ဧဒင်အချစ်ပုံပြင်: မြင်ရ တွေ့ရသမျှ သင်္ကြန် အကြိုကာလ

Tuesday 19 March 2013

မြင်ရ တွေ့ရသမျှ သင်္ကြန် အကြိုကာလ

သင်္ကြန်ကာလာနီးလာတော့ သင်္ကြန်သီချင်းတွေ ကြားနေရပါပြီ။
ရန်ကုန်မှာတော့ ထီးရောင်းတဲ့လှည်းတွေ၊ ကားတွေ၊ အရောင်းဆိုင်တွေလည်း သင်္ကြန်နွေဦး တူးပို့...တူးပို့၊  ရှာပုံတော်မင်းသားကြီး စတဲ့သီချင်းတွေကို ဖွင့်နေကြပါတယ်။

သင်္ကြန်ရဲ့ သင်္ကေတ ပိတောက်ပန်း။  ပိတောက်ဆိုတာက သင်္ကြန်နဲ့ခွဲမရတဲ့အရာမို့  စားသောက်ဆိုင် တွေ၊ အလှပြင်ဆိုင်တွေ၊  ကုန်တိုက်တွေမှာ ပိတောက်ပွင့်တွေနဲ့ ချိတ်ဆွဲ အလှဆင်၊ သင်္ကြန်ကို ကြိုနေကြပါပြီ။

ဒီနှစ်သင်္ကြန်မှာ ရန်ကုန်သင်္ကြန်မဏ္ဍပ်တွေ ကြံ့ခိုင်မှုကို သက်ဆိုင်ရာက စိစစ်မယ်၊ ပြီးတော့ ယဉ်ကျေးမှုနဲ့မဆီလျော်တဲ့ ၀တ်စားဆင်ယဉ်မှုတွေကိုလည်း ကန့်သတ်တားမြစ်သွားမယ်လို့ ကြားနေရပါတယ်၊ ဘယ်လို ကန့်သတ်မလဲ ဆိုတာတော့ မသိရသေးပါ။

ရန်ကုန်အစိုးရက သင်္ကြန်သံချပ်တွေကိုလည်း စိစစ်ပါမယ်။

သံချပ်ဆိုလို့ ဒီနှစ်မှာ ထူးခြားတာကတော့ သံချပ်ပြိုင်ပွဲပါ။

“BoBo Entertainment ကနေ ပြုလုပ်တဲ့ လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲလည်း ရှိပါတယ်။  ဧပြီလ (၇) ရက်နေ့မှာ SkyNet မှ နောက်ဆုံးပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်”
လို့ သံချပ်ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်သူ ကဗျာ ဆရာသစ္စာနီက ပြောပါတယ်။

ကဗျာဆရာ သစ္စာနီ

ဒီပြိုင်ပွဲမှာ ပထမဆု သိန်း(၃၀)၊ ဒုတိယဆု သိန်း(၂၀)၊ တတိယဆု သိန်း(၁၀)၊ ပြည်သူ့ အကြိုက်ဆု(၁၅) သိန်း အသီးသီး သတ်မှတ်ထားပါတယ်။

လမ်းဘေး ခိုးကူးခွေဈေးကွက် ကြီးထွားနေဆဲဖြစ်တာကြောင့် သင်္ကြန်သီချင်းခွေတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်မလာ နိုင်တော့ပါဘူး၊ ထွက်လာသမျှက တစ်ခွေစ၊ နှစ်ခွေစပါပဲ။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလတွေမှာ သားစိုးရဲ့ရောသမမွှေ သီချင်းတွေက ပေါက်ခဲ့ပါတယ်။

ဒီနှစ် မဆိုစလောက် ထွက်လာတဲ့ သင်္ကြန်ခွေတွေထဲ နည်းနည်းလေး ထူးဆန်းတာကတော့ ဖြူဖြူကျော်သိန်းနဲ့ အဆိုတော်ပေါက်စတွေရဲ့အခွေလို့ ဆိုရပါမယ်။
မေသက်ထားဆွေ၊ ခင်ပြည့်စုံသွေး၊ ပြည့်မှူးသဒ္ဒါ၊ ဖြိုးသီဟ စတဲ့ အဆိုတော်ပေါက်စများ သင်္ကြန်သီချင်းတွေပါ။
အခွေနာမည်က ဖြူဖြူနှင့်ကြယ်ပွင့်ကလေးများ Water Dance Volume 1 လို့ ပေးထားပါတယ်။

နောက် ... ဘိုဘိုတေးထုတ်လုပ်ရေးက ဖြန့်ချိမယ့် နိမိတ်ကောင်းနဲ့သင်္ကြန် စီဒီ၊ ဒီဗီဒီကာရာအိုကေလည်း  နားဆင်ရဖို့ရှိပါတယ်။ 
နီနီခင်ဇော်၊ နွေးနွေးချစ်ဖွယ်၊ သဇင်၊ မိစန္ဒီ၊ ဆုပန်ထွာ၊ ယုန်လေး၊ ဆိုတေး၊ Satan စတဲ့ အဆိုတော်တွေရဲ့သင်္ကြန်သီချင်းတွေ ဖြစ်ပါတယ်။ 

ရွက်စိမ်း ~.irrawaddy

ရွက်စိမ်း ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_43.html#sthash.nMMEiPjw.dpuf

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...