ဧဒင်အချစ်ပုံပြင်: လယ်မြေအတွင်း နေအိမ်အတွက်မြေယာအပြိုင်ယူု

Thursday 31 January 2013

လယ်မြေအတွင်း နေအိမ်အတွက်မြေယာအပြိုင်ယူု

Photo: လယ်မြေအတွင်း နေအိမ်အတွက်မြေယာအပြိုင်ယူု
Friday, February 01, 2013

လှိုင်သာယာ၊ ဇန်နဝါရီ၊ ၃၁။ ယနေ့ည(၇)နာရီ အချိန်တွင်လှိုင်သာယာမြို့နယ်၊
အဆင့်မြင့်(၅)ရပ်ကွက်အနီး၊ ရပ်ကွက်ကြီး(၃)အတွင်းရှိ ပီမိုးနင်းလမ်းမ
ဘေးတွင်ရှိသော လယ်မြေအတွင်း ဒေသခံများမှ နေအိမ်အတွက်မြေယာများ အပြိုင်ယူဆောက်လျက်ရှိကြောင်း အိမ်ယာကွက်ရ၍ နေအိမ်ဆောက်လုပ်
နေသူများကပြောကြားသည်။

မည်သူ၏အမိန့်ဖြင့် ဆောက်လုပ်ကြကြောင်း မသိရသော်လည်း ယနေ့ညနေ(၇) နာရီခန့် အချိန်တွင် ရပ်ကွက်အသီးသီးမှ လူစုလူဝေးများရောက်ရှိလာကာ အိမ်ရာကွက်များလု၍
ဆောက်လုပ်နေကြသည်ကို မြင်တွေ့ရကြောင်း ၎င်းလယ်မြေအနီးတွင် နေထိုင်သော ဗ.က.သ မှ ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

ယခုအချိန်ထိ ထိုမြေတွင် လယ်လုပ်ကိုင်လျက်ရှိသော ကိုထွန်းထွန်းဝင်းက ''ကျွန်တော်တို့ လယ်လုပ်လာတာ ဒီနေ ထိလုပ်နေတုန်းပါပဲ။ ဘိုးဘွားပိုင်လယ်မြေတွေပါ။ လုပ်စားလာတာ နှစ်ပေါင်း(၆၀)ကျော်
လောက်ရှိသွားပါပြီ” ဟုပြောကြားသည်။

ထိုလယ်မြေသည် လက်ရှိတွင် စတားလိုက် ကုမ္မဏီနှင့် လယ်သမားတို့ ပိုင်ဆိုင်မှု အငြင်းပွားလျပ်ရှိကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းလယ်ထဲတွင် ၀ါးရောင်းနေသူ ကိုကျော်ဇင်သိန်း က ''ကျွန်တော်ဒီနားမှာနေပြီး ဝါးရောင်းနေတာကြာပါပြီ။ ဘာမှကို မသိလိုက်ပါဘူး။ ၁၅ရပ်ကွက်ကဝါးဆိုင်က လူတွေရောက်လာဆို ဝါးတွေအဆင်သင့် လာရောင်းသွားတာ" ဟုပြောကြားသည်။
နေအိမ်ဆောက်နေသူ တစ်ဦးက "ကျွန်တော်တို့လည်း ဘာမှမသိပါဘူး သူများတွေ ဝင်ဆောက်ကြလို့သာ လာပြီး နေရာလာဦးကြတာ" ဟုပြောကြားသည်။

ယခုအိမ်ယာကွက် အပြိုင်ယူနေကြသူများသည် မည်သူ၏အမိန့်ဟု ဂဃနဏမသိကြသော်လည်း ညတွင်းချင်းပင် နေအိမ်များ
ဆောက်လုပ်နေကြပြီဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္မဏီဖက်မှလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သိုက်
The Myanma Ageလှိုင်သာယာ၊ ဇန်နဝါရီ၊ ၃၁။ ယနေ့ည(၇)နာရီ အချိန်တွင်လှိုင်သာယာမြို့နယ်၊

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...