ဧဒင်အချစ်ပုံပြင်: ဆရာတော်(၃)ပါး မပုပ်မသိုးပါသော်လည်း နောက်ဆက်တွဲပြဿနာများ

Friday, 8 February 2013

ဆရာတော်(၃)ပါး မပုပ်မသိုးပါသော်လည်း နောက်ဆက်တွဲပြဿနာများ


Photo: ဆရာတော်(၃)ပါး မပုပ်မသိုးပါသော်လည်း နောက်ဆက်တွဲပြဿနာများ
Friday, February 8, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေ သော ကျောင်းထိုင်ဆရာတော် ကို အလှူငွေများ ပုဂ္ဂလိကအသုံး ပြုမှုကြောင့် တိုင်ကြားထား ကြောင်း သတင်းလေးကို ပြည် တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါ တယ်။ (မြန်မာသံတော်ဆင့်၊ အမှတ်(၄၆)စာမျက်နှာ ၃၂ အင်္ဂပူ၊ ပိန္နဲကွင်းစကျောင်းအလှူ ငွေအတွက် တရားစွဲခေါင်းစဉ်ဖြင့် ထိုသတင်းဖတ်ပြီးတော့ အမှား လေးများကို သိရှိနိုင်ရန်နှင့် အဖြစ် မှန်လေးများကို စာဖတ်သူများ ဆက်လက်သိရှိနိုင်ရန်အတွက် စေတနာသန့်ရှင်းစွာ ဆက်လက် ဖြန့်ဝေတာပါ။
ပျံလွန်တော်မူပြီး မပုပ်မသိုး ကျောင်းတိုင် ဆရာတော်(၃)ပါးရုပ်ကလာပ် တော်များရှိရာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စာရေးသူတို့ ရောက်ရှိခဲ့ပါတယ်။ ထိုဆရာ တော်ကြီးများ၏ ရုပ်ကလာပ်များ ကို မှန်ခေါင်းများဖြင့်ထည့်ပြီး သီး ခြားစီထားရှိပါတယ်။ ပထမ ဆရာတော်ကြီး ဦးကလျာဏကို ၁၁၈၈ ဒုတိယဝါဆိုလဆန်း ၁၃ ရက် တနင်္လာနေ့တွင် ရွှေတောင် မြို့မှာ ဖွားမြင်ပြီး ဆရာတော်၏ ငယ်နာမည်မှာ မောင်ချိန်ဖြစ်ပါ တယ်။
ဆရာတော်ဦးကလျာဏ သည် ၁၂၇ဝ ပြည့်နှစ် တပို့တွဲ လဆန်း(၉)ရက်နေ့တွင် ပျံလွန် တော်မူခဲ့ပါတယ်။
ဆရာတော်၏ ရုပ်ကလာပ် သည် ပုပ်သိုးခြင်းမရှိသဖြင့် ၁၂၇၂ တွင် ကပျိုတောင်သို့ ပင့် ဆောင်ခဲ့ပါတယ်။
ထိုအလောင်းတော်ကို ၁၃၅၁ ခု ဝါဆိုလဆန်း ၅ ရက် နေ့ ညတွင် မသမာသူများက ခိုး ယူသွားကာ ရွှေများခွာယူခြင်း ကြောင့် ဆရာတော်ကြီး၏ အလောင်းတော်မှာ အရိုးများသာ ကျန်ရှိတော့သဖြင့် ၁၃၅၁ ခု သီ တင်းကျွတ်လဆုတ် (၃)ရက်နေ့ တွင် ပုံတူထုလုပ်ကိုးကွယ်ခဲ့ကြပြီး ဆရာတော်ကြီး၏ အရိုးဓာတ်များ ကို ပုံတူရုပ်တုအောက်တွင် အထိုင်ရုပ်တု သီးခြားထုလုပ်ပြီး ထိုအထိုင်ရုပ်တုထဲတွင် ဌာပနာ ထည့်သွင်းပူဇော်ထားကြသည်။
ဒုတိယဆရာတော် ဦးဝါယ မ၏ ရုပ်အလောင်းမှာလည်း ဦး ခေါင်းဖြုတ် အခိုးခံရ၏ ဦးခေါင်း ကို ပုံတူပြုလုပ်ကာ ပြန်လည် ပူဇော်ထားသည်ဟုသိရှိခဲ့ရပါ တယ်။ ဒုတိယဆရာတော် ဦးဝါ ယမမှာ ၁၃ဝ၆ ခုနှစ်တွင် ပျံလွန် တော်မူခဲ့ပြီး တတိယဆရာတော် ဦးစန္ဒမှာ ၁၃၁၄ ခုနှစ်တွင် ပျံလွန် တော်မူပါတယ်။ ထိုဆရာတော် မှာလည်း ရှေ့ဆရာတော်(၂)ပါးကဲ့ သို့ မပုပ်မသိုးခြင်းကြောင့် ရွှေချ ကိုးကွယ်ခဲ့ကြပြန်ရာ လက်တစ် ဖက်မှာ အခိုးခံရသဖြင့် လက် တစ်ဖက်ကို ပလာစတာဖြင့် ပုံတူ ပြုလုပ်ပြန်လည်တပ်ဆင်ထားခဲ့ ရပြန်သည်။ ဆရာတော်(၃)ပါး လုံး၏ရုပ်ကလာပ်မှာ မသမာသူ များကြောင့် ကိုယ်အင်္ဂါများချို့ယွင်းပျက်စီးခဲ့ ရသည်။
တတိယဆရာတော်ပျံလွန် တော်မူသောအခါ ယခုလက်ရှိ ဆရာတော် ဦးတေဇမဉ္စူက ဆက်လက်၍ ကျောင်းထိုင်ဆရာ တော်အဖြစ် နှစ်ပေါင်း ၅ဝ ခန့် တာဝန် ယူခဲ့ရာ လွန်ခဲ့သော ၆ နှစ်ဝန်း ကျင်ခန့်က ဝေါမြို့နယ်၊ ရှမ်းကိုင်း ကျောင်းဇာတိ ဆရာတော် ဦး ပညာသီရိ ကပျိုတောင်ကျောင်း ကိုရောက်ရှိလာသောကြောင့် ဆရာတော် ဦးတေဇမဉ္စူမှာ သက်တော်ကလည်းရလာသည့် အတွက် ဆရာတော်ဦးပညာသီရိ ကို အဖက်ဖက်မျက်နှာလွှဲပြီး ကျောင်းသာယာရေးများကို ဆောင်ရွက်စေခဲ့ပါတယ်။ ထိုသို့ကျာင်းသာယာရေးများကို ဆောင်ရွက်စေသော် လည်း ဦးတေဇမဉ္စူ(စတုတ္ထဆရာ တော်)မှာ ဦးပညာသီရိအား ကျောင်းထိုင်ဆရာတော်အဖြစ် တရားဝင်လွှဲအပ်ခြင်းမရှိခဲ့သော ကြောင့် ဦးတေဇမဉ္စူကျန်းမာ ရေးမကောင်းစဉ်ဆရာတော်ကို စောင့်ရှောက်လျက်ရှိသော ဦး ပညာစာရအား ပိန္နဲကွင်းကျေးရွာ မှ ဒကာ၊ ဒကာမများက ကျောင်း ထိုင်အဖြစ်တင်မြှောက်လိုက်သည်။ ထိုသို့ ဦးပညာစာရကို ကျောင်း ထိုင်အဖြစ်တင်မြှောက်ခြင်းကို တောင်ဆင်းရွာ၊ သုံးပုရာကုန်း၊ ကြက်ပေါင်ကုန်း အစရှိသော ကျေးရွာများက မကျေနပ်ကြဘဲ ဆရာတော် ဦးပညာသီရိအား ကျောင်းထိုင်ဖြစ်စေလိုသည်။ ပိန္နဲကွင်းရွာသားများက တစ်ခြား နယ်မှ ရောက်ရှိလာသော ဦး ပညာသီရိအား ကျောင်းထိုင် အဖြစ် မပေးလိုကြပေ။ ထို့ကြောင့် ရွာခံကိုယ်တော်ဖြစ်သောဦးပညာ စာရကို ကျောင်းထိုင်ဖြစ်စေလို တယ်။
သံဃာ့နာယကကလည်းကပျို တောင်ကျောင်းတိုက် ကျောင်း ထိုင်ဆရာတော်အဖြစ် ၂၉-၁၁-၂ဝ၁၂ တွင် ဆရာတော်ဦးပညာ စာရကို အသိအမှတ်ပြုလက်မှတ် ရေးထိုးပေးလိုက်တယ်။
ဤတွင် ပြဿနာတချို့ရှိ လာတယ်။ ကျောင်းတိုက်တွင်းရှိ သော စတိုခန်း၊ အလှူခံပုံးအစရှိ သော သော့များက ဆရာတော် ဦးတေဇမဉ္စူထံတွင် ရှိနေသည်။ ဦးပညာစာရကလည်း သူသာ ကျောင်းထိုင်ဆရာတော်ဖြစ်သည် ဆိုပြီး သော့များကို ရိုက်ဖျက်ကာ အလှူခံပုံးထဲမှ ငွေများကို ကျောင်းဝေယျာဝစ္စအတွက် အသုံးပြုသည်။ ထိုကဲ့သို့သော့ များကိုဖျက်သည်ကို ယခင်ဂေါပ က အဖွဲ့က မကျေနပ်ဘဲ အလှူခံ ပုံးကိုဖောက်ထွင်းသည်ဟု ရဲကို အမှုဖွင့်ပေးရန် တိုင်ကြားရာ ရဲက တရားရုံးကို ဦးတိုက်လျှောက်ရန် အကြံပြုလိုက်သည်။
၇-၁-၂ဝ၁၃ တွင် ယခင် ဂေါပကအဖွဲ့ဥက္ကဋ္ဌက တရားလို ပြုတိုင်ကြားရာ ၂၅-၁-၂ဝ၁၃ တွင် အင်္ဂပူမြို့နယ်တရားရုံး တရားသူကြီးဒေါ်တင့်တင့်ဆန်းက သံဃာတော်များအရေးကိစ္စြ့ဖစ် သဖြင့် တရားရုံးမှ တရားစွဲဆိုရန် မသင့်ကြောင်း အဆုံးအဖြတ်ပေး ကာ သံဃာ့နာယကအဖွဲ့ထံ တင်ပြရန်၊ အဆုံးအဖြတ်ခံယူရန် အကြံပေးခဲ့ပါသည်။
အထက်ပါအကြောင်းအရာ များမှာ စာရေးသူကိုယ်တိုင် မေးမြန်းသိရှိခဲ့ရသော အကြောင်းများဖြစ်ပါ သည်။ သံဃာတော်များသည် လူပုဂ္ဂိုလ်တို့၏ ကိုးကွယ်ရာ စည်း ကပ်ပူဇော်ရာ၊ ကြည်ညိုဖွယ်ရာ သာဖြစ်ပါသည်။ သံဃာတော် ချင်း အကြည်ညိုပျက်ဖွယ်ရာ လူနှင့်သံဃာတော်များအကြား သံသယဖြစ်ဖွယ်ရာကိစ္စများကို ရှောင်ကြဉ်နိုင်ပြီး အစွဲကြီးခြင်းမှ ကင်းဝေးကြပါစေဟု ဆန္ဒပြုရင်း…။

ဒေါင်းအဝါ

( The Hot News )ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေ သော ကျောင်းထိုင်ဆရာတော် ကို အလှူငွေများ ပုဂ္ဂလိကအသုံး ပြုမှုကြောင့် တိုင်ကြားထား ကြောင်း သတင်းလေးကို ပြည် တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါ တယ်။ (မြန်မာသံတော်ဆင့်၊ အမှတ်(၄၆)စာမျက်နှာ ၃၂ အင်္ဂပူ၊ ပိန္နဲကွင်းစကျောင်းအလှူ ငွေအတွက် တရားစွဲခေါင်းစဉ်ဖြင့် ထိုသတင်းဖတ်ပြီးတော့ အမှား လေးများကို သိရှိနိုင်ရန်နှင့် အဖြစ် မှန်လေးများကို စာဖတ်သူများ ဆက်လက်သိရှိနိုင်ရန်အတွက် စေတနာသန့်ရှင်းစွာ ဆက်လက် ဖြန့်ဝေတာပါ။
ပျံလွန်တော်မူပြီး မပုပ်မသိုး ကျောင်းတိုင် ဆရာတော်(၃)ပါးရုပ်ကလာပ် တော်များရှိရာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စာရေးသူတို့ ရောက်ရှိခဲ့ပါတယ်။ ထိုဆရာ တော်ကြီးများ၏ ရုပ်ကလာပ်များ ကို မှန်ခေါင်းများဖြင့်ထည့်ပြီး သီး ခြားစီထားရှိပါတယ်။ ပထမ ဆရာတော်ကြီး ဦးကလျာဏကို ၁၁၈၈ ဒုတိယဝါဆိုလဆန်း ၁၃ ရက် တနင်္လာနေ့တွင် ရွှေတောင် မြို့မှာ ဖွားမြင်ပြီး ဆရာတော်၏ ငယ်နာမည်မှာ မောင်ချိန်ဖြစ်ပါ တယ်။
ဆရာတော်ဦးကလျာဏ သည် ၁၂၇ဝ ပြည့်နှစ် တပို့တွဲ လဆန်း(၉)ရက်နေ့တွင် ပျံလွန် တော်မူခဲ့ပါတယ်။
ဆရာတော်၏ ရုပ်ကလာပ် သည် ပုပ်သိုးခြင်းမရှိသဖြင့် ၁၂၇၂ တွင် ကပျိုတောင်သို့ ပင့် ဆောင်ခဲ့ပါတယ်။
ထိုအလောင်းတော်ကို ၁၃၅၁ ခု ဝါဆိုလဆန်း ၅ ရက် နေ့ ညတွင် မသမာသူများက ခိုး ယူသွားကာ ရွှေများခွာယူခြင်း ကြောင့် ဆရာတော်ကြီး၏ အလောင်းတော်မှာ အရိုးများသာ ကျန်ရှိတော့သဖြင့် ၁၃၅၁ ခု သီ တင်းကျွတ်လဆုတ် (၃)ရက်နေ့ တွင် ပုံတူထုလုပ်ကိုးကွယ်ခဲ့ကြပြီး ဆရာတော်ကြီး၏ အရိုးဓာတ်များ ကို ပုံတူရုပ်တုအောက်တွင် အထိုင်ရုပ်တု သီးခြားထုလုပ်ပြီး ထိုအထိုင်ရုပ်တုထဲတွင် ဌာပနာ ထည့်သွင်းပူဇော်ထားကြသည်။
ဒုတိယဆရာတော် ဦးဝါယ မ၏ ရုပ်အလောင်းမှာလည်း ဦး ခေါင်းဖြုတ် အခိုးခံရ၏ ဦးခေါင်း ကို ပုံတူပြုလုပ်ကာ ပြန်လည် ပူဇော်ထားသည်ဟုသိရှိခဲ့ရပါ တယ်။ ဒုတိယဆရာတော် ဦးဝါ ယမမှာ ၁၃ဝ၆ ခုနှစ်တွင် ပျံလွန် တော်မူခဲ့ပြီး တတိယဆရာတော် ဦးစန္ဒမှာ ၁၃၁၄ ခုနှစ်တွင် ပျံလွန် တော်မူပါတယ်။ ထိုဆရာတော် မှာလည်း ရှေ့ဆရာတော်(၂)ပါးကဲ့ သို့ မပုပ်မသိုးခြင်းကြောင့် ရွှေချ ကိုးကွယ်ခဲ့ကြပြန်ရာ လက်တစ် ဖက်မှာ အခိုးခံရသဖြင့် လက် တစ်ဖက်ကို ပလာစတာဖြင့် ပုံတူ ပြုလုပ်ပြန်လည်တပ်ဆင်ထားခဲ့ ရပြန်သည်။ ဆရာတော်(၃)ပါး လုံး၏ရုပ်ကလာပ်မှာ မသမာသူ များကြောင့် ကိုယ်အင်္ဂါများချို့ယွင်းပျက်စီးခဲ့ ရသည်။
တတိယဆရာတော်ပျံလွန် တော်မူသောအခါ ယခုလက်ရှိ ဆရာတော် ဦးတေဇမဉ္စူက ဆက်လက်၍ ကျောင်းထိုင်ဆရာ တော်အဖြစ် နှစ်ပေါင်း ၅ဝ ခန့် တာဝန် ယူခဲ့ရာ လွန်ခဲ့သော ၆ နှစ်ဝန်း ကျင်ခန့်က ဝေါမြို့နယ်၊ ရှမ်းကိုင်း ကျောင်းဇာတိ ဆရာတော် ဦး ပညာသီရိ ကပျိုတောင်ကျောင်း ကိုရောက်ရှိလာသောကြောင့် ဆရာတော် ဦးတေဇမဉ္စူမှာ သက်တော်ကလည်းရလာသည့် အတွက် ဆရာတော်ဦးပညာသီရိ ကို အဖက်ဖက်မျက်နှာလွှဲပြီး ကျောင်းသာယာရေးများကို ဆောင်ရွက်စေခဲ့ပါတယ်။ ထိုသို့ကျာင်းသာယာရေးများကို ဆောင်ရွက်စေသော် လည်း ဦးတေဇမဉ္စူ(စတုတ္ထဆရာ တော်)မှာ ဦးပညာသီရိအား ကျောင်းထိုင်ဆရာတော်အဖြစ် တရားဝင်လွှဲအပ်ခြင်းမရှိခဲ့သော ကြောင့် ဦးတေဇမဉ္စူကျန်းမာ ရေးမကောင်းစဉ်ဆရာတော်ကို စောင့်ရှောက်လျက်ရှိသော ဦး ပညာစာရအား ပိန္နဲကွင်းကျေးရွာ မှ ဒကာ၊ ဒကာမများက ကျောင်း ထိုင်အဖြစ်တင်မြှောက်လိုက်သည်။ ထိုသို့ ဦးပညာစာရကို ကျောင်း ထိုင်အဖြစ်တင်မြှောက်ခြင်းကို တောင်ဆင်းရွာ၊ သုံးပုရာကုန်း၊ ကြက်ပေါင်ကုန်း အစရှိသော ကျေးရွာများက မကျေနပ်ကြဘဲ ဆရာတော် ဦးပညာသီရိအား ကျောင်းထိုင်ဖြစ်စေလိုသည်။ ပိန္နဲကွင်းရွာသားများက တစ်ခြား နယ်မှ ရောက်ရှိလာသော ဦး ပညာသီရိအား ကျောင်းထိုင် အဖြစ် မပေးလိုကြပေ။ ထို့ကြောင့် ရွာခံကိုယ်တော်ဖြစ်သောဦးပညာ စာရကို ကျောင်းထိုင်ဖြစ်စေလို တယ်။
သံဃာ့နာယကကလည်းကပျို တောင်ကျောင်းတိုက် ကျောင်း ထိုင်ဆရာတော်အဖြစ် ၂၉-၁၁-၂ဝ၁၂ တွင် ဆရာတော်ဦးပညာ စာရကို အသိအမှတ်ပြုလက်မှတ် ရေးထိုးပေးလိုက်တယ်။
ဤတွင် ပြဿနာတချို့ရှိ လာတယ်။ ကျောင်းတိုက်တွင်းရှိ သော စတိုခန်း၊ အလှူခံပုံးအစရှိ သော သော့များက ဆရာတော် ဦးတေဇမဉ္စူထံတွင် ရှိနေသည်။ ဦးပညာစာရကလည်း သူသာ ကျောင်းထိုင်ဆရာတော်ဖြစ်သည် ဆိုပြီး သော့များကို ရိုက်ဖျက်ကာ အလှူခံပုံးထဲမှ ငွေများကို ကျောင်းဝေယျာဝစ္စအတွက် အသုံးပြုသည်။ ထိုကဲ့သို့သော့ များကိုဖျက်သည်ကို ယခင်ဂေါပ က အဖွဲ့က မကျေနပ်ဘဲ အလှူခံ ပုံးကိုဖောက်ထွင်းသည်ဟု ရဲကို အမှုဖွင့်ပေးရန် တိုင်ကြားရာ ရဲက တရားရုံးကို ဦးတိုက်လျှောက်ရန် အကြံပြုလိုက်သည်။
၇-၁-၂ဝ၁၃ တွင် ယခင် ဂေါပကအဖွဲ့ဥက္ကဋ္ဌက တရားလို ပြုတိုင်ကြားရာ ၂၅-၁-၂ဝ၁၃ တွင် အင်္ဂပူမြို့နယ်တရားရုံး တရားသူကြီးဒေါ်တင့်တင့်ဆန်းက သံဃာတော်များအရေးကိစ္စြ့ဖစ် သဖြင့် တရားရုံးမှ တရားစွဲဆိုရန် မသင့်ကြောင်း အဆုံးအဖြတ်ပေး ကာ သံဃာ့နာယကအဖွဲ့ထံ တင်ပြရန်၊ အဆုံးအဖြတ်ခံယူရန် အကြံပေးခဲ့ပါသည်။
အထက်ပါအကြောင်းအရာ များမှာ စာရေးသူကိုယ်တိုင် မေးမြန်းသိရှိခဲ့ရသော အကြောင်းများဖြစ်ပါ သည်။ သံဃာတော်များသည် လူပုဂ္ဂိုလ်တို့၏ ကိုးကွယ်ရာ စည်း ကပ်ပူဇော်ရာ၊ ကြည်ညိုဖွယ်ရာ သာဖြစ်ပါသည်။ သံဃာတော် ချင်း အကြည်ညိုပျက်ဖွယ်ရာ လူနှင့်သံဃာတော်များအကြား သံသယဖြစ်ဖွယ်ရာကိစ္စများကို ရှောင်ကြဉ်နိုင်ပြီး အစွဲကြီးခြင်းမှ ကင်းဝေးကြပါစေဟု ဆန္ဒပြုရင်း…။

ဒေါင်းအဝါ

( The Hot News )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...