ဧဒင်အချစ်ပုံပြင်: အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်ရိုက်ကိုင်တွယ်

Monday 18 February 2013

အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်ရိုက်ကိုင်တွယ်


ဖြူး ၊ဖေဖော်ဝါရီ ၁၇

ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ၊ ဖြူးမြို နယ် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဖေဖော်ဝါရီ ၁၄ရက်နေ.က တွေ့ရှိသော အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ကို နေပြည်တော် မှုခင်း တပ်ဖွဲ့ (CID) မှ တိုက်ရိုက် ကိုင်တွယ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ ဒုတိယ ရဲမှူးကြီး တစ်ဦ်း က The Voice Weekly သို့ ပြောကြားသည်။

“ ခု အမျိုးသမီး ရဲ့ ဓာတ်ပုံတွေကို တစ်နိုင်ငံလုံး ဖြန့်ထားပါတယ် ၊ဖြူးမှာ မသင်္ကာ သူ တစ်ဦး ကို လည်း စစ်ဆေးနေ ပါတယ် လတ်တလော အသေးစိတ်ပြောလိုမရပါဘူး ၊ ” ဟု ၎င်း က ဆိုသည်။

အဆိုပါ အသက် ၂၅ နှစ် အရွယ်ခန့် အမျိုးသမီး၏ ဦးခေါင်း ပြတ်နေသော ခန္ဓကိုယ် ကို ရန်ကုန်-မန္တလေးကား လမ်း မိုင်တိုင်မှတ် ၁/၁၄၀ အနီးတွင် လည်းကောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင်အမှတ် ၂/၁၃၈ အနီး တွင် အမျိးသမီး၏ ဦးခေါင်းကို ထပ်မံတွေ့ ရှိခဲ့ ကြောင်း ဖြူး မြို့ နယ်
ရဲတပ်ဖွဲ့ မှူး ဦးစိုးသန်း က The Voice Weekly သို့ ပြောကြားသည်။
by- The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...