ဧဒင်အချစ်ပုံပြင်: အာဖဂန်အမျိုးသမီး အသေခံဗုံးခွဲ၍ (၁၂)ဦးသေ

Friday, 21 September 2012

အာဖဂန်အမျိုးသမီး အသေခံဗုံးခွဲ၍ (၁၂)ဦးသေ

 Photo – AFP
အစ္စလာမ်ဆန့်ကျင်ရေး အမေရိကန် ရုပ်ရှင်ကားကို လက် တုံ့ပြန် သည့်အနေဖြင့် စက်တင်ဘာလ ၁၈ ရက် နေ့တွင် ကဘူးလ်မြို့ ၌ အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့ရာ လူ ၁၂ ဦးသေဆုံး ခဲ့သည်ဟု သိရသည်။
ကဘူးလ်လေဆိပ်သို့သွားသော အဝေးပြေးလမ်းမပေါ် မင်္ဂလာဧည့်ခံပွဲ ခန်းမတစ်ခုအနီး ရပ်ထားသော ကားပေါ်မှ အမျိုးသမီးက မိမိ၏ကား ကို ဖောက်ခွဲ၍ အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသား အလုပ်သမားများ တင်ဆောင်လာသော ကားအရောက် တွင် ထိုသို့ဗုံးခွဲခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ၁၂ ယောက်ထဲတွင် နိုင်ငံ ခြားသား ကိုးဦးပါဝင်သည်ဟု သိရသည်။
လမ်းဘေးမှ ဖြတ်သန်းသွားသော တခြားကားတစ်စီးလည်း မီးလောင်သွား ကြောင်း သိရသည်။
၎င်းကို အာဖဂန်နစ္စတန်ရှိ အမေရိ ကန်ဦးဆောင်သော တပ်များနှင့် အာဖဂန်အစိုးရကို ၁၀ နှစ်ကြာ တိုက်ခိုက်နေသော ဒုတိယအကြီး ဆုံး သောင်းကျန်းသူအုပ်စုဖြစ်သည့် Hezb-i- Islam က ၎င်းတို့၏ လက်ချက်ဖြစ် သည်ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...