ဧဒင်အချစ်ပုံပြင်: “ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ”

Thursday 28 February 2013

“ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ”


PhotoPhoto၂၈၊၂၊၂၀၁၃ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ရဲအုပ်မျိုးမြင့်သိန်းဆိုသည့် ရဲအရာရှိတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း တရားခံမှ ဓါးဖြင့်ထိုးခဲ့သခြင့်
ယခုအချိန်တွင် ကသာခရိုင်ပြည်သူ့ဆေးရုံကြီးခွဲစိပ်ခန်းတွင် အရေးပေါ် ခွဲစိပ်ကုသမှုခံယူနေရကြောင်းသိရှိရပါသည်၊အသက်အန္တရာယ်ထိခိုက်နိုင်ရှိမရှိနှင့် ဒါဏ်ယာပြင်းထန်းမှုအခြေအနေကို မသိရသေးကြောင်းသတင်းရရှိပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းကို ဒါးဖြင့်ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံစိုးစိုး(ဘ)ဦးမှတ်အား အချိန်ပိုင်းအတွင်း ကသာခရိုင်ဒ/နအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း
သိရပါသည်၊
အမှုဖြစ်စဉ်မှာ ရဲအုပ်မျိုးမြင့်သိန်းတာဝန်မှူးအဖြစ်တာဝန်ထမ်းဆောင်နေသော ရဲစခန်းသို့ ဒေါ်ခင်သိန်း(ခ)ဒေါ်ဒါဘီယာ(အသက်၇၈နှစ်)မှ လာရောက်တိုင်ကြားသည်မှာ တစ်ချိန်က ချွေးမတော်စပ်ဖူးသူ နှင့် မောင်ဖြစ်သူများမှ
ဒေါ်ခင်သိန်းပိုင်အိမ်ဝန်းအတွင်း မိမိ၏က ခွင့်မပြုပါဘဲ အိမ်ဆောက်နေသဖြင့် လာရောက်တာဆီးပေးပါရန်တိုင်ကြားခဲ့သဖြင့် ရဲအုပ်မျိုးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ အမှုဖြစ်ရာ ရပ်ကွက်(၉)အပိုင်း(၃)သို့ သွားရောက်တားဆီးခဲ့ပါသည်၊
ထိုသို့တားဆီး၍ ရဲစခန်းသို့ လိုက်ပါဖြေရှင်းကြဖို့ပြောဆိုရာတွင် သန်းထွန်းမင်း(၂၈နှစ်)ဘ-ဦးမှတ်မှ ဒါးမဖြင့်ပေါက်ပြီး နေအိမ်သို့ ပြန်သွားခဲ့ပါသည်၊ ရဲအုပ်မျိုးမြင့်သိန်းမှ သန်းထွန်းမင်းနောက်သို့ လိုက်သွားရာ သန်းထွန်းမင်း၏ညီဖြစ်သူ
စိုးစိုးမှ အရိုးအသွား၁၃.၅လက်မရှိ ဓါးမြှောင်ဖြင့် အိမ်ထဲမှ ထွက်ထိုးခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်များက ပြောဆိုပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ကသာရဲစခန်းမှ (ပ)၅၆/၂၀၁၃ဖြင့်တိုင်ချက်ရေးသွင်းပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၃/၁၁၄ဖြင့် အရေးယူအမှုဖွင့်ထားကြောင်းသိရပါသည်၊ (ဟာဂျူလီ-ကသာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...