ဧဒင်အချစ်ပုံပြင်: လားရှိုးသိန်းအောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေး တွင် ကျင်းပမည်

Sunday 3 February 2013

လားရှိုးသိန်းအောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေး တွင် ကျင်းပမည်

Photo: လားရှိုးသိန်းအောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေး တွင် ကျင်းပမည်
Sunday, 03 February 2013

မကြာမီ က မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော လားရှိုး သိန်းအောင် ၏ ဒုတိယ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ တွင် မန္တလေးမြို့ Swan Hotel မြက်ခင်းပြင် ၌ ကျင်းပမည် ဟု လားရှိုးသိန်းအောင် က
ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲ တွင် လားရှိုးသိန်းအောင် ၏ ကျော်ကြားသော သီချင်း ၃၀ ကျော် ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးရှမ်းမ က ပြောဆိုသည်။ လက်မှတ်ခ များကို ကျပ်တစ်သောင်း မှ ကျပ် သုံးသောင်း ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

မြန်မာပြည်နှင့် နှစ်ပေါင်း ၄၀ ကြာ ဝေးကွာ နေသည့် တေးသံရှင် လားရှိုးသိန်းအောင် သည် ဒီဇင်ဘာ၂၀ရက် တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက် နေ့က MCC ကွင်းပြင် တွင် ကျင်းပ ခဲ့သည်။

The Voice Weeklyမကြာမီ က မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော လားရှိုး သိန်းအောင် ၏ ဒုတိယ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ တွင် မန္တလေးမြို့ Swan Hotel မြက်ခင်းပြင် ၌ ကျင်းပမည် ဟု လားရှိုးသိန်းအောင် က
ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲ တွင် လားရှိုးသိန်းအောင် ၏ ကျော်ကြားသော သီချင်း ၃၀ ကျော် ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးရှမ်းမ က ပြောဆိုသည်။ လက်မှတ်ခ များကို ကျပ်တစ်သောင်း မှ ကျပ် သုံးသောင်း ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

မြန်မာပြည်နှင့် နှစ်ပေါင်း ၄၀ ကြာ ဝေးကွာ နေသည့် တေးသံရှင် လားရှိုးသိန်းအောင် သည် ဒီဇင်ဘာ၂၀ရက် တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက် နေ့က MCC ကွင်းပြင် တွင် ကျင်းပ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...