ဧဒင်အချစ်ပုံပြင်: ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေတွင် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေရှိ ဝေလငါးသေတစ်ကောင်ကို တွေ့ရှိ

Wednesday 30 January 2013

ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေတွင် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေရှိ ဝေလငါးသေတစ်ကောင်ကို တွေ့ရှိ

Photo: ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေတွင် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေရှိ ဝေလငါးသေတစ်ကောင်ကို တွေ့ရှိ 
Wednesday, 30 January 2013

ချောင်းသာကမ်းခြေ မြောက်ဘက် ရွှေသောင်ယံမြို့နယ်ခွဲ မကျီးစဉ်
ကျေးရွာကမ်းခြေတွင် ဝေလငါးသေတစ်ကောင်အား ဇန်န၀ါရီလ ၂၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဝေလငါးသည် ပင်လယ်တွင်း သေဆုံးကာ ပင်လယ်ရေနှင့် အတူ မျောပါလာခဲ့ခြင်းဖြစ်ပြီး မကျီးစဉ် ကျေးရွာနှင့် ဂျိုင်လယ်ကျေးရွာ
အနီး၊ ဘုရားတောင်နှင့် ကျောက်မောင်နှမကြားရှိ ကျောက်ဖျာပေါ်တွင် တင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

ဝေလငါးသည် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေ ၊အောက်မေးရိုး ကိုးပေ၊ရှေ့ရေယက် သုံးပေနှင့် အမြီးတစ်ခြမ်းလျင် လေးပေခွဲခန့်ရှိပြီး၊
ဝေလငါးအပြာအုပ်စုမှ ငါးအထီး ဖြစ်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဆိုသည်။ 

''၁၉၇၈ ခုနှစ်လောက်တုန်းက ပေ ၂၀ အရှည်လောက်ရှိတဲ့ ငါးတစ်ကောင်ကို မကျီးစဉ်အုပ်စု ကုလားချောင်းရွာနားက ဆင်သေချိုင် သောင်ပြင်မှာ တစ်ခါတွေ့ရဖူးတယ်။ ခါးစစ်ရိုးအ၀က ငါးလက်မလောက်ရှိမှာပေါ့။ ဒီလိုပဲ ပင်လယ်ထဲမှာသေတဲ့ သတ္တ၀ါတော်တော်များများ လှိုင်းလေနဲ့အတူ ကမ်းခြေကို ပါလာတတ် 
တာ သဘာဝပါပဲ''လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဦးမြင့်အောင်က ပြောပြသည်။

လွန်ခဲ့သည်နှစ်က ရွှေသောင်ယံဒေသတွင် ရေ၀က်ခေါ် ၀က်နှင့်တူသော ငါးတစ်ကောင်အား မှိန်းဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ငါးသည် ပိဿာချိန် ၃၆၀ ခန့်ရှိပြီး၊ ရှားပါငါးဖြစ်၍ ငါးလုပ်ငန်းသို့ လွဲပြောင်းပေး
ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ပုပ်ပွနေသော ဝေလငါးအသေအား
မြေမြှုပ်ပစ်ရန် စီစဉ်ထားသော်လည်း ကျောက်ဖျာပေါ်တွင်ရှိ၍ သယ်ယူရန်ခက်ခဲသဖြင့် ခွေးအပါအ၀င် တိရစ္ဆာန်များ မဖျက်ဆီးစေရန် ပိုက်များဖြင့် မူလနေရာမှာပင် ကာရန်ထားပြီး၊ ရက် ၃၀ အကြာတွင် အရိုးခြစ်ယူခြင်းဖြင့် ထိန်းသိမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။
ယင်းဝေလငါးအသေအား မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ
ကျောင်းသား၊ ကျောင်းသူများမှလာရောက်သုတေသနပြု လေ့လာ
သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Eleven Media Groupချောင်းသာကမ်းခြေ မြောက်ဘက် ရွှေသောင်ယံမြို့နယ်ခွဲ မကျီးစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...