ထိုင်းနိုင်ငံရောက်
ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦး မနေ့က ခရီးသွားရင်း လိုင်းကားပေါ်မှာ
ကလေးမွေးဖွားခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။မနေ့က ညနေပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတူးမြို့နယ်ကနေ ဘန်ကောက်ကို သွားတဲ့လမ်းမှာပါ တဲ့။ ကိုယ်ဝန်ဆောင်
ဗိုက်နာတော့ လိုင်းကား လမ်းဘေးရပ်၊ ဖုန်းဆက်ခေါ်ထားတဲ့ အရေးပေါ်ဌာန၀န်ထမ်းတွေ မကြာခင် ရောက်လာပြီး မွေးပေးခဲ့တာ
ဖြစ်တယ်လို့ သိရပါတယ်။
မွေးလာတဲ့ သမီးကလေးရော၊ အသက် ၂၅ နှစ်အရွယ် မိခင်ပါ ကျန်းမာကြတယ်၊ ဆေးရုံတခုမှာ ရှိနေတယ် လို့ သတင်းတွေက
ဆိုပါတယ်။
ကလေးဖခင်ဖြစ်သူက အသက် ၂၆ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပါတယ်။
“အမျိုးတွေ ရှိတဲ့ ဖိစနို့လိုမြို့မှာ ပြန်မွေးဖို့ သွားတာ မထင်မှတ်ဘဲ ကြိုမွေးသွားတယ်၊ သမီးလေးလည်း ဖြစ်တယ်၊ နောက် ...
ကျန်းမာတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်” လို့ ပြောပါတယ်။
ကိုးကား - www.krobkruakao.com သန်းထိုက်ဦး
ဧရာဝတီ
No comments:
Post a Comment