ဧဒင်အချစ်ပုံပြင်: တင်ချင်းဆက်အမြွှာကို မြန်မာနိုင်ငံတွင် ပထမဆုံးခွဲစိတ်မည်

Friday, 21 September 2012

တင်ချင်းဆက်အမြွှာကို မြန်မာနိုင်ငံတွင် ပထမဆုံးခွဲစိတ်မည်

 Photo – Myanmartimes
၂၀၁၁ ခုနှစ်၊ မေလအတွင်းက တင်ချင်းဆက်လျက် မွေးဖွား လာခဲ့သော အမြွှာကလေးငယ်နှစ်ဦးကို လာမည့် နိုဝင်ဘာလ တတိယ ပတ်အတွင်း မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် မြန်မာနိုင်ငံ၌ ပထမဆုံး တင်ချင်းဆက်ခွဲစိတ်မှုအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးနှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရပြီး ယခုအခါ အဆိုပါဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်တွင် စောင့်ရှောက် ထားရှိထားသည်။
ကလေးမိဘများက မင်းကွန်း ကျေးရွာအုပ်စုရှိ ထုံးဘိုကျေးရွာမှဖြစ် ကြောင်း ဆေးရုံအုပ် ဒေါက်တာမြတ်စိုး က ပြောပြီး ယခုအခါ မိဘများမှ တစ်လ လျှင် တစ်ကြိမ်ခန့် ကလေးများကို လာရောက်တွေ့ဆုံကြောင်း သိရသည်။

တင်ချင်းဆက်လျက် မွေးဖွား လာခဲ့သော အမြွှာကလေးငယ်နှစ်ဦးကို အေးသုခဆေးရုံတွင် မွေးဖွား ပြီးနောက် ကလေးဆေးရုံကြီးသို့ ပြောင်း ရွှေ့လာခဲ့ခြင်းဖြစ်ကာ အောင်မြတ်ကျော် နှင့် အောင်ခန့်ကျော်ဟု အမည်ပေးထားသည်။
ယခုအခါ ကလေးငယ်များကို နိုင်ငံတော်က ပံ့ပိုးစောင့်ရှောက်ထားသည့် အပြင် စေတနာရှင်များကလည်း ကလေး ဆေးရုံကြီး ဖုန်း ၀၂-၂၄၉၁၇၊ ၂၄၉၁၈ တို့ သို့ ဆက်သွယ်ပြီး ထောက်ပံ့လှူဒါန်း နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...