ဧဒင်အချစ်ပုံပြင်: လူတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံး

Thursday 17 January 2013

လူတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံး

၁၆-၁-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်မြစ်အတွင်း ရေကြောင်းလှည့်ကင်းဆောင်ရွက်စဉ် အမှတ်(၂)အထပ်သားစက်ရုံ ကျောက်ဗောတံတားမှ လူတစ်ဦး ရေထဲပြုတ်ကျ၍ပျောက်ဆုံးနေကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းရာ ၀၆၀၀ အချိန် ကျောက်ဗောတံတားတွင်ဆိုက်ကပ်ထားသော Myo Myat Mg ကုန်တင်စက်လှေမှ လှေသား ပုသိမ်မြို့နယ်၊ ၀ါးယားချောင်းကျေးရွာနေ ဦးကိုညွန့်(၃၈)နှစ်သည် တူဖြစ်သူ ပုသိမ်မြို့နယ်၊
ရွာသစ်ကျေးရွာနေ စက်ဆရာ ဇေမင်းထွန်း(၂၀)နှစ်၊ သာပေါင်းမြို့နယ်၊ ကွမ်းသီးခြံကျေးရွာနေ စက်ဆရာ သက်ကိုဖြိုး(၁၉)နှစ်တို့နှင့်အတူ သီရိမင်္ဂလာဈေးရှိ နန်းတော်ဝင် စားသောက်ဆိုင်တွင် အရက်သောက်စားခဲ့ပြီး ဆိပ်ကမ်းသို့ပြန်လာကာ Myo Myat Mg စက်လှေပေါ်သို့ဆင်းစဉ် အရက်မူးလွန်၍ ခြေချော်ပြီး ရေထဲပြုတ်ကျပျောက်ဆုံးနေသောကြောင့် ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...