ဧဒင်အချစ်ပုံပြင်: ပုဏ္ဍားကျွန်းမြို့ နယ် ၊ သရက်ချိုင်မြစ်တွင် ၀င်းရွှေစင်ဇာတ်သဘင်မော်တော်ဘုတ် နစ်မြုပ်

Thursday 28 February 2013

ပုဏ္ဍားကျွန်းမြို့ နယ် ၊ သရက်ချိုင်မြစ်တွင် ၀င်းရွှေစင်ဇာတ်သဘင်မော်တော်ဘုတ် နစ်မြုပ်

မာရုသူရ (လေးမြို့ သတင်းမီဒီယာ) - ၂၈ - ၂-၂၀၁၃
(၂ရ၊၂၊၂၀၁၃)နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ၊ ပုဏ္ဍားကျွန်းမြို့ နယ်အတွင်းရှိ သရက်ချိုင်မြစ်ငယ်တွင် ၀င်းရွှေစင်ဇာတ်သဘင်မော်တော်ဘုတ်သည် ကျောက်ဆောင်နှင့်ထိခိုက်ပြီး မော်တော်ဘုတ်နစ်မြုပ်ခဲ့ရာ
ဇာတ်အဖွဲ့ ဝင်(၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထိုဇာတ်သဘင်မော်တော်ဘုတ်သည် ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့ နယ် ၊ တောင်ညိုကျေးရွာတွင် ကပြ

ဖျော်ဖြေခဲ့ပြီး ပုဏ္ဍားကျွန်းမြို့ နယ် ၊ သရက်ချိုင်ကျေးရွာတွင် တင်ဆက်ကပြရန် သွားစဉ် သရက်ချိုင်
မရောက်မီ အနည်းငယ်အလိုတွင် သရက်ချိုင်မြစ်အတွင်းရှိ ကျောက်ဆောင်နှင့် ထိခိုက်မိ၍
မော်တော်ဘုတ်နစ်မြုပ်ခဲ့ရကြောင်း သိရသည်။ထိုဇာတ်သဘင် မော်တော်ဘုတ်နစ်မြုပ်မှုကြောင့်
ဇာတ်ခေါင်းဆောင်မင်းသမီးဖြစ်သော မင်းသမီးဒေါ်တင်တင်ဝင်းနှင့် ဇာတ်အဖွဲ့ ၏ထမင်းချက်
ကိုလှကျော်တို့ သေဆုံးခဲ့ရပြီး ကျန်အဖွဲ့ ဝင်များ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုဝင်းရွှေစင် ဇာတ်သဘင်အဖွဲ့ သည် ပေါက်တောမြို့ နယ် ၊ စွန်ရဲကျေးရွာမှ ဦးဝင်းမောင်ချေ ၊ ဒေါ်တင်တင်ဝင်း နှင့် ဒေါ်သန္တာဦးတို့ ပေါင်းစည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုအရပ်ဒေသအတွက်
ယခုနှစ်၏ တစ်ခုတည်းသော ဇာတ်သဘင်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။


မာရုသူရ
(လေးမြို့ သတင်းမီဒီယာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...