ဧဒင်အချစ်ပုံပြင်: စိတ်မနှံ့သူတစ်ဦး ကြိုးဆွဲချသေဆုံး

Tuesday 5 February 2013

စိတ်မနှံ့သူတစ်ဦး ကြိုးဆွဲချသေဆုံး

၃-၂-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ စစ်တောင်းလမ်းအရှေ့ဘက် ယူကလစ်တောထဲတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသောအလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ ထုံးဘိုရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ပုပ္ဗသီရိမြို့နယ်၊ မီးရထားအိမ်ရာဝင်းနေ လှမျိုးအောင် (၂၅)နှစ်ဖြစ်ပြီး စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သော ၁ လခန့်က ပျောက်ဆုံးနေရာမှ ယူကလစ် တောတွင်းရှိ ပျဉ်းကတိုးပင်တွင်
၎င်းဝတ်ဆင်သောပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် အလောင်းအား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ထုံးဘိုရဲစခန်း သေမှုသေခင်းအမှတ်စဉ်၊ ၂/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

by-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...