ဧဒင်အချစ်ပုံပြင်: အကယ်ဒမီ ဗန်းကိုင်များ နှင့် ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည်

Sunday 24 February 2013

အကယ်ဒမီ ဗန်းကိုင်များ နှင့် ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည်


နောက်ထပ် ဘီကီနီဝတ်ဖို့ အဆင်သင့်ဖြစ်နေသူများ၏ ပြိုင်ပွဲ တိုက်ရိုက် ထုတ်လွှင့်မှုကို လေ့လာနေပါတယ်။ အားလုံးက မိနန်းလေးကို အားကျကျပြီး အရပ် ၅ ပေ ၃ လက်မ၊ မြန်မာ့လက်ဝှေ့ကို ကောင်းကောင်းကျွမ်းတယ်ဆိုတဲ့ အလှမယ်လေးလဲ ပါပါတယ်။ :)
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှ ကြီးမှူး ပြုလုပ်မည့် " အကယ်ဒမီ ဗန်းကိုင်များ " နှင့် ရိုက်ကူး ယှဉ်ပြိုင်မည့် ဓာတ်ပုံ ပြိုင်ပွဲကို လာမည့် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဥယျာဉ်၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အကယ်ဒမီ ဗန်းကိုင် များ ဖြစ်ကြသော စုမြတ်နိုးဦး ၊ ဆန်းသစ်လ ၊ ဖူးပွင့်သခင် ၊ မြနှင်းရည်လွင် ၊ ကြယ်စင်ဆောင်း ၊ သွန်းဆက် ၊ ရွှေပိုးအိမ် ၊ ဟေမာန် သော်တာငြိမ်း တို့အား ရိုက်ကူးကာ ယှဉ်ပြိုင် ကြရမည် ဖြစ်ပြီး ပထမဆု ငွေကျပ် ၃ သိန်း ၊ ဒုတိယဆု ငွေကျပ် ၂ သိန်း ၊ တတိယဆု ငွေကျပ် ၁ သိန်း ၊ အထူးဆု ၈ သောင်း (၄ ဆု) နှင့် နှစ်သိမ့်ဆု ၄ သောင်း (၈ ဆု) တို့ကို နတ်ရေကန် ဦးတင်မောင်ထွေး မှ ချီးမြှင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း သိရသည်။

သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း များမှ သတင်းထောက် များ ၊ ဓာတ်ပုံ သင်တန်းသား များနှင့် ဓာတ်ပုံ ၀ါသနာအိုး များ စာရင်းသွင်း၍ ၀င်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် ဓာတ်ပုံ ဆရာများ အနေဖြင့် ဗန်းကိုင် တစ်ဦးလျှင် ၁၅x၁၀ လက်မအရွယ် အကောင်းဆုံး ဓာတ်ပုံ တစ်ပုံကျနှုန်း ဖြင့် ဗန်းကိုင် ၈ ဦး ရှိသည့် အတွက် ဓာတ်ပုံ ၈ ပုံအထိ ၀င်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်သော်လည်း ဓာတ်ပုံ ဆရာ တစ်ဦးလျှင် ဆုတစ်ဆု သာ ခံစားခွင့် ရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံ ဆရာများ အနေဖြင့် တစ်အုပ်စုလျှင် ၇ ယောက် ၈ ယောက် စုကာ စိတ်တိုင်းကျ အေးဆေးစွာ ရိုက်ကူး ကြရန်နှင့် တိုးဝှေ့ ရိုက်ကူးခြင်း မပြုကြရန် မေတ္တာ ရပ်ခံ ထားသည်။ အချိန် ရရှိပါက ဗန်းကိုင် များမှ ၀တ်စုံများ လဲ၍ ဓာတ်ပုံ အရိုက်ခံ ကြမည် ဖြစ်သည်။ ၄င်း ပြိုင်ပွဲ အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စာရင်း ပိတ်ကာ မတ်လ ၁၇ ရက်နေ့တွင် ရွေးချယ်မှု များပြုလုပ်ကာ မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းတိုက် ၊ ၃၅ လမ်း ၊ ကျောက်တံတား မြို့နယ်၌ ဆုချီးမြှင့်ပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆုရရှိပါက ဓာတ်ပုံဆရာ နှင့် အကယ်ဒမီ ဗန်းကိုင် တို့ ခွဲဝေ ယူရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...