ဧဒင်အချစ်ပုံပြင်: လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ.....

Sunday 3 February 2013

လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ.....


Photo: လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ
Sunday, February 03, 2013 

မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီး ဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။

ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသော လက်စွပ်အား သေချာ အောင်စစ်ဆေးကြည့်သောအခါ တွင်
ရွှေအတုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်
ပြောပြ၍ သိရှိရသည်။

အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့် အချိန်တွင် ဒုတိယအကြိမ် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေစဉ် ပထမအကြိမ်ပေါင်နှံသွားသော မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန်တွင် လှည့်ကင်းတာဝန်ထမ်းဆောင် နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော်သူဇင်နှင့် အောင်ဟိန်းတို့ 
ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။
ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး သည့်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန် အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်း မယုယုဇင်အား ရဲစခန်းမှခြေချုပ်
ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရှိရသည်။


အရိန္ဒမာ (ဘိုကလေး)
The Hot Newsမြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီး ဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။
ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသော လက်စွပ်အား သေချာ အောင်စစ်ဆေးကြည့်သောအခါ တွင်
ရွှေအတုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်
ပြောပြ၍ သိရှိရသည်။

အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့် အချိန်တွင် ဒုတိယအကြိမ် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေစဉ် ပထမအကြိမ်ပေါင်နှံသွားသော မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန်တွင် လှည့်ကင်းတာဝန်ထမ်းဆောင် နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော်သူဇင်နှင့် အောင်ဟိန်းတို့
ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။
ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး သည့်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန် အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်း မယုယုဇင်အား ရဲစခန်းမှခြေချုပ်
ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရှိရသည်။


အရိန္ဒမာ (ဘိုကလေး)
The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...