ဧဒင်အချစ်ပုံပြင်: ရာသက်ပန် သက်သတ်လွတ်စားမယ့် အကယ်ဒမီစိုးသူ၏ ဆယ်စုနှစ်ကျော်ကြာမှ ရိုက်ကူးသည့် ပထမဆုံးကြော်ငြာ

Monday 11 March 2013

ရာသက်ပန် သက်သတ်လွတ်စားမယ့် အကယ်ဒမီစိုးသူ၏ ဆယ်စုနှစ်ကျော်ကြာမှ ရိုက်ကူးသည့် ပထမဆုံးကြော်ငြာ

စိုးသူက ဒါရိုက်တာ ဇွဲလုံ့လ ရိုက်ကူးတဲ့ ပဒုမ္မာဆပ်ပြာကြော်ငြာကို မတ်လ ၇ ရက်နေ့က ဗိုလ်ချုပ်ပန်းခြံ မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီကြော်ငြာက တော့ အနုပညာအလုပ်တွေ ပြန်စ လုပ်တဲ့ ပထမဦးဆုံးကြော်ငြာပဲဖြစ် ပါတယ်။ ကြော်ငြာရိုက်ကွင်းပေါ်မှာ ကားအဖြူကြီးကိုလည်း တွေ့ရပြီး စိုးသူနဲ့တွဲရိုက်ဖို့ ငှားထားတာဖြစ် ကြောင်း တစ်နာရီကို တစ်သိန်းပေးရကြောင်း သိရပါတယ်။ စိုးသူက သက်သတ်လွတ်စားတာ၁၇ နှစ်ကျော်ပြီဖြစ်ကြောင်းသိရပါတယ်။ aတာင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမ သာရရဲ့“နွားမေတ္တစာ” စာအုပ် ကိုဖတ်ပြီးစိတ်ထဲမှာ သက် သတ်လွတ်ပဲ စားချင်သွားတော့ တဲ့အတွက် ရာသက်ပန် သက် သတ်လွတ်စားဖို့ စိတ်ဆုံးဖြတ်ရ ခြင်းကို “နဂိုက တစ်ပတ်တစ်ရက် အင်္ဂါနေ့တိုင်း သက်သတ်လွတ်စားတယ်။ ဆရာတော်ကြီးရဲ့ စာအုပ်ကို ဖတ်ပြီး နောက်ပိုင်း အသားလုံးဝစား ချင် စိတ်မရှိတော့ဘူး။ နုပျိုတာက အဲဒါ ကြောင့်ပါချင်လည်းပါမှာပေါ့။ မပြောတတ်ဘူး။ စေတနာကြောင့် ပဲထင်ပါတယ်”လို့ ပြောပါတယ်။
မတ်လ ၈ ရက်နေ့မှာတော့ စိုးသူနဲ့ သက်မွန်မြင့်တို့က ကိုနိုင် (NVG) ရိုက်ကူးတဲ့ အိုင်ကျူဗွီးရှင်း မျက်မှန်ကြော်ငြာကို ဦးချစ်မောင် အိမ်ရာရှိ အိုင်ကျူဗွီးရှင်း မျက်မှန် ဆိုင်မှာ စိုးသူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သက်မွန်မြင့်က“ကိုယ်ကြိုက်ခဲ့တဲ့အနုပညာရှင်၊ကိုယ်အားပေးတဲ့အနုပညာရှင်တစ်ယောက်နဲ့ ပြန်ရိုက်တော့ ဝမ်းသာတာ ပေါ့။ သက်မွန် ၈ တန်းကျောင်းသူ အရွယ်တုန်းက သူတို့ ချင်းတောင်ကိုလာတုန်းက သူတို့နဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့ပြီး ကိုယ် တအားပျော်ခဲ့ရတယ်။ အခု အတူတူ တွဲပြီးကြော်ငြာရိုက်ရတော့ တအား စိတ်လှုပ်ရှားရတယ်။ ချင်းတောင်ကို တုနှိုင်းမမီရုပ်ရှင်လာရိုက်ကြတော့ သက်မွန်က ကျောင်းသူအနေနဲ့ ကြိုဆိုရေးအဖွဲ့မှာ ပါခဲ့တယ်” လို့ ပြောပါ တယ်။ စိုးသူက မတ်လ ၉ ရက်နေ့ မှာတော့ Holick ကြော်ငြာကို အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည် တို့နဲ့အတူ ရိုက်ကူးခဲ့ပါ တယ်။ခိုင်ဝေလွင်၊ ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...