ဧဒင်အချစ်ပုံပြင်: သင်္ကြန်မိုး အဖွဲ့သားများ တန်ခူးရင်ခွင်မှာ ပြန်ဆုံပြီ (4 photos)

Wednesday 27 February 2013

သင်္ကြန်မိုး အဖွဲ့သားများ တန်ခူးရင်ခွင်မှာ ပြန်ဆုံပြီ (4 photos)


သင်္ကြန် နားလည်း နီးလာပြီဖြစ်တာကြောင့် အနုပညာရှင်တွေက သင်္ကြန် မတိုင်ခင် သင်္ကြန် ဇာတ်ကားတွေကို ကြိုတင် ရိုက်ကူးကြရပါတယ်။ သင်္ကြန် ဆိုတာ နဲ့ ‘သင်္ကြန်မိုး’ဇာတ်ကားကို ပရိသတ်တွေမြင်ယောင်မိကြမှာပါ။

ဒီတစ်ပတ်မှာတော့ သင်္ကြန်ဇာတ်ကား ရိုက်ကွင်း တည်ရှိရာ သာကေတမြခွာညို အိမ်ရာ ကို ရောက်တယ် ဆိုရင်ပဲ ထူးထူးခြားခြား ‘သင်္ကြန်မိုး’ ဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ဇင်ဝိုင်း ၊မေရွက်ဝါ၊ မေသန်းနု တို့နဲ့ ဒါရိုက်တာ ဦးတင်ဦးက’တန်ခူးရင်ခွင်’ ဆိုတဲ့ သင်္ကြန် ဇာတ်ကား ရိုက်ကွင်းဖြစ်နေပါတယ်။ ဒီဇာတ်ကားမှာတော့ လူငယ် သရုပ်ဆောင်တွေ ဖြစ်တဲ့ ရဲတိုက်၊ ရွှေ သမီးတို့လည်း ပါဝင်ပါတယ်။ တွဲဖက် ဒါရိုက်တာကတော့ ဒါရိုက်တာရီဇော်ပဲဖြစ်ပါတယ်။

သင်္ကြန် ဇာတ်ကားလေးဖြစ်တာကြောင့် သင်္ကြန်နဲ့ ခွဲမရတဲ့ ပိတောက်ပန်းတွေ နဲ့မဏ္ဍာပ်၊ မုန့်လုံးရေပေါ် တွေကိုလည်း ပါဝင်အောင် ရိုက်ကူးနေတာကိုလည်း တွေ့ရသလို သင်္ကြန် မဏ္ဍာပ်ဆောက်ဖို့ အတွက် Graffitia ရေးဆွဲနေတာလည်း တွေ့ရပါတယ်။

‘သင်္ကြန်မိုး’ဇာတ်ကားကို ပရိသတ်တွေ ရင်ထဲစွဲ အောင်ရိုက်ခဲ့တဲ့ ဒါရိုက်တာ ဦးတင်ဦးက တန်ခူးရင်ခွင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ‘ဒီဇာတ်ကား ရိုက်ဖြစ်တာ ကိုရီဇော်ကို ချစ်လို့ ရိုက်ဖြစ် တာပါ။ သင်္ကြန်တွင်းမှာ မိသားစုတွေ နားနေပွဲလေး တစ်ခုလုပ်ပြီး သင်္ကြန်ပွဲ ကျင်းပ တာဖြစ် သင့်တယ်။ ကိုယ့် မိသားစု မျက်စိအောက်က မကွာလည်းဖြစ်စေတယ် ဆိုတဲ့ နည်း စနစ် တစ်ခု အနေနဲ့ပဲ မက်ဆေ့ခ်ျ ပေးတဲ့ သဘောပါ၊ ဒါက လက်ခံ တာ လက်မခံတာ ရပါတယ်။ ဒီ လိုလေးလုပ်ရင် ပို ကောင်းမလား ဆိုတာ စိတ်ကူးပေါက်ပြီး ကိုရီဇော် နဲ့ ရိုက်ကြတာပါ” လို့ပြောပြပါတယ်။

သင်္ကြန်မိုး အဖွဲ့သား တွေ တန်ခူးရင်ခွင် ဇာတ်ကားမှာ ပြန်လည် ဆုံတွေ့ကြတာ ဖြစ်တဲ့ အတွက် သင်္ကြန်မိုး ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းကိုလည်း အားလုံး က လွမ်းဆွတ် သတိရနေခဲ့ကြပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...