ဧဒင်အချစ်ပုံပြင်: ဒရိုင်ဘာလိုင်စင်အတွက် ဓာတ်ပုံရိုက်စဉ် ဟက်ဟက်ပက်ပက်ပြုံးနေခြင်းကို နယူးဂျာစီပြည်နယ်တွင်ပိတ်ပင်

Saturday, 22 September 2012

ဒရိုင်ဘာလိုင်စင်အတွက် ဓာတ်ပုံရိုက်စဉ် ဟက်ဟက်ပက်ပက်ပြုံးနေခြင်းကို နယူးဂျာစီပြည်နယ်တွင်ပိတ်ပင်




အမေရိကန်နိုင်ငံတွင် ဒရိုင်ဘာလိုင်စင်အတွက် ဓာတ်ပုံရိုက်သည့်အခါ  ပြုံးပြီးဓာတ်ပုံအရိုက်ခံသူ အများအပြားရှိသည်။
သို့သော်လည်း နယူးဂျာစီပြည်နယ်တွင်မူ ဒရိုင်ဘာလိုင်စင်အတွက် ဓာတ်ပုံရိုက်လျှင် ပြုံးခြင်းမှာ စည်းမျဉ်းစည်းကမ်းတို့နှင့် တရားဝင် ငြိစွန်းနေသည်ဟု  ABC သတင်းဌာနအွန်လိုင်းတွင် ယခုလေးတင် တွေ့ရသော သတင်းတွင် ရေးထားသည်။

နယူးဂျာစီမော်တော်ယာဉ်ကော်မရှင်က ဒရိုင်ဘာများ လိုင်စငင်ဓာတ်ပုံအတွင်း ပြုံးနေခြင်းကို နှိပ်ကွပ်နေရခြင်းမှာ ထိုအပြုံးက ကွန်ပြူတာဖြင့် မျက်နှာသွင်ပြင်စစ်ဆေးသည့်အခါ အနှောက်အယှက် ပြုနေသောကြောင့် ဖြစ်ကြောင်း သိရှိရသည်။


မော်တော်ယာဉ်ကော်မရှင်ပြောခွင့်ရအမျိုးသမီး Elyse Coffey က ပြုံးခြင်းကို ဥပဒေအရ ပိတ်ပင်ခြင်း မရှိကြောင်း၊ သို့သော်လည်း ထီ ဒေါ်လာ ၅ သန်းဖိုး ပေါက်ထားသကဲ့သို့ မပြုံးရန် တောင်းဆိုခြင်းသာဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

ပြည်နယ်အတွင်း ဒရိုင်ဘာလိုင်စင်လုပ်ထားသူ ၁၉ သန်း ရှိကြောင်း၊ ကွန်ပြူတာဖြင့် ထို ၁၉ သန်း၏ မျက်နှာသွင်ပြင်စစ်ဆေးသည့်အခါ တိကျမှန်ကန် အဆင်ပြေရေးအတွက်ဖြစ်ကြောင်း ပြောသည်။

@moemaka

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...