
သူမရဲ့မိသားစုဟာ ဆင်းရဲလွန်းတဲ့အတွက် 2000 ခုနှစ် သူမအသက် ၃ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်နှစ်ချောင်းလုံးဖြတ်ပစ်ခဲ့ရတဲ့ သူမကို ခြေအတုတောင် မတပ်ပေးနိုင်ခဲ့ပါဘူး... လှုပ်ရှားသွားလာဖို့အတွက် ဘတ်စကတ်ဘော ဘောလုံးကိုအသုံးပြုပြီး အိပ်လုပ်သစ်သားဒေါက်လေးနှစ်ခုနဲ့ ဒရွတ်တိုက်သွားလာခဲ့ရပါတယ်... ဘတ်စကတ်ဘော ဘောလုံး ၆ လုံးအထိ ဖွတ်ဖွတ်ညက်ညက်ကြေအောင် အသုံးပြုခဲ့ရပေမဲ့ သူမက မညည်းမညူဘဲ ကျောင်းပုံမှန်တက်ခဲ့ပါတယ်...
သူမရဲ့သတင်းဟာ တရုတ်ပြည်တနံတလျား Basket Girl ဆိုတဲ့နာမည်နဲ့ လူသိများပျံ့နှံ့လာခဲ့ပြီး တရုတ် ပြန်လည်ထူထောင်ရေးသုတေသနဌာနကနေပြီး သူမကို ခြေထောက်အတုတွေကို အခမဲ့တပ်ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်... 2005 ခုနှစ်အတွင်းမှာပဲ ပြန်လည်ထူထောင်ရေးဌာနမှာ ၃ လလောက် ကုသမှုခံယူခဲ့ရပါတယ်...
2007 ခုနှစ်မှာသူမဟာ ရေကူးအသင်းထဲဝင်ခဲ့ပြီး 2012 မသန်မစွမ်းသူများ အိုလံပစ်ပြိုင်ပွဲကိုဝင်ဖို့ အိပ်မက်မက်ခဲ့ပါတယ်.. သူမဟာ တစ်နေ့ကို မီတာ 2000 အထိ ပြင်းပြင်းထန်ထန် ရေကူးကျင့်ခဲ့ပါတယ်... 2010 ပြည့်နှစ်မှာ ပြည်တွင်းမှာပြုလုပ်တဲ့ မသန်မစွမ်းသူများရေကူးပြိုင်ပွဲအသီးသီးက ရွှေတံဆိပ်ဆု ၃ ခုနဲ့ ငွေတံဆိပ်ဆု ၃ ခုရရှိခဲ့ပါတယ်... ဒါပေမဲ့ သူမမျှော်မှန်းထားခဲ့သလို လန်ဒန်မှာကျင်းပခဲ့တဲ့ 2012 မသန်မစွမ်းသူများအိုလံပစ်ပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါ့ဘူး... မီတာ ၁၀၀ ရေကူးပြိုင်ပွဲမှာ သူမဟာ ကြေးတံဆိပ်ဆုသာ ရရှိခဲ့လို့ဖြစ်ပါတယ်...
"လန်ဒန်မှာပြုလုပ်တဲ့ မသန်မစွမ်းသူများအိုလံပစ်ပြိုင်ပွဲကို ကျွန်မတကယ့်ကိုဝင်ပြိုင်ချင်ခဲ့တာပါ... ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ... ကျွန်မက ငယ်ပါသေးတယ်... ဒါကြောင့် အခွင့်အရေးတွေအများကြီးရှိသေးတယ်... ဘရာဇီးမှာကျင်းပမယ့် ရိုင်အို မသန်မစွမ်းသူများအိုလံပစ်ပြိုင်ပွဲအတွက် ကျွန်မအပြင်းအထန်ကြိုးစားမှာပါ... ကျွန်မအဲ့ဒီကိုရောက်အောင်သွားမှာပါ..." လို့ Qian Hongyan ကပြောပါတယ်...
သူမအကြောင်းလေးတွေဖတ်ကြည့်ချင်တယ်ဆိုရင်...
http://en.chinafotopress.com/index/onegroup?gid=7263516
http://americanlivewire.com/qian-hongyan/
http://www.nairaland.com/1122075/story-qian-hong-yan-crippled
နှိုင်းရင့်နွေ
No comments:
Post a Comment