ဧဒင်အချစ်ပုံပြင်: (“မိုးညှင်းမြို့ပြည်သူ့ဆေးရုံ သူနာပြုအပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား တရားရုံးမှပြစ်ဒါဏ်စီရင်မှု နည်းပါးသည့်အပေါ် သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်ကြရ”)

Thursday 28 February 2013

(“မိုးညှင်းမြို့ပြည်သူ့ဆေးရုံ သူနာပြုအပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား တရားရုံးမှပြစ်ဒါဏ်စီရင်မှု နည်းပါးသည့်အပေါ် သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်ကြရ”)


Photo: (“မိုးညှင်းမြို့ပြည်သူ့ဆေးရုံ သူနာပြုအပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား  တရားရုံးမှပြစ်ဒါဏ်စီရင်မှု နည်းပါးသည့်အပေါ် သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်ကြရ”)(ဟာဂျူလီ-ကသာ)
၂၇.၂.၂၀၁၃ရက်နေ့က မိုးညှင်းမြို့နယ်တရားရုံးမှ ပုဒ်မ၄၅၆တရားခံ ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး အောင်မျိုးသူအပေါ် ထောင်ဒါဏ်(၆)လ ချမှတ်ခဲ့ခြင်းအပေါ် မိုးညှင်းပြည်သူ့ဆေးရုံအပျိုဆောင်နေ 
သူနာပြုဆရာမများမှ ကျေနပ်မှုမရှိကြကြောင်းသတင်းရရှိခဲ့သည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ တရားလိုဖြစ်သူ သူနာပြုဆရာမဒေါ်ခင်လှဝေက ယခုလိုပြောကြားခဲ့ပါသည်၊
“ဟုတ်ကဲ့၊အမှုဖြစ်စဉ်ကိုစပြောရမယ်ဆိုရင် ၃၀၊၁၊၁၃ရက်နေ့ ညနေ၆နာရီ၃၀မိနစ်လောက်မှာ အင်္ကျီအဖြူဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ကျွန်မတို့ သူနာပြုအပျိုတွေရေချိုးခန်းကို ချောင်းကြည့်နေတာ သိလိုက်ရပါတယ်၊
ကျွန်မတို့က သူချောင်းကြည့်နေတာ မိသွားတဲ့အတွက် သူထွက်ပြေးသွားလိမ့်မယ်လို့ပဲ ထင်နေခဲ့ကြတာပါ၊အဲဒီလိုနဲ့ ည၈နာရီအချိန် ထမင်းစားနေတုန်း လူရိပ်တစ်ခုတွေ့လိုက်ရတယ်၊ည၈နာရီခွဲ ထမင်းစားသောက်ပြီးလို့ ပြတင်းပေါက်တွေ
လိုက်ပိတ်တဲ့အချိန်မှာ အဲဒီယောက်ျားဟာ အပျိုဆောင်အခန်းထဲက ကုတင်အောက်မှာ ပုန်းနေတာကိုတွေ့လိုက်ရပါတယ်၊ဒီတော့ ကျွန်မတို့ဝိုင်းအော်ကြတော့ ဆေးရုံက လူနာစောင့်တွေ ၀ိုင်းဖမ်းပေးပါတယ်၊ပြိးတော့ ရဲစခန်းကို အပ်လိုက်ကြပါတယ်၊
ရဲစခန်းမှာ အဲဒီလိုအပျိုဆောင်ထဲ အကြံအစီရှိရှိနဲ့ ပုန်းအောင်းနေသူကို စစ်လိုက်တော့ နမ္မား၊နမ့်စလော်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေးအောင်မျိုးသူ(အသက်၂၆နှစ်)ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မြေး မွေးနေ့ပွဲကို လာရင်း
 အခုလိုကြံစီတာဖြစ်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်၊ရဲကလည်း ပုဒ်မ၄၅၆နဲ့ အမှုဖွင့်ပေးမယ်လို့ပြောပါတယ်၊
နောက်နေ့၃၁ရက်နေ့မှာတော့  မြို့နယ်ထွေ/အုပ်ရုံးက ဒုတိယဦးစီးမှူးက ကျွန်မတို့ အပျိုဆောင်မှာနေတဲ့ သူနာပြုဆရာမ(၇)ယောက်စလုံးကို ဆေးရုံအုပ်ကြီးအိမ်မှာခေါ်တွေ့ပြီး (“အမှုမဖွင့်ဖို့နဲ့ လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆိုပြီး
ခေါ်ပြောပါတယ်၊ကျွန်မတို့ကလည်း ကျန်းမာရေးဝန်ထမ်းသူနာပြုတွေရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့ အပြုအမူမျိုးဖြစ်လို့ အမှုဖွင့်ရမှာဖြစ်ကြောင်း) ပြန်ပြောလိုက်ကြပါတယ်၊အဲဒီနေ့မှာပဲရဲစခန်းမှာ ပုဒ်မ၄၅၆နဲ့ အမှုဖွင့်လိုက်ကြပါတယ်၊
၂၊၂။၁၃ရက်နေ့မှာတော့ (“မြိုနယ်အုပ်ချုပ်ရေးမှူးကတော်ရယ်၊အမျိုးသမီးရေးရာက တာဝန်ရှိသူတစ်ဦးရယ် )ကျွန်မတို့ သူနာပြုအဆောင်ကို ရောက်လာကြပါတယ်၊(အုပ်ချုပ်ရေးမှူးကတော်ပြောတာကတော့
အခုအမှုဖြစ်တဲ့ အောင်မျိုးသူဟာ သူ့မြေးရဲ့မွေးနေ့ကိုလာရင်းဖြစ်တာဖြစ်တဲ့အပြင်  အောင်မျိုးသူရဲ့ မိဘတွေနဲ့ သူမ(မြို့နယ်အုပ်ချုပ်ရေးမှူးကတော်)တို့နဲ့ဟာ အင်မတန်ရင်းနှီးကြပြီး အခင်အမင်မပျက်စေလိုကြောင်း၊ဆရာမတွေလည်း ဘာမှဖြစ်သွားတာ မဟုတ်လို့
အမှုမဖွင့်ကြဖို့ထပ်ပြောပါတယ်၊)၊ကျွန်မတို့အထဲက သူနာပြုဆရာမတစ်ယောက်က မြို့နယ်အုပ်ချုပ်ရေးမှူးကတော်ကို (“ဖြစ်ခဲ့ရင်ရော ဘယ်သူတာဝန်ယူမှာလဲ၊အမျိုးသမီးရေးရာအနေနဲ့ ကိုယ်ချင်းစာပြီးပြောပေးပါ ”)လို့ ထပြောပါတယ်၊
ထားပါတော့၊အဲဒီလိုနဲ့ တရားရုံးမှာ အမှုယှဉ်ဆိုင်ကြပြီး ၂၇ရက်နေ့မှာ မြို့နယ်တရားရုံးက( တရားခံ အောင်မျိုးသူဟာ ပြစ်မှုကျူးလွန်ခဲ့သော်လည်း ၀န်ထမ်းအချင်းချင်းဖြစ်လို့ ထောင်ဒါဏ်(၆)လ အပြစ်ပေးလိုက်တယ်လို့) ချမှတ်ပါတယ်၊
ဒါကို ကျွန်မတို့က မကျေနပ်ကြတာပါ၊ဒီပုဒ်မဟာ( ပြစ်ဒါဏ် (၃)နှစ်အထိ ချလို့ရတဲ့ ပုဒ်မ)ပါ၊”
အခြား အပျိုဆောင်နေသူနာပြုဆရာမတစ်ဦးမှလည်း “ဒီကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ တရားသူကြီး လျော့ပေါ့ပြစ်ဒါဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်၊ပြောရရင် ကျွန်မတို့ သူနာပြုတွေဆိုတာ ဘွဲ့ရပညာတတ်တွေပါ၊ကျွန်မတို့အပေါ်မှာတောင်
ဒီလို မတရားလုပ်နေရင် အခြားတောသူတောင်သား ပညာမဲ့တွေအပေါ်မှာ ဘယ်လိုမျှတတဲ့ စီရင်ချက်မျိုးပေးနိုင်မှာတဲ့လဲ၊(ကျွန်မတို့ဟာ မိဘနဲ့ဝေးရာမှာ တာဝန်ကျနေရတဲ့ ပြည့်သူ့ဝန်ထမ်းတွေပါ၊ကျွန်မတို့ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို ဥပဒေနဲ့
ကာကွယ်ပေးရမယ့်ကိစ္စမှာ အကာအကွယ်မပေးနိုင်သလို)ို မြင်မိပါတယ်”ဟုပြောပြခဲ့ပါသည်၊
ထိုနည်းတူစွာ သူနာပြုနောက်တစ်ဦးမှ“ကျွန်မတို့ကို မြို့နယ်တရားရုံးက သူတို့ မြို့နယ်တရားရုံးက စီရင်ချက်ကို မကျေနပ်ရင် ခရိုင်တရားရုံးကို အယူခံတက်နိုင်တယ်လို့တော့ ပြောတာပေါ့၊ခက်တာက ကျွန်မတို့မှာ အချိန်မပေးနိုင်ဘူး၊ကချင်ပြည်နယ်ထဲမှာ
တာဝန်ကျတဲ့ ဆရာမတစ်ယောက်အတွက် အချိန်ဟာ အလွန်ရှားပါးလှပါတယ်၊ဒါကြောင့် အယူခံမတက်တော့ပါဘူး၊မျှတမှု မရှိတဲ့အပေါ်တော့ လုံးဝမကျေနပ်ပါဘူး၊ကျွန်မတို့သက်သေတွေလည်း မစစ်ပါဘူး၊စစ်မရာမလိုဘဲ ပေါ်ပေါက်နေတဲ့အတွက် ပြစ်ဒါဏ်ချမှတ်တယ်လည်း
ပြောသေးတယ်၊ချမှတ်တဲ့ပြစ်ဒါဏ်က အနည်းဆုံးဖြစ်နေတယ်၊်(ဒါကြောင့် ဒီကိစ္စကို လူကြီးတွေသိပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်ကို ပေးစေချင်ပါတယ်၊တရားသူကြီးကိုရော ၀င်ရောက်စွက်ဖက်တဲ့ ဒေသအာဏာပိုင်တွေကိုရော အရေးယူပေးစေချင်ပါတယ်)”
ဟုပြောသွားခဲ့ပါသည်၊(ဟာဂျူလီ-ကသာ)၂၇.၂.၂၀၁၃ရက်နေ့က မိုးညှင်းမြို့နယ်တရားရုံးမှ ပုဒ်မ၄၅၆တရားခံ ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး အောင်မျိုးသူအပေါ် ထောင်ဒါဏ်(၆)လ ချမှတ်ခဲ့ခြင်းအပေါ် မိုးညှင်းပြည်သူ့ဆေးရုံအပျိုဆောင်နေ
သူနာပြုဆရာမများမှ ကျေနပ်မှုမရှိကြကြောင်းသတင်းရရှိခဲ့သည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ တရားလိုဖြစ်သူ သူနာပြုဆရာမဒေါ်ခင်လှဝေက ယခုလိုပြောကြားခဲ့ပါသည်၊
“ဟုတ်ကဲ့၊အမှုဖြစ်စဉ်ကိုစပြောရမယ်ဆိုရင် ၃၀၊၁၊၁၃ရက်နေ့ ညနေ၆နာရီ၃၀မိနစ်လောက်မှာ အင်္ကျီအဖြူဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ကျွန်မတို့ သူနာပြုအပျိုတွေရေချိုးခန်းကို ချောင်းကြည့်နေတာ သိလိုက်ရပါတယ်၊
ကျွန်မတို့က သူချောင်းကြည့်နေတာ မိသွားတဲ့အတွက် သူထွက်ပြေးသွားလိမ့်မယ်လို့ပဲ ထင်နေခဲ့ကြတာပါ၊အဲဒီလိုနဲ့ ည၈နာရီအချိန် ထမင်းစားနေတုန်း လူရိပ်တစ်ခုတွေ့လိုက်ရတယ်၊ည၈နာရီခွဲ ထမင်းစားသောက်ပြီးလို့ ပြတင်းပေါက်တွေ
လိုက်ပိတ်တဲ့အချိန်မှာ အဲဒီယောက်ျားဟာ အပျိုဆောင်အခန်းထဲက ကုတင်အောက်မှာ ပုန်းနေတာကိုတွေ့လိုက်ရပါတယ်၊ဒီတော့ ကျွန်မတို့ဝိုင်းအော်ကြတော့ ဆေးရုံက လူနာစောင့်တွေ ၀ိုင်းဖမ်းပေးပါတယ်၊ပြိးတော့ ရဲစခန်းကို အပ်လိုက်ကြပါတယ်၊
ရဲစခန်းမှာ အဲဒီလိုအပျိုဆောင်ထဲ အကြံအစီရှိရှိနဲ့ ပုန်းအောင်းနေသူကို စစ်လိုက်တော့ နမ္မား၊နမ့်စလော်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေးအောင်မျိုးသူ(အသက်၂၆နှစ်)ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မြေး မွေးနေ့ပွဲကို လာရင်း
အခုလိုကြံစီတာဖြစ်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်၊ရဲကလည်း ပုဒ်မ၄၅၆နဲ့ အမှုဖွင့်ပေးမယ်လို့ပြောပါတယ်၊
နောက်နေ့၃၁ရက်နေ့မှာတော့ မြို့နယ်ထွေ/အုပ်ရုံးက ဒုတိယဦးစီးမှူးက ကျွန်မတို့ အပျိုဆောင်မှာနေတဲ့ သူနာပြုဆရာမ(၇)ယောက်စလုံးကို ဆေးရုံအုပ်ကြီးအိမ်မှာခေါ်တွေ့ပြီး (“အမှုမဖွင့်ဖို့နဲ့ လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆိုပြီး ခေါ်ပြောပါတယ်၊ကျွန်မတို့ကလည်း ကျန်းမာရေးဝန်ထမ်းသူနာပြုတွေရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့ အပြုအမူမျိုးဖြစ်လို့ အမှုဖွင့်ရမှာဖြစ်ကြောင်း) ပြန်ပြောလိုက်ကြပါတယ်၊အဲဒီနေ့မှာပဲရဲစခန်းမှာ ပုဒ်မ၄၅၆နဲ့ အမှုဖွင့်လိုက်ကြပါတယ်၊
၂၊၂။၁၃ရက်နေ့မှာတော့ (“မြိုနယ်အုပ်ချုပ်ရေးမှူးကတော်ရယ်၊အမျိုးသမီးရေးရာက တာဝန်ရှိသူတစ်ဦးရယ် )ကျွန်မတို့ သူနာပြုအဆောင်ကို ရောက်လာကြပါတယ်၊(အုပ်ချုပ်ရေးမှူးကတော်ပြောတာကတော့ အခုအမှုဖြစ်တဲ့ အောင်မျိုးသူဟာ သူ့မြေးရဲ့မွေးနေ့ကိုလာရင်းဖြစ်တာဖြစ်တဲ့အပြင် အောင်မျိုးသူရဲ့ မိဘတွေနဲ့ သူမ(မြို့နယ်အုပ်ချုပ်ရေးမှူးကတော်)တို့နဲ့ဟာ အင်မတန်ရင်းနှီးကြပြီး အခင်အမင်မပျက်စေလိုကြောင်း၊ဆရာမတွေလည်း ဘာမှဖြစ်သွားတာ မဟုတ်လို့ အမှုမဖွင့်ကြဖို့ထပ်ပြောပါတယ်၊)၊ကျွန်မတို့အထဲက သူနာပြုဆရာမတစ်ယောက်က မြို့နယ်အုပ်ချုပ်ရေးမှူးကတော်ကို (“ဖြစ်ခဲ့ရင်ရော ဘယ်သူတာဝန်ယူမှာလဲ၊အမျိုးသမီးရေးရာအနေနဲ့ ကိုယ်ချင်းစာပြီးပြောပေးပါ ”)လို့ ထပြောပါတယ်၊
ထားပါတော့၊အဲဒီလိုနဲ့ တရားရုံးမှာ အမှုယှဉ်ဆိုင်ကြပြီး ၂၇ရက်နေ့မှာ မြို့နယ်တရားရုံးက( တရားခံ အောင်မျိုးသူဟာ ပြစ်မှုကျူးလွန်ခဲ့သော်လည်း ၀န်ထမ်းအချင်းချင်းဖြစ်လို့ ထောင်ဒါဏ်(၆)လ အပြစ်ပေးလိုက်တယ်လို့) ချမှတ်ပါတယ်၊
ဒါကို ကျွန်မတို့က မကျေနပ်ကြတာပါ၊ဒီပုဒ်မဟာ( ပြစ်ဒါဏ် (၃)နှစ်အထိ ချလို့ရတဲ့ ပုဒ်မ)ပါ၊”
အခြား အပျိုဆောင်နေသူနာပြုဆရာမတစ်ဦးမှလည်း “ဒီကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ တရားသူကြီး လျော့ပေါ့ပြစ်ဒါဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်၊ပြောရရင် ကျွန်မတို့ သူနာပြုတွေဆိုတာ ဘွဲ့ရပညာတတ်တွေပါ၊ကျွန်မတို့အပေါ်မှာတောင်
ဒီလို မတရားလုပ်နေရင် အခြားတောသူတောင်သား ပညာမဲ့တွေအပေါ်မှာ ဘယ်လိုမျှတတဲ့ စီရင်ချက်မျိုးပေးနိုင်မှာတဲ့လဲ၊(ကျွန်မတို့ဟာ မိဘနဲ့ဝေးရာမှာ တာဝန်ကျနေရတဲ့ ပြည့်သူ့ဝန်ထမ်းတွေပါ၊ကျွန်မတို့ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို ဥပဒေနဲ့ ကာကွယ်ပေးရမယ့်ကိစ္စမှာ အကာအကွယ်မပေးနိုင်သလို)ို မြင်မိပါတယ်”ဟုပြောပြခဲ့ပါသည်၊
ထိုနည်းတူစွာ သူနာပြုနောက်တစ်ဦးမှ“ကျွန်မတို့ကို မြို့နယ်တရားရုံးက သူတို့ မြို့နယ်တရားရုံးက စီရင်ချက်ကို မကျေနပ်ရင် ခရိုင်တရားရုံးကို အယူခံတက်နိုင်တယ်လို့တော့ ပြောတာပေါ့၊ခက်တာက ကျွန်မတို့မှာ အချိန်မပေးနိုင်ဘူး၊ကချင်ပြည်နယ်ထဲမှာ
တာဝန်ကျတဲ့ ဆရာမတစ်ယောက်အတွက် အချိန်ဟာ အလွန်ရှားပါးလှပါတယ်၊ဒါကြောင့် အယူခံမတက်တော့ပါဘူး၊မျှတမှု မရှိတဲ့အပေါ်တော့ လုံးဝမကျေနပ်ပါဘူး၊ကျွန်မတို့သက်သေတွေလည်း မစစ်ပါဘူး၊စစ်မရာမလိုဘဲ ပေါ်ပေါက်နေတဲ့အတွက် ပြစ်ဒါဏ်ချမှတ်တယ်လည်း
ပြောသေးတယ်၊ချမှတ်တဲ့ပြစ်ဒါဏ်က အနည်းဆုံးဖြစ်နေတယ်၊်(ဒါကြောင့် ဒီကိစ္စကို လူကြီးတွေသိပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်ကို ပေးစေချင်ပါတယ်၊တရားသူကြီးကိုရော ၀င်ရောက်စွက်ဖက်တဲ့ ဒေသအာဏာပိုင်တွေကိုရော အရေးယူပေးစေချင်ပါတယ်)
ဟုပြောသွားခဲ့ပါသည်၊(ဟာဂျူလီ-ကသာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...