၁-၁-၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘူတာမှတ်တိုင်အလွန်၊
အင်းစိန်လမ်းအတိုင်း တောင်မှမြောက်သို့ မင်္ဂလာဒုံမြို့နယ်၊ (၁၀)ရပ်ကွက်နေ
မျိုးမင်းစိုး(ခ)ချမ်းမင်းအောင် (၂၇)နှစ် မောင်းနှင်လာသည့် ၆ခ/xxxx ကိုယ်ပိုင်ယာဉ်သည် အနောက်မှအရှေ့သို့ လမ်းဖြတ်ကူးသူ လှိုင်မြို့နယ်၊
(၁၃)ရပ်ကွက်နေ သန်းထွန်းအောင်(၁၇)နှစ်အား ၀င်ရောက်တိုက်မိခဲ့သည်။
ထိုသို့တိုက်မိပြီး မောင်းနှင်ထွက်ပြေးစဉ် ပါရမီလမ်းဆုံမီးပွိုင့်အရောက်၌
မီးနီ၍ရပ်ထားသည့် ဒဂုံမြောက်မြို့နယ်၊ (၄၂) ရပ်ကွက်နေ
ကိုဝင်းမင်းထွန်း(၃၅)နှစ်မောင်းနှင်သော
ကက/xxxx အငှားယာဉ်အား ထပ်မံတိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးစလုံး
ပျက်စီးသွားသည့်အပြင် လမ်းဖြတ်ကူးသူ သန်းထွန်းအောင်၏ ခြေထောက်နှင့်လက်
တို့တွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့
တင်ပို့ကုသခဲ့ရသည်။
သို့ဖြစ်၍ ယာဉ်အားမဆင်မခြင်မောင်းသူ
မျိုးမင်းစိုး(ခ) ချမ်းမင်းအောင်အား လှိုင်ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ
၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်
No comments:
Post a Comment