အဓိပ္ပာယ်ရှိတယ်။ကိုယ့် ပစ္စည်းလို့လည်း ပိုသတ်မှတ် လို့ ရပါတယ်။ခိုးလည်းဖြစ် ပြီးသွားပြီလေ။ အခုတော့ တားဆီးနေပြီဆိုတော့ ဝမ်းသာပါတယ်။ အဓိက ကတော့ ခိုးကူးဖမ်းတာတင် မဟုတ်ပါဘူး။လူတွေ လက်ထဲမှာ ပိုက်ဆံများများ ရှိဖို့လည်းအရေးကြီး ပါတယ်။ဒါမှလည်း သူတို့ က မူရင်းခွေ ဝယ်ကြမှာပါ။ခိုးကူးခွေဖမ်းပေမယ့် အမြစ် မပြတ်ဘူးဖြစ် နေတာက တရားဥပဒေစိုးမိုးရေး ကိစ္စရယ်၊ခုနကပြောသလို လူတွေ လက်ထဲမှာ ပိုက်ဆံရှိဖို့ကိစ္စရယ်နဲ့ ဆိုင်တယ်။အားလုံးလက်ထဲမှာ လုံလောက်တဲ့ငွေရှိနေရင် လာဘ် စားတဲ့ အမှုတွေ ဆိုတာလည်း ရှိမှာမ ဟုတ်ဘူး။လူတွေက ခုနကလို ခိုးကြောင်ခိုးဝှက်နဲ့သူများ ပစ္စည်း ကိုခိုး ကူးတာဟာ ရှက်စရာကောင်းတယ် ဆိုတဲ့ အသိလည်း ဝင်လာမှာလေ။ ပညာနဲ့ သူတို့ရဲ့ ဥစ္စာဓနပြည့်စုံလာ တဲ့အချိန်ကျရင် ဒါတွေပပျောက် သွားမှာပါ။အဲဒါတွေမပပျောက် ခင်မှာ စည်းကမ်းရှိအောင် လုပ်နေရတဲ့သဘောပါပဲ။
by-yoyarlay
No comments:
Post a Comment