ဧဒင်အချစ်ပုံပြင်: အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ

Thursday 31 January 2013

အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ


Photo: အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ
Friday, February 01, 2013

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ
ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ
ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...