက်အိုး နှင့် မီးရှူးမီးပန်းပစ်ဖောက်သူများ တနေ့ထက်တနေ့များပြားလာသည်မှာ တစ်လနီးပါးခန့်ရှိပြီးဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါ စည်းကမ်းမဲ့ ဗျောက်အိုးဖောက်သူများအား ဥပဒေနှင့် အညီတားဆီးခြင်းမရှိ ၍ပိုမိုအတင့်ရဲစွာပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများမှ Hot News Journal သို့ပြောကြားသည်။ “ကျွန်တော်တို့သူငယ်ချင်းတစ်စု မော်လမြိုင်ကိုသွားတော့ ကမ်းနားလမ်း နဲ့ တော်ပေါ်တန်းလမ်းတွေမှာ ည (၇) နာရီလောက်ကစပြီးဗျောက်အိုးဖောက်တဲ့လူ
ယာဉ် ထိန်းတပ်ဖွဲ့ဝင်များ၏ဒုက္ခ
ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ် ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့် အခြေအနေနှင့် အခက်အခဲ များကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသား သူစတုတ္ထမဏ္ဍိုင်နှင့်အခြားသူများ ပါသိ ရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါ သည်။
တိုင်း/ပြည်နယ်ဒေသကြီးအသီးသီး ၌ တာဝန်ထမ်းဆောင်လျက်ရှိသောယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများ၊ အ၀ိုင်းပတ်များ၊ တံတားများ၊ အရေးကြီးအဆောက်အဦ နေရာများ၊ ယာဉ်သွားယာဉ်လာရှုပ်ထွေး သည့်လမ်းမကြီးများစသည့်နေရာများ တွင် တာဝန်ထမ်းဆောင်ကြရပါသည်။ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ဥပမာပြရလျှင် ထိုတာဝန်ကျနေရာများ သို့နေ့စဉ်ဆိုင်ကယ်ဖြင့်သွားရောက်ကြရာ ၌ ခရီးအကွာအဝေးအလိုက်ဓာတ်ဆီ (၂) ပုလင်း (သို့မဟုတ်) (၃) ပုလင်းခန့်သုံးစွဲ ကြရပါသည်။ တပ်ဖွဲ့ဝင်တစ်ဦးလျှင်ပျှမ်း မျှ (၂) ပုလင်းသုံးစွဲပါက တပ်ဖွဲ့ဝင် (၁၅၀) ဦး အတွက်အဆိုပါပုလင်း (၃၀၀) စုစုပေါင်း ဂါလံ (၅၀) ခန့် အသုံးပြုရကြောင်း သိရှိ ရပါသည်။ ငွေကြေးတန်ဖိုးတွက်ချက် ကြည့်ပါက နေ့စဉ်ကျပ် (နှစ်သိန်း)ခန့် ကုန်ကျအသုံးပြုနေရပြီး တစ်လအတွက် ဆိုပါက ကျပ် (သိန်းခြောက်ဆယ်)ခန့် သုံးစွဲကုန်ကျလျက်ရှိပါသည်။ အဆိုပါ သုံးစွဲရသည့် စက်သုံးဆီတိုးငွေများအား မည်သူ့ထံကမှ ရရှိခြင်းမရှိဘဲ မိမိတို့ အစီ အစဉ်ဖြင့်သာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရှိခဲ့ရပါသည်။ တိုင်းဒေသကြီး/ပြည် နယ်များရှိ တပ်ဖွဲ့ဝင်များသည်လည်း အလားတူပင်ဖြစ်ကြောင်း
မန္တလေးမြို့၌ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သူများကို ဖမ်းဆီး
တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ ပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီး စစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေအိမ်၌ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၄ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍
မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ပါနဲ့ ~ ဟီလာရီကလင်တန်
မြောက်ကိုရီးယားအစိုးရကဖွင့်ထားတယ်လို့ ယူဆရတဲ့ ရန်ကုန်က စားသောက်ဆိုင်တခု
 မြန်မာပြည်ရဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့  တိုင်းရင်းသားရေးရာ ပြဿနာများအတွက် အကူအညီတွေ၊ လူသားချင်းစာနာမှုအထောက်အပံ့တွေ ပေးမယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကမ်းလှမ်းလိုက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာဆက်နွယ်မှုမှန်သမျှကို ဖြတ်တောက်ပစ်ရမယ်လို့လည်း ပြောလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြား မည် တိုက်ရိုက် ထုတ်လွှင့်မှု လင့်ခ်ကို ဘယ်မှာကြည့်မှာလဲ
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ၊နယူးယောက်မြို့တွင်ကျင်းပလျှက်ရှိသည့် ၆၇ကြိမ်မြောက်ကုလ
သမဂ္ဂအထွေထွေညီလာခံ၌ ယနေ့ (စက်တင်ဘာလ ၂၇ရက်) နံနက် ၁၀နာရီ ၁၅မိနစ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မြန်မာစံတော်ချိန်နှင့်ဆိုလျှင် ည ၈နာရီ ၄၅ မိနစ်တွင်ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။
ဒီမှာကြည့်ပါ
မြန်မာနိုင်ငံက ယမကာ လုလင်များအတွက် ၀မ်းမြောက်စရာ
မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့MrJOgenBRasmussenဦးဆောင်တဲ့အဖွဲ့နဲ့ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့ကဘီယာစက်ရုံတည်ဆောက်ရေးအတွက်ဆွေးနွေးခဲ့ကြတဲ့အကြောင်းယနေ့ထုတ်ကြေးမုံသတင်း
စာထဲမှာတွေ့လိုက်ရတာပါ။တချိန်ကတော့မြန်မာနိုင်ငံမှာဘီယာစက်ရုံတချို့ရှိခဲ့ဖူးပါတယ်။မြန်မာဘီယာတွေထဲမှာမြန်မာဘီယာ၊မန္တလေး
ဘီယာစတဲ့တံဆိပ်တွေနဲ့ဘီယာတွေကတော့ပြည်တွင်းသာမကအရှေ့တောင်အာရှနိုင်ငံတွေထိ ထိုးဖောက်
လာ နိုင်ခဲ့ပါတယ်။ 
စင်္ကာပူနိုင်ငံကှဒ်ါဝင်းဝင်းနုဦးစီးလုပ်ဆောင်ခဲ့တဲ့ပုဂ္ဂလိကပိုင်မန္တလေးဘီယာစက်ရုံကတော့ပိုပြီးနာမည်ကြီး
စားခဲ့ပါတယ်။ 
Related Posts Plugin for WordPress, Blogger...