ဧဒင်အချစ်ပုံပြင်: စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်

Monday 11 March 2013

စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်

၉-၃-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပဒေသာအုပ်စု၊ ပဒေသာတောင်ကျေးရွာနေ ဦးအောင်ပိုက်(၅၇)နှစ်သည် ၎င်းင်း၏ သုံးပင်ပတ်လည် နေအိမ်အဖီ အောက်ရှိ တန်းလျား၌ အိပ်ပျော်နေစဉ် စိတ်မနှံ့သည့် သမီးဖြစ်သူ မတင်တင်မိုး(၂၇)နှစ် ရောက်ရှိလာ ပြီး ဓါးဖြင့်ခုတ်သဖြင့် ဦးအောင်ပိုက်၏ ဦးခေါင်း၊ ၀ဲဘက်ပုခုံး၊ ၀ဲနားရွက်၊ ၀ဲလက်မောင်းတို့၌ ပြတ်ရှ၊ ပေါက်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်အားစိစစ်ခဲ့ရာ မတင်တင်မိုးသည် ၂၀၀၃ ခုနှစ် (၁၀)တန်းစာမေးပွဲဖြေစဉ်ကစ၍

စိတ်ဝေဒနာရောဂါဖြစ်ပေါ်ခဲ့ပြီး ယခုအခါ စိတ်ဖောက်ပြန်ကာ ဖခင်အား ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မတင်တင်မိုး၏မိခင်ဖြစ်သူဒေါ်ပိုက်တင်မှ ပြောပြသိရှိရသဖြင့် မတင်တင်မိုးအား စလေရဲစခန်း (ပ)၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...