ဧဒင်အချစ်ပုံပြင်: ခွေးရူးရောဂါဖြစ်ပွားလျှင် ရာနှုန်းပြည့်နီးပါးသေဆုံးနေသောကြောင့် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးသင့်

Tuesday 5 February 2013

ခွေးရူးရောဂါဖြစ်ပွားလျှင် ရာနှုန်းပြည့်နီးပါးသေဆုံးနေသောကြောင့် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးသင့်



မြန်မာနိုင်ငံတွင်း ခွေးရူးရောဂါ ဖြစ်သူတိုင်း အသက်သေဆုံးရသော ကြောင့် ပြည်သူလူထုကို ထိရောက် သောပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ နယ် ပယ် အသီးသီးရှိဆရာဝန်များ၏ပြော ကြားချက်အရသိရသည်။ ၂ဝ၁ဝခုနှစ် တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂ဝ၅ ယောက်ရှိပြီး ၂ဝ၅ ယောက်စလုံး သေဆုံးခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂၄ဝဦးရှိပြီး ၂၄ဝဦး စလုံးသေဆုံးခဲ့ကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။
''၂ဝ၅ ဦး၊ ၂၄ဝ ဦးသေတယ် ဆိုတာကသေတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျန်မာရေး မှာဒါ Under Preporting လို့ခေါ်တယ် ခွေးရူးရောဂါကြောင့် သေမှန်းလည်း မသိဘူး။ Report လုပ်တာနည်းတာ လည်းဖြစ် နိုင်ပါတယ်။ ကျွန်တော် တို့ဆီမှာ ၂၄ဝ ဆိုတာက ကျွန်တော် တို့ရရှိတဲ့ အနည်းဆုံးစာရင်းဇယား ဖြစ်ပြီးတော့ ဒီထက် ပိုပြီးသေဆုံး နိုင်တဲ့ အနေအထားရှိပါတယ်'' ဟု အမျိုးသားလွှတ်တော်တွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
ခွေးကိုက်ခံရရာတွင်ခွေးကိုက်ခံ ရသူအား ခွေးရူးရောဂါကာကွယ် ဆေးထိုးမှသာ စိတ်ချနိုင်ကြောင်း သိရသည်။ ခွေးရူးရောဂါ ကာကွယ် ဆေးမထိုးပါက ကိုက်သည့်ခွေး ခွေးရူးပြန်သည့်အတွက် ကမ္ဘာ ပေါ်တွင် အသက်ရှင်သူတစ်ဦးသာ ၂ဝဝ၆ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ၌ ရှိခဲ့ဖူးကြောင်း၊ ပညာရှင်များ အနေဖြင့် ငြင်းခုံဆွေးနွေးသည့် အဆင့်သာရှိနေသောကြောင့် ခွေးရူး ရောဂါကြောင့် ရာနှုန်းပြည့်သေဆုံး သည်မှာသေချာနေကြောင်းသိရသည်။
''ပြည်သူလူထုကို ခွေးရူးရောဂါ နဲ့ပတ်သက်ပြီး အသိပညာပေးသင့် ပါတယ်။ ထိရောက်တဲ့ပညာပေးမှု မျိုးပါ။ TV ကပြတာတို့၊ ဇာတ်လမ်း တိုတွေနဲ့ ပညာပေးတာတို့လုပ်ဖို့လို တယ်။ အဓိကလမ်းဘေးခွေးကနေ ခွေးရူးရောဂါဖြစ်တယ်။ အိမ်မွေးခွေး အများစုက ကာကွယ်ဆေးထိုးထား ကြတယ်။ ခွေးကိုက်လို့ ခွေးရူးကာ ကွယ်ဆေးမထိုးထားလို့ အသက်ဆုံး ရုံးရတာပါ''ဟု တိမွေးကုဆရာဝန် ဒေါက်တာဝင်းလွင်က ပြောသည်။
အရှေ့တောင်အာရှဒေသ၊ အာဖရိကဒေသ၊ အမေရိကမြောက်ပိုင်း ဒေသများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Indeming ဒေသဟု သတ် မှတ်ထားသည့်အတွက် မည့်သည့်ခွေး ကိုက်သည်ဖြစ်စေ ကာကွယ်ဆေး ထိုးသင့်ကြောင်း သိရသည်။
''ခွေးရူးရောဂါနှင့်ပတ်သက် ပြီးပြောရတာခက်တယ်။ နှစ်ပေါင်း ၅ဝကျော် ပညာပေးလာတာ။ လူတွေ ကမလိုက်နာဘူး။ ကျွေးချင်မွေးချင် တဲ့စိတ်ရှိနေကြတယ်။ လမ်းဘေးခွေး တွေကိုပဲမွေးနေရင် ဘယ်လိုမှပညာ ပေးလို့မရဘူး။ အဓိကလမ်းဘေးခွေး တွေကဖြစ်တာပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်ကပြောသည်။
စည်ပင်သာယာမှ လမ်းဘေး ခွေးများကိုသုတ်သင်ရှင်းလင်းသည့် အခါတွင် တိရစ္ဆာန်များကိုသနားကြင် နာတတ်သော ပြည်သူအချို့က ခွေး လေခွေးလွင်များကို ဖွက်ထား တတ် ကြောင်း၊ ခွေးရူးရောဂါအများဆုံး ဖြစ် ပွားနိုင်သည်မှာ ခွေးလေခွေးလွင့် များဖြစ်နေကြောင်း၊ အဆိုပါခွေးများ သည် စနစ်တကျကာကွယ်ဆေးထိုး ပြီး စောင့်ကြည့်မွေးမြူထားသော ခွေးများမဟုတ်သဖြင့် ခွေးရူးရောဂါ ကိုထိန်းချုပ်မှုများ ပြုလုပ်ရန်မှာလည်း ခက်ခဲနေသေးကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးရာတွင် ယခင်ကကဲ့သို့ ချက်ကို ပတ်၍ ဆေး၁၄ ကြိမ်ထိုးစရာမလို တော့ဘဲ တစ်ပတ်ခြားလေးကြိမ်ထိုး ပါက ခွေးရူးရောဂါကို ကာကွယ် နိုင်ကြောင်းနှင့် ထိုဆေးလေးကြိမ်အ တွက် ဈေးနှုန်းမှာကျပ် တစ်သိန်း နှစ်သောင်းနီးပါးရှိကြောင်း တိမွေးကု ဆရာဝန်တစ်ဦးက ပြောသည်။
''လူထုကိုအသိပေးချင် တာက ခွေးမကိုက်စေနဲ့၊ ခွေးကိုမစနဲ့၊ ခွေး ကိုက်တယ်ဆိုတာနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးဖို့လိုတယ်။ ဘယ် ခွေး ကိုက်ကိုက်ပါ။ အသိလေးတော့ ရှိစေချင်တယ်။ ပညာပေးလုပ်ငန်း တော့လုပ်သင့်တယ်။ ကျွန်မတို့လည်း ပညာပေးမှုတွေလုပ်နေတယ်။ နည်း မျိုးစုံနဲ့ပေါ့။ ထိရောက်တာလည်းရှိ တယ်။ မထိရောက်တာလည်းရှိ တယ်'' ဟု ဒေါက်တာမီမီကိုက ပြောသည်။
ခွေးရူးပြန်ရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက BPI MPE က ထုတ်လုပ်သည့် ကာကွယ်ဆေးနှင့် ထိုး၍မရကြောင်း Immune Globulin ဟူသော ဆေးထိုးရကြောင်း၊ ယင်းဆေးဝါးသည် ငွေကျပ် သုံးသိန်း လေးသိန်းခန့်ကုန်ကျသော်လည်း အသက်ရှင်ရန်မှာ မသေချာကြောင်း ဒေါက်တာဖေသက်ခင်က ပြောသည်။
မြန်မာနိုင်ငံတွင်း၌ ထုတ်လုပ် နေသော ကာကွယ်ဆေးများမှာ ဦးနှောက်ကို အခြေခံပြီးထုတ်ထားသော ကာကွယ် ဆေးအမျိုးအစား ဖြစ်ပြီး၊ ယခုအချိန်တွင်ယင်းဆေးထက် ပိုမို အာနိသင်ထက်မြတ်သည့် Cell Culture Vaccine (CCV) များပေါ်နေ ပြီးဖြစ်ကြောင်း၊ သိုးဦးနှောက်ကို အ ခြေခံပြီးထုတ်လုပ်ထားကာ သိုးကိုယ် တိုင်တွင် ဦးနှောက်အာရုံကြောရောဂါ ကိုရာခိုင်နှုန်း အနည်းငယ်ခန့်ဖြစ်ပွား နိုင်သောကြောင့် တစ်ဖြည်းဖြည်းဖြင့် Phase out လုပ်သွားရန်ရှိကြောင်း၊ Cell Calture Vaccine မှာ ကြက်၊ ဘဲ သန္ဓေမှတဆင့်ထုတ်ယူခြင်းဖြစ်သောကြောင့် ယင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြောင်း သိရသည်။
''အရှေ့ဘက်ပိုင်းမှာ ကျွန်တော် တို့ နှစ်နိုင်ငံလောက်ပဲ သိုးဦးနှောက် က ထုတ်တဲ့ ကာကွယ်ဆေးကို သုံး နေတာ၊ ကျန်တဲ့နိုင်ငံတွေက Cell Cualture Vaccine ကိုပြောင်းလဲအ သုံးပြုနေကြပြီ။ မကြာခင် ကျန်းမာ ရေးဝန်ကြီးဌာနက စီမံချက်ချပြီး သိုးဦးနှောက်ကထုတ်တဲ့ဟာကို Phase out လုပ်ပြီး Cell Culture Vaccine ကို ထုတ်လုပ်ဖို့ ကြိုးပမ်းသွား မှာပါ။ ဒါကိုပြည်သူလူထုအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်''ဟု ဒေါက်တာဖေသက်ခင်ကပြောသည်။
၂ဝ၁၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၌ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေကြီးတို့တွင် ခွေးရူးရောဂါအများဆုံး ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တစ်ခုတည်းသာသေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
by- Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...