ဧဒင်အချစ်ပုံပြင်: မုံးကိုးမြို့အဝင် တံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား (14 photos)

Wednesday 27 February 2013

မုံးကိုးမြို့အဝင် တံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား (14 photos)

Photo၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် မုံးကိုးမြို့ အနောက်ဘက် မြို့ဝင် တံတား အနီးရှိ အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမှိုက်ပုံအနီး ချောင်းအတွင်း ငါးဖမ်း ဆော့ကစား နေသော မုံးကိုးမြို့ အမှတ် ၂ ရပ်ကွက်နေ မောင်မာထက်ချို (၁၁)နှစ်၊ မောင်ဖာန်ကျုံး (၁၁)နှစ်၊ အမှတ် ၁ ရပ်ကွက်နေ မောင်ရန်ပိန်းကွတ် (၁၃) နှစ်၊ မောင်ရန်ပိန်းခမ်း (၁၁) နှစ် ၊ မောင်ယောက်ကျုံးချိန် (၁၃)နှစ် နှင့် မောင်ရှိကျားကျင် (၁၁) နှစ်တို့ ၆ ဦး ဒဏ်ရာ အသီးသီး ရရှိကြသည်။ အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်၍ နယ်မြေရှင်း လင်းဆောင်ရွက်ခဲ့ရာ ဗုံးပေါက်ကွဲသည့် နေရာ၏ မြောက်ဘက် မီတာ ၅၀ ခန့် အကွာတွင် အသင့် တပ်ဆင်ထားသည့် ရှေ့ထွက်မိုင်း တစ်လုံး ထပ်မံ တွေ့ရှိခဲ့သဖြင့် ၎င်းနေရာ၌ အန္တရာယ်ကင်းစွာ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ထိုခိုက်ဒဏ် ရာရှိကြသူများကို နယ်မြေခံ စစ်ကြောင်းမှ မုံးကိုးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...