ဧဒင်အချစ်ပုံပြင်: ရွှေပြည်နန်း သနပ်ခါးဗူးအတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Thursday 17 January 2013

ရွှေပြည်နန်း သနပ်ခါးဗူးအတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၁၅-၁-၂၀၁၃ ရက်နေ့ ၂၃၁၅ အချိန် ဒဂုံမြောက်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မူးယစ် (အနောက်)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဒဂုံမြောက်မြို့နယ်၊ (၃၉)ရပ်ကွက်ရှိ ကိုစိုင်း(ခ)စံမြင့်နိုင်(၄၈)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအ၀င်တံခါးမကြီးအနီး၊ နေအိမ်အောက်မြေကြီးပေါ်မှ ရွှေပြည်နန်းသနပ်ခါးဗူးအတွင်း အနက်ရောင်တိတ်ဖြင့်ပတ်လျက် ဂျာနယ်စက်္ကူပိုင်းဖြင့်ထုပ်ထားသည့် အပြာရောင် ပလပ်စတစ်အိတ်ငယ် ကပ်ခွာဖြင့်ထည့်ထားသျေွှာ့
စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၈၇)ပြားပါ (၁)ထုပ်၊ အလေးချိန်(၁၈.၇)ဂရမ်၊ တန်ဘိုးငွေကျပ်(၉၃၅၀၀၀ိ/-)၊ ၀၉xxxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကိုစိုင်း(ခ)စံမြင့်နိုင်(၄၈)နှစ်အား ဒဂုံမြောက်ရဲစခန်း မယ(ပ)၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...