ဧဒင်အချစ်ပုံပြင်: ချစ်သူများနေ့ကို ရင်မခုန်တတ်သူ အောင်ရဲလင်း

Tuesday 5 February 2013

ချစ်သူများနေ့ကို ရင်မခုန်တတ်သူ အောင်ရဲလင်း

အောင်ရဲလင်းက အနုပညာအလုပ်တွေကိုသင်ယူရင်း ပရိသတ်အတွက် အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ပြီးပရိသတ်တွေအားပေးတဲ့အတွက် ပိုတာဝန်ကြီးသွားသလို ခံစားရကြောင်း ပြောပြလာတာကြောင့်” အရင်တုန်းကတော့ သင်ယူဆဲ ကာလပေါ့။ အခုက သင်ယူရင်းနဲ့ သင်ယူထားတာတွေကို ပြန် အသုံးချရတယ်။ သရုပ်ဆောင်ကြီးတွေနဲ့တွေ့တဲ့အခါ သူတို့ရဲ့ အိုက်တင်တွေ ကြည့်ရတယ်။ မသိတာ၊ မတတ်တာကိုမေး၊ ဘာတွေလိုအပ်နေ လဲဆိုတာမေးပြီးလေ့လာရတယ်။ ကိုရန်လေးတို့ဆို ပြောပြ တတ်တယ်။ တအားလည်းတော်တယ်။ မျက်လုံးကအစ၊ဒိုင်ယာလော့ခ်ပြောတဲ့ပုံစံတွေပဲကြည့်တယ်။ ကျွန်တော်ကတော့ အကုန်မေးတာပဲ။
မတွေ့တဲ့အချိန်ဆို မေးဖို့မလွယ် ဘူးလေ။ သင်ယူထားတာတွေကို စုဆောင်းပြီး ပြန်လုပ်ရ တာပေါ့။ ပရိသတ်တွေရဲ့ အားပေးမှုကိုရလာတဲ့အခါ ပိုပြီး တာဝန်ကြီးသွားသလို ခစားရတယ်။ ပိုဆိုးတာက အရင်ကလို မှားလို့မရတော့ဘူး။ ကာရိုက်တာကိုကြည့်လိုက်ရင် ပရိသတ်ရဲ့စိတ်ထဲမှာ နင့်သွားစေမယ့်ဇာတ်ဆို နင့်ရမယ်၊ ရယ်စရာဆိုလည်း ရယ်မောနိုင်ရမယ်။ ရသပေါင်းစုံပေးရမယ်ဆိုတဲ့အသိပိုဝင်လာတယ်။ ဒါကြောင့် တတ်နိုင် သလောက်ပိုပြီးကြိုးစားတယ်”လို့ ပြောပြပါတယ်။ ဇာတ်ကားတွေရိုက်ကူး ရင်း နယ်ပရိသတ်တွေနဲ့ တွေ့ဆုံချင်တယ်ဆိုတဲ့ အောင်ရဲလင်းက “ဟို တလောက တောင်ငူမှာတော့ သီချင်းသွားဆိုဖြစ်တယ်။ အခု ကားရိုက်တွေ ရှိနေတော့ ပွဲတွေလက်မခံဖြစ်သေးဘူး။ ဒါပေမဲ့ ကျွန်တော် တစ်ရက်လောက် အားတာနဲ့ တစ်ရက်ရအောင်သွားဆိုမှာပါ။ နယ်ပရိသတ်နဲ့က တွေ့ရခဲ တယ်လေ”လို့ ပြောပါတယ်။ အောင်ရဲလင်းက Valentine’s Day ကိုတော့ ရိုက်ကွင်းမှာပဲရှိနေဖို့များပြီး Valentine’s Day  တိုင်း ရှုတင်မှာပဲဖြတ် သန်းရတာတော့ အမှတ်တရအဖြစ်ဆုံးပဲလို့ဆိုပြီး အဲဒီနေ့က ရည်းစားရှိတဲ့သူတွေ ပျော်ကြရတာ ဖြစ်ပြီး အောင်ရဲလင်းကတော့ ရင်ခုန်တာတော့ မဖြစ်တတ်သေးဘူး လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...