ဧဒင်အချစ်ပုံပြင်: မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ

Sunday 3 February 2013

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ


Photo: မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ

Sunday, 03 February 2013 04:07

မင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်ဆုံးတွေ့မြင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ပြန်လည် ရောက်ရှိ ကျက်စားလာခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားခဲ့သည်။ ယင်းသို့ ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်များ အုပ်စုဖွဲ့နေထိုင်ကျက်စားခြင်းကို မင်းကွန်းသွား နိုင်ငံခြားသားခရီးသည်များမှ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိသည်ဟုလည်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။

''မင်းကွန်းဝန်းကျင်မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၁၈ ကောင်လောက်ကို ဇန်န၀ါရီလပိုင်းမှာ ပြောင်းရွှေ့ကျက်စားလာတာ တွေ့ရတယ်။ အများအားဖြင့် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းလောက်မှာရှိတဲ့ မတ္တရာမြို့နယ်၊ ၀က်လက်မြို့နယ်ပိုင်းက မြစ်ကြောင်းအတွင်းမှာ တွေ့ရပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကိုင်း-မင်းကွန်းဘက်ကို ပြောင်းရွှေ့လာတာ တွေ့ရတယ်။ခုလို အုပ်စုလိုက်ရေပြင်မှာ ဆော့ကစားတာမျိုးကလည်း တွေ့ရခဲပါတယ်။ ပုံမှန်ဆိုရင် နှစ်ကောင်သုံးကောင် အုပ်လိုက်ပဲ တွေ့ရတာ။ ခုဆိုရင် ငါးကောင်၊ ခြောက်ကောင် အုပ်စုဖွဲ့တွေ့ရပြီး နိုင်ငံ ခြားခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး လင်းပိုင်ကြည့် မော်တော်တွေနေ့တိုင်းရှိတယ်''ဟု ဦးဟန်ဝင်းက ပြောကြားခဲ့သည်။

''ဒီနှစ် ဧရာဝတီမြစ်ကြောင်းမှာ ပုံမှန်ရှိရိုးရှိစဉ် ရေအမြင့်ထက် သုံးပေလောက် လျော့ကျနေတယ်လို့ ပညာရှင်တွေ ပြောထားတာရှိသလို အခု ရေနည်းရာသီမှာ အရင်က လင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ ရေတိမ်တာ၊ ရေကြောင်းကြပ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရေပြင်ကျယ်ပြီး လင်းပိုင်တွေ ပျော်တတ်တဲ့ ရေအောက်သောင်(စည်း)တွေရှိတဲ့ မင်း ကွန်းဘက်ကို ပြောင်းရွှေ့လာတယ်လို့ ယူဆရတယ်။ နောက်တစ်ခုက အခုချိန်က ငါးပုန်းတဲ့ရာသီဖြစ်တဲ့အတွက် အစာနောက်ကိုလိုက်ရင်း ရောက်လာတာလည်း ဖြစ်နိုင်တယ်။အဓိကကတော့ အစာနဲ့ ရေကြောင့်လို့ကောက်ချက်ချရမှာပါ''ဟု ဦးဟန် ၀င်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးနှင့် မင်းကွန်းကြား ဧရာဝတီမြစ်ကြောင်းတွင် ရှော့ခ်တိုက် ငါးဖမ်းလှေများ လာရောက် လုပ်ကိုင်လေ့မရှိခြင်းကြောင့် လင်းပိုင်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိစေသလို နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိရာ ရေကြောင်းပေါ်တွင် ဖြစ်သောကြောင့် ခရီးသည်အား ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေကြောင်း သိရသည်။

Credit to : Eleven Media Groupမင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်ဆုံးတွေ့မြင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ပြန်လည် ရောက်ရှိ ကျက်စားလာခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားခဲ့သည်။ ယင်းသို့ ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်များ အုပ်စုဖွဲ့နေထိုင်ကျက်စားခြင်းကို မင်းကွန်းသွား နိုင်ငံခြားသားခရီးသည်များမှ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိသည်ဟုလည်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။

''မင်းကွန်းဝန်းကျင်မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၁၈ ကောင်လောက်ကို ဇန်န၀ါရီလပိုင်းမှာ ပြောင်းရွှေ့ကျက်စားလာတာ တွေ့ရတယ်။ အများအားဖြင့် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းလောက်မှာရှိတဲ့ မတ္တရာမြို့နယ်၊ ၀က်လက်မြို့နယ်ပိုင်းက မြစ်ကြောင်းအတွင်းမှာ တွေ့ရပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကိုင်း-မင်းကွန်းဘက်ကို ပြောင်းရွှေ့လာတာ တွေ့ရတယ်။ခုလို အုပ်စုလိုက်ရေပြင်မှာ ဆော့ကစားတာမျိုးကလည်း တွေ့ရခဲပါတယ်။ ပုံမှန်ဆိုရင် နှစ်ကောင်သုံးကောင် အုပ်လိုက်ပဲ တွေ့ရတာ။ ခုဆိုရင် ငါးကောင်၊ ခြောက်ကောင် အုပ်စုဖွဲ့တွေ့ရပြီး နိုင်ငံ ခြားခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး လင်းပိုင်ကြည့် မော်တော်တွေနေ့တိုင်းရှိတယ်''ဟု ဦးဟန်ဝင်းက ပြောကြားခဲ့သည်။

''ဒီနှစ် ဧရာဝတီမြစ်ကြောင်းမှာ ပုံမှန်ရှိရိုးရှိစဉ် ရေအမြင့်ထက် သုံးပေလောက် လျော့ကျနေတယ်လို့ ပညာရှင်တွေ ပြောထားတာရှိသလို အခု ရေနည်းရာသီမှာ အရင်က လင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ ရေတိမ်တာ၊ ရေကြောင်းကြပ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရေပြင်ကျယ်ပြီး လင်းပိုင်တွေ ပျော်တတ်တဲ့ ရေအောက်သောင်(စည်း)တွေရှိတဲ့ မင်း ကွန်းဘက်ကို ပြောင်းရွှေ့လာတယ်လို့ ယူဆရတယ်။ နောက်တစ်ခုက အခုချိန်က ငါးပုန်းတဲ့ရာသီဖြစ်တဲ့အတွက် အစာနောက်ကိုလိုက်ရင်း ရောက်လာတာလည်း ဖြစ်နိုင်တယ်။အဓိကကတော့ အစာနဲ့ ရေကြောင့်လို့ကောက်ချက်ချရမှာပါ''ဟု ဦးဟန် ၀င်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးနှင့် မင်းကွန်းကြား ဧရာဝတီမြစ်ကြောင်းတွင် ရှော့ခ်တိုက် ငါးဖမ်းလှေများ လာရောက် လုပ်ကိုင်လေ့မရှိခြင်းကြောင့် လင်းပိုင်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိစေသလို နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိရာ ရေကြောင်းပေါ်တွင် ဖြစ်သောကြောင့် ခရီးသည်အား ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေကြောင်း သိရသည်။

Credit to : Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...