
အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ကြောင်းကို မမေစစ် အေးက ”ကျွန်မတို့ ဆိုင်မှာ စိန်နဲ့ မြန်မာကထွက်တဲ့ တွင်းထွက်ကျောက်မျက် ရတနာတွေနဲ့ ပေါင်းပြီးတော့ လုပ်ထားတာပါ။ လက်ရာကFine ဖြစ်ပါတယ်။ ကျွန်မတို့ပဲ အိမ် မှာ ကိုယ်တိုင်ပန်းထိမ်လုပ်ပါတယ်။ ဝယ်ယူတဲ့ မိတ်ဆွေတွေ စိတ်တိုင်းကျ ဖြစ်ဖို့အတွက် ကျွန်မအများကြီး ကြိုးစားထားပါတယ်။ ဒီဇိုင်းတွေရော၊ ဝန်ဆောင်မှုတွေရော အကုန်လုံးကို အကောင်းဆုံးလုပ်ထားပေးပါတယ်။ သူတို့တွေ ကြိုက်တဲ့ပုံစံတွေကိုလည်း ကျွန်မတို့က လိုက်ပြီး ဒီဇိုင်းဆွဲတာမျိုးတွေ လုပ်ပေးပါတယ်။ ကျွန်မတို့ဆိုင်မှာ ယူနစ်ဖြစ်တဲ့ ဒီဇိုင်းတွေ၊ Classic ဖြစ်တဲ့ ဒီဇိုင်းတွေ လိုချင်ရင်တော့ ရနိုင်ပါတယ်”လို့ ပြောပါတယ်။

popularmyanmar.
No comments:
Post a Comment