ဧဒင်အချစ်ပုံပြင်: “ချဲထီလောင်းကစားသည်ဟုဆိုကာ တရားဝင်အလုပ်သမ နှစ်ဦးအား မဟာချိုင်ပုလိပ်ဖမ်းဆီး”

Friday 25 January 2013

“ချဲထီလောင်းကစားသည်ဟုဆိုကာ တရားဝင်အလုပ်သမ နှစ်ဦးအား မဟာချိုင်ပုလိပ်ဖမ်းဆီး”


၂၀၁၃ ဇန်န၀ါရီလ၂၅
မြတ်ညို(အလွတ်သတင်းထောက်)
     ဘန်ကောက်မြို့အနီး မဟာချိုင် နီခွန် အရပ်တွင် ရှိသော KIBUN (THAILAND) Co.Ltd မုန့်အလုပ်ရုံ မှ အလုပ်သမ နှစ်ဦးတို့ နေ့လည်ဘက် အိပ်မောကျ   နေစဉ်ချဲထီလောင်းကစားသည်ဟုဆိုကာ  ပုလိပ်များက ဖမ်းဆီးချုပ်နှောင်းထားသည်ကို ပူးပေါင်း အဖွဲ့တို့ အချိန်မီ ကူညီကယ်ထုတ်နိုင်ခဲ့သည်။
MOU  ပတ်စပို့နှင့် work permit အပြည့်အစုံဖြင့် မုန့်အလုပ်ရုံတွင် ညဘက် အလုပ်လုပ်ရသဖြင့် နေလည် ဘက် အိပ်မောကျနေကြသည့် ရခိုင်အလုပ်သမ  မဦးလှသိန်းနှင့် မသိန်းသိန်းနုတို့ နှစ်ဦးအား နယ်မြေ ပုလိပ်၂ဦး အခန်းတွင်သို့ ၀င်ရောက်လာပြီး ချဲစာရွက်တွေ့ သည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း
ဖြစ်သည်။
      ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ,ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး
ဖေါင်ဒေးရှင်းFED  နှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကူညီခဲ့ကြခြင်း
 ဖြစ်သည်။
 MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က“ ကျနော်တို့ FED ကရှေ့နေနဲ့ တိုင်ပင်ပြီးပြီ၊ မဟာချိုင်မှာဒီလို
မတရားမှုတွေက နေ့တိုင်းဖြစ်နေတာ။ ဒီမတရားမှုကို  ဥပဒေဘောင်အတွင်းကရင်ဆိုင်ဖြေရှင်းဖို့ပြင်ဆင်နေ
ကြတုန်း၊ မဦးလှသိန်း ဆိုတဲ့ မိန်းကလေးကို သူ့အစ်မက ဘတ်ငွေ ၄၀၀၀ နဲ့ လာထုတ်ထားသွားတယ်။
အခြေအနေပြောင်းလဲလာနိုင်တာကြောင့် မဟာချိုင် ၄ထပ်အချုပ်ခန်းက ပုလိပ်ကို ဖုန်းဆက်လိုက်တယ်။
ကျနော်တို့လာခဲ့မယ်ဆိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ပိုက်ဆံမပေးခဲ့ရဘူး” ဟုပြောသည်။
         မဟာချိုင်နယ်မြေအတွင်းရှိ ထိုင်းပုလိပ်များမှာနေ့စဉ်  မြန်မာအလုပ်သမားများအားနည်းအမျိုးမျိုးဖြင့် ဖမ်းဆီးငွေကြေးတောင်းခံခြင်းများပြုလေ့ရှိသဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ အကူညီတောင်းခံ သူဖြစ်သော မသိန်းသိန်းနု ၏ ဦးလေး  ကိုမင်းဇေါ် က “ ကျနော် မဟာချိုင်က အင်ဂျီအိုနဲ့ အလုပ်သမား ရေးလုပ်ပါတယ်ဆိုတဲ့ ------အဖွဲ့ကို  အကူညီတောင်းပါတယ်။ အကူညီမရခဲ့ပါဘူး။ MAT အဖွဲ့က တကယ်ပဲ ထိထိရောက်ရောက် ကူညီပေးခဲ့တယ်၊ သူတို့တွေ ပင်ပန်းခံခဲ့လို့ လွတ်မြောက်လာ တာပါ”ဟုပြောသည်။

   ပြန်လွတ်မြောက်လာသည့် မသိန်းသိန်းနု က “ သမီးတို့ MOU ရှယ်ပတ်စပို့အတွက် အလုပ်ရုံမှာ
ဘတ်ငွေ ၂၀၃၅၀ ဖြတ်တောက်ခံခဲ့ရတယ်။ တစ်လကို ဘတ်ငွေ ၄၀၀၀ စီဖြတ်တယ်။ ဒါ့အပြင်လစဉ်ရတဲ့ငွေက၃ရာခိုင်နုန်းစီလည်း   ဖြတ် တောက်ခံနေရပါတယ်။ သမီး၉လရှပြီလုပ်နေတာ။  ဒီ ၃ရာခိုင်နုန်းက တော့  MOU စာချုပ် ၂နှစ်ပြည့်တဲ့အချိန်အထိ ကျမတို့ လုပ်နေသမျှ ဖြတ်တောက်ခံနေရမှာဖြစ်ပါတယ်။ ပုလိပ်ဖမ်းတော့လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ရွေးရ တယ်။ ကျမ ဆိုရင် MAT အဖွဲ့ ကူညီခဲ့လို့ ပိုက်ဆံမပေးရတာပါ။ ကျမတို့အတွက် လုံခြုံမှုမရှိဘူး။  ကူညီကြသူတွေကို ကျေးဇူးအလွန်ပဲ တင်ပါတယ်” ဟုပြောသည်။
မဟာချိုင်ပုလိပ်များသည်  ပတ်စပို့နှင့် work permit ရှိသည့် မြန်မာအလုပ်သမားများအားအခြားအကြောင်း အမျိုးမျိုးပြ၍ ငွေကြေးတောင်းခံလေ့ရှိသည်။ လေးထပ်ပုလိပ်ရုံးအောက်တွင် အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီး လာခဲ့သည့် မြန်မာအလုပ်သမာများအား မွန်နှင့်မွတ်ဆလင် ဘာသာပြန်တို့အား မဟာချိုင်ပုလိပ်များကငွေ
တောင်းခိုင်းလေ့ရှိသည်။
by- goldenworkers

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...