ဧဒင်အချစ်ပုံပြင်: Samsung Game Pad

Wednesday 20 March 2013

Samsung Game Pad

Photo: Samsung Game Pad

Samsung မှ Galaxy S 4 ပြသအပြီးမှာဘဲ Galaxy series phoneများနဲ့အခြား
Smartphonesများပါ
တွဲဖက်အသုံးပြုနိုင်မဲ့ Samsung Game Pad ကိုထပ်မံပြသခဲ့ပါတယ်

ဒီ Game Pad ဟာ သင့်ရဲ့ Phone ကို Bluetooth နဲ့ချိတ်ဆက်ကာ တစ်မူ
ထူးခြားတဲ့ Gaming Experience ကိုပေးစွမ်းမှာဖြစ်ပါတယ်
Game အများစုဟာ Touch Platform ပေါ်မှာ အံဝင်အောင်ရေးဆွဲထားပေမဲ့
Gamer များရဲ့ တစ်ချိန်က Playstation ခေတ်ဦးကဆော့ကစားခဲ့ကြတဲ့ Joystick
ရဲ့User Experience ကိုအပြည့်အဝ မဖြည့်ဆည်းနိုင်ပါဘူး
အဲဒီလိုအပ်ချက်တွေကို ဒီ Game Pad ကဖြည့်ဆည်းပေးပါလိမ့်မယ်
FIFA 13,GTA 3,PES အစရှိတဲ့ Game များဟာ လက်ခလုတ်နဲ့ဆော့ကစားမှ
အရသာရှိတယ်ဆိုတာ အထူးပြောနေဖို့လိုမယ်မထင်ပါဘူး

ဒီ Game Pad ဟာ Phone Display 4 inch မှ 6.3 inch ထိတပ်ဆင်ကာဆော့ကစား
နိုင်ပါတယ်။(ဒီ 6.3 inch ထိတပ်ဆင်နိုင်မှူကို နောက်ထွက်မဲ့ Note 3 ဟာ
Display 6.3 inchနဲ့ ထုတ်မယ်လို့သတင်းဖြစ်နေပါတယ်)
AAA Size Battery နဲ့ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်

Samsung မှ EA နဲ့သဘောတူညီမှုရယူကာ S4 ထွက်ပြီး EA ထုတ် Game 16
မျိုးနဲ့အခြားနာမည်ကျော် Game များစွာကို Samsung App Storeမှာဝန်ဆောင်မှု
ပေးမှာဖြစ်ပါတယ်

ဒီ Game Pad ကို ဈေးနှုန်းမထုတ်ပြန်သေးပေမဲ့ ဈေးနှုန်းသက်သာစွာ
ရောင်းချပေးမယ်လို့သိရပါတယ်

Lin Htet Win 
Myanmar ITGroupSamsung မှ Galaxy S 4 ပြသအပြီးမှာဘဲ Galaxy series phoneများနဲ့အခြား

Myanmar ITGroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...