ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံ မဟာချိုင်ဘုန်းကြီးကျောင်းမှာ မြန်မာ ကလေးတွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ နေမင်း

Friday 12 October 2012

ထိုင်းနိုင်ငံ မဟာချိုင်ဘုန်းကြီးကျောင်းမှာ မြန်မာ ကလေးတွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ နေမင်း

နေမင်းက စက်တင်ဘာလ ၃ဝရက်နေ့ မှာတော့ မိခင်ဖြစ်သူကို
သွားကြိုဖို့အတွက် ဘန်ကောက် ကို ထွက်ခွာ သွားခဲ့ပြီး အောက်တိုဘာလ ၄ရက် နေ့မှာ မြန်မာနိုင်ငံ ကို မိခင်နဲ့အတူ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဇာတ်လမ်းတွေ ရိုက်ကူးနေပါတယ်။ နေမင်းက မိခင်ဖြစ်သူကို ဘန်ကောက် မှာ သွားကြို ရင်း နဲ့ ဘန်ကောက်မှာ ရှိတဲ့ မဟာချိုင်၊ အယုဒ္ဓယက မြန်မာတွေ အလုပ် လုပ်တဲ့ စက်ရုံ ကိုလည်း သွားရောက် လေ့လာ ဖြစ်ခဲ့ တယ်လို့ ပြော တဲ့ နေမင်းက “အဓိကကတော့ မေမေနဲ့၊ ကြီးမေတို့ ဆေးခန်းပြ တာကို သွား ကြိုဖြစ်တယ်။ ဟိုရောက်တော့ ကျွန်တော် ရဲ့အကျင့်က ကလေးတွေ ရှိ တဲ့ နေရာမျိုး ဆိုရင် သွားချင် လာချင်တဲ့ စိတ်ရှိတယ်။ မဟာချိုင် လို နေရာမျိုး ဆိုရင်လည်း အမျိုးတွေ ကလာလည်စေ ချင်တယ် ဆို တာေ ကြာင့် မေမေ နဲ့ သွားဖြစ်တယ်။

အဲဒီကိုရောက်တော့ ကျွန်တော် မထင်ထားတဲ့ မြန်မာနိုင်ငံက နေလာရောက် အ လုပ်လုပ်နေကြတဲ့ သူတို့ရဲ့ သား သမီးလေးတွေ စာသင်နေကြတဲ့ ဘုန်းကြီး ကျောင်း၊ သူတို့ အပြော အ ရတော့
ရှမ်းမွန်ကျောင်းလို့ လည်းပြောတယ်။ ဗမာ ဘုန်းကြီး တွေလည်း ရှိတယ်။ မြန်မာတော်တော်များများ လည်း အဲဒီ ဘုန်းကြီး ကျောင်းကို ကိုး ကွယ် ကြတယ်။ ပွဲတွေ ဘာတွေလည်း လုပ်ကြတယ်။ အဲဒီ ကျောင်းမှာ ယိုးဒယား က ဆရာ၊ ဆရာမတွေက စာသင်ပေး တယ်။ မြန်မာနိုင်ငံက လာပြီး အလုပ်လုပ်နေ သူတွေရဲ့ ကလေးလေးတွေ ကို စာသင်ပေး တဲ့ေ ကျာင်းဖြစ်ပြီး အကုန်လုံးကို လည်း အခမဲ့ သင်ကြား ပေး တယ်။ အဲဒီကို အဓိက သွားပြီး လေ့လာဖြစ်တယ်” လို့ ပြောပါတယ်။ နေမင်းက မဟာချိုင် မှာ ဘုန်းကြီးတွေကို ဆွမ်းကပ်ဖြစ်ခဲ့ပြီး ဝတ္ထုငွေလည်း လှူဖြစ် ခဲ့ကြော င်း နေမင်း က ပြောပါတယ်။
လွင်လွင်ထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...