ဧဒင်အချစ်ပုံပြင်: ရထားစီးခရီးသည်တစ်ဦး သေဆုံး

Tuesday 5 February 2013

ရထားစီးခရီးသည်တစ်ဦး သေဆုံး

၃-၂-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် အမှတ်(၅၇)အဆန် မန္တလေး-မြစ်ကြီးနား အထူးအမြန်ရထား သည် အင်းတော်မြို့နယ်၊ မဲဇာဘူတာနှင့် အင်းတော်ဘူတာကြားအရောက် ရိုးရိုးတန်းတွဲ(၃)၊ ခုံအမှတ် (၆၁/၆၂)တွင် စောင်းလျက်အိပ်နေသော ခရီးသည်အမျိုးသားတစ်ဦးမှာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရထားလုံခြုံရေးလိုက်ပါလာသည့် ရထားရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ
ကျုံပျော်မြို့၊ အောင်ဆန်းတိုးချဲ့ရပ်ကွက်နေ ဦးမောင်မောင်(၄၅)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အလောင်းအား အင်းတော်ဘူတာသို့ ရထားဆိုက်ရောက်စဉ် အင်းတော်ပြည်သူ့ဆေးရုံသို့ ပို့အပ်၍ အင်းတော်ရဲစခန်း သေမှုသေခင်းအမှတ်စဉ်၊ ၄/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


by-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...