ဧဒင်အချစ်ပုံပြင်: "ဖေဖော်ဝါရီ ၁၄ ရက် နေ့မှာ ပရိသတ်တွေ အံ့သြသွားစေမယ့် စိုင်းစိုင်းခမ်းလှိုင် ရဲ့ အစီအစဉ်များ"

Monday, 11 February 2013

"ဖေဖော်ဝါရီ ၁၄ ရက် နေ့မှာ ပရိသတ်တွေ အံ့သြသွားစေမယ့် စိုင်းစိုင်းခမ်းလှိုင် ရဲ့ အစီအစဉ်များ"


Photo: "ဖေဖော်ဝါရီ ၁၄ ရက် နေ့မှာ ပရိသတ်တွေ အံ့သြသွားစေမယ့် စိုင်းစိုင်းခမ်းလှိုင် ရဲ့ အစီအစဉ်များ"
--------------------------------------------------------------

စိုင်းစိုင်းခမ်းလှိုင် က “ဒိတ်ဒိတ်ကြဲ” သီချင်းခွေ အတွက် ဗီစီဒီ ရိုက်ကူး ဖို့လည်း ကြိုး...စားနေပြီး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက်လည်း စီစဉ် ဖြစ်နေကြောင်း ပြောပြ တာကြောင့် မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမှုအကြောင်း ကို စိုင်းစိုင်းခမ်းလှိုင် က..
“ကျွန်တော့်ဆရာ ဦးမီးပွား လုပ်မယ် ဆိုလို့ ကျွန်တော် လက်တွဲပြီး လုပ်မှာပါ။ ရိုက်ဖြစ်မယ်လို့ ထင်ပါတယ်။

အားလုံးပြင်ဆင်ပြီးရင် ပြန်ပြီးကြေညာပေးပါ့မယ်။ ကျွန်တော်တို့ တင်ဆက် တဲ့ အနုပညာ၊ ရုပ်ရှင်၊ ဂီတအရာ အားလုံးက ပလက်ဖောင်း အသစ်တွေ အမြဲတမ်း ထပ်ထပ်ပေါ်လာတယ်။ အဲဒီ ပလက်ဖောင်းတွေနဲ့ သွားနေကြ တာပဲ။ နည်းပညာ အသစ်တွေ ပေါ်လာသလို မားကက် အသစ်တွေ လည်း ပေါ်လာတယ်။ ကျွန်တော်က မားကက် အသစ်၊ ပလက်ဖောင်း အသစ်ကို စွန့်စား လျှောက် လှမ်းရတာကို ဝါသနာ ထုံပါတယ်။ အောင်မြင် ချင် အောင်မြင်မယ်။ အောင်မြင်ချင် မှလည်း အောင်မြင်မယ်။ ဒါပေမဲ့ ပလက်ဖောင်း အသစ် တွေ့ရင် ကျွန်တော် ကတော့ လျှောက်မှာပဲ။ ရိုက်ကူးမယ့် ရက်ကတော့ ဦးမီးပွား နဲ့ လုပ်မှာပါ” လို့ပြောပြပါတယ်။

ဖေဖော်ဝါရီ ၁၄ရက်၊ Valentine’s Day မှာတော့ စိုင်းစိုင်းခမ်းလှိုင် က မျှော်စင်ကျွန်းမှာ ရှိုး ဆိုမှာဖြစ်ပြီး အဲဒီနေ့မှာ ဓာတ်ပုံ စာအုပ်တွေကို ပရိသတ်တွေ အိမ်ကို ပို့ပေးမယ့် အစီအစဉ်လည်း ရှိတယ် လို့ ပြောပြ တာကြောင့် “အခု Valentine’s မှာလည်း Valentine’s အမှတ် တရ ရိုက်ထားတဲ့ ဓာတ်ပုံ စာအုပ်လေးကို ကျွန်တော့် ပရိသတ် တချို့ကို လက်လှမ်းမီသလောက် အမှတ်တရ ပို့ဖို့ စီစဉ်ထားတယ်။ ကျွန်တော့် မှာ Fan Club ရှိတယ်၊ Data Base ရှိတယ်။ “ဒိတ်ဒိတ်ကြဲ” အခွေထဲမှာ ကျွန်တော် ဖောင်ထည့်ထားတယ်။ အဲဒါကိုဖြည့်ပြီး ပို့ထားတဲ့ ပရိသတ်တွေ က ကျွန်တော်နဲ့ ဆက်နွှယ်မှု အမြဲ ရှိနေမှာပါ။ ကျွန်တော်က မနှစ်ကလည်း ပရိသတ်တွေ ကို ချောကလက် ကျွေးတယ်။ ကျွန်တော်က အမြဲတမ်းတော့ မဟုတ်ပေမယ့် ကြုံရင် ကြုံသလို အဆင်ပြေသလို စီစဉ်လိုက်တာပါ။ နောက် ပိုင်းမှာ Fan Club Member Card ပို့ဖို့ အထိ စီစဉ်ထားပါတယ်။ လာမယ့် Valentine’s Day မှာ အားလုံးချစ်သူ၊ ရည်းစားတွေ အဆင်ပြေ၊ ငြိမ်းချမ်းကြပါစေ။ ကျွန်တော်လည်း အခုငြိမ်းချမ်းနေ တာပဲလေ” လို့ပြောပြပါတယ်။

မေမွန်မောင်
Popular Journalစိုင်းစိုင်းခမ်းလှိုင် က “ဒိတ်ဒိတ်ကြဲ” သီချင်းခွေ အတွက် ဗီစီဒီ ရိုက်ကူး ဖို့လည်း ကြိုး...စားနေပြီး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက်လည်း စီစဉ် ဖြစ်နေကြောင်း ပြောပြ တာကြောင့် မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမှုအကြောင်း ကို စိုင်းစိုင်းခမ်းလှိုင် က..
“ကျွန်တော့်ဆရာ ဦးမီးပွား လုပ်မယ် ဆိုလို့ ကျွန်တော် လက်တွဲပြီး လုပ်မှာပါ။ ရိုက်ဖြစ်မယ်လို့ ထင်ပါတယ်။

အားလုံးပြင်ဆင်ပြီးရင် ပြန်ပြီးကြေညာပေးပါ့မယ်။ ကျွန်တော်တို့ တင်ဆက် တဲ့ အနုပညာ၊ ရုပ်ရှင်၊ ဂီတအရာ အားလုံးက ပလက်ဖောင်း အသစ်တွေ အမြဲတမ်း ထပ်ထပ်ပေါ်လာတယ်။ အဲဒီ ပလက်ဖောင်းတွေနဲ့ သွားနေကြ တာပဲ။ နည်းပညာ အသစ်တွေ ပေါ်လာသလို မားကက် အသစ်တွေ လည်း ပေါ်လာတယ်။ ကျွန်တော်က မားကက် အသစ်၊ ပလက်ဖောင်း အသစ်ကို စွန့်စား လျှောက် လှမ်းရတာကို ဝါသနာ ထုံပါတယ်။ အောင်မြင် ချင် အောင်မြင်မယ်။ အောင်မြင်ချင် မှလည်း အောင်မြင်မယ်။ ဒါပေမဲ့ ပလက်ဖောင်း အသစ် တွေ့ရင် ကျွန်တော် ကတော့ လျှောက်မှာပဲ။ ရိုက်ကူးမယ့် ရက်ကတော့ ဦးမီးပွား နဲ့ လုပ်မှာပါ” လို့ပြောပြပါတယ်။

ဖေဖော်ဝါရီ ၁၄ရက်၊ Valentine’s Day မှာတော့ စိုင်းစိုင်းခမ်းလှိုင် က မျှော်စင်ကျွန်းမှာ ရှိုး ဆိုမှာဖြစ်ပြီး အဲဒီနေ့မှာ ဓာတ်ပုံ စာအုပ်တွေကို ပရိသတ်တွေ အိမ်ကို ပို့ပေးမယ့် အစီအစဉ်လည်း ရှိတယ် လို့ ပြောပြ တာကြောင့် “အခု Valentine’s မှာလည်း Valentine’s အမှတ် တရ ရိုက်ထားတဲ့ ဓာတ်ပုံ စာအုပ်လေးကို ကျွန်တော့် ပရိသတ် တချို့ကို လက်လှမ်းမီသလောက် အမှတ်တရ ပို့ဖို့ စီစဉ်ထားတယ်။ ကျွန်တော့် မှာ Fan Club ရှိတယ်၊ Data Base ရှိတယ်။ “ဒိတ်ဒိတ်ကြဲ” အခွေထဲမှာ ကျွန်တော် ဖောင်ထည့်ထားတယ်။ အဲဒါကိုဖြည့်ပြီး ပို့ထားတဲ့ ပရိသတ်တွေ က ကျွန်တော်နဲ့ ဆက်နွှယ်မှု အမြဲ ရှိနေမှာပါ။ ကျွန်တော်က မနှစ်ကလည်း ပရိသတ်တွေ ကို ချောကလက် ကျွေးတယ်။ ကျွန်တော်က အမြဲတမ်းတော့ မဟုတ်ပေမယ့် ကြုံရင် ကြုံသလို အဆင်ပြေသလို စီစဉ်လိုက်တာပါ။ နောက် ပိုင်းမှာ Fan Club Member Card ပို့ဖို့ အထိ စီစဉ်ထားပါတယ်။ လာမယ့် Valentine’s Day မှာ အားလုံးချစ်သူ၊ ရည်းစားတွေ အဆင်ပြေ၊ ငြိမ်းချမ်းကြပါစေ။ ကျွန်တော်လည်း အခုငြိမ်းချမ်းနေ တာပဲလေ” လို့ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...