ဧဒင်အချစ်ပုံပြင်: ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

Friday 15 March 2013

ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

ဖရူးဆိုး၊ မတ် ၁၅။

ကယားပြည်နယ် ဖရူးဆိုးမြို့နယ်ရှိ လော့ဂျာကျေးရွာအနီးရှိ
အမှတ် ၁၄ တန်းမြင့်စစ်သင်တန်းကြောင်းမှ ပန်းရံအလုပ်သမား
တစ်ဦးသည် ၁၀ နှစ်ကျော် ကလေးသူငယ်တစ်ဦးအား မတရား
ပြုကျင့်မှုနှင့် စပ်လျဉ်း၍ လွိုင်ကော်ခရိုင်တရားရုံးက မတ်လ ၁၅ရက်
နေ့၌ ထောင်ဒဏ် တစ်သက် တကျွန်းချမှတ်ခဲ့သော်လည်း တရားလို
ဘက်မှ နစ်နာကြေးကိစ္စပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် တရားမကြောင်းအရ ထပ်မံတရားစွဲဆို မှုများ ပြုလုပ်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ်သို့
ပြောကြားသည်။

ယင်းတရားခံအား ဥပဒေပုဒ်မများအရ တိကျမှန်ကန်စွာဆောင် ရွက်သော်လည်း တရားခံနှင့်ပတ်သက်သူများနှင့် နစ်နာကြေး
ပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆို
ခြင်းဖြစ်ကြောင်း သိရသည်။

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူမသိဘဲ မတရားပြု
ကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက်ဆက်နွယ်တဲ့သူတွေနဲ့ နစ်နာကြေးကိစ္စတွေမပါဝင်တဲ့
အတွက် သတိပေးစာတစ်ည စောင် ပေးပို့ပြီးတော့ အခုရက်ပိုင်း
အတွင်း တရားမကြောင်းအရ တရားထပ်စွဲသွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်က
ဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်း
တသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့
တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာကျမှာဆိုးလို့
ထင်တယ်"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ညပိုင်းတွင် ဖြစ်ပွား
ခဲ့ပြီး ဖရူစိုရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော်ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အောင်သိုက်

Re-Post By ACM 15-3-2013
အေးချမ်းမွန် Credit & Copy From >>The Myanma Age<< Thankကယားပြည်နယ် ဖရူးဆိုးမြို့နယ်ရှိ လော့ဂျာကျေးရွာအနီးရှိ
အမှတ် ၁၄ တန်းမြင့်စစ်သင်တန်းကြောင်းမှ ပန်းရံအလုပ်သမား
တစ်ဦးသည် ၁၀ နှစ်ကျော် ကလေးသူငယ်တစ်ဦးအား မတရား
ပြုကျင့်မှုနှင့် စပ်လျဉ်း၍ လွိုင်ကော်ခရိုင်တရားရုံးက မတ်လ ၁၅ရက်
နေ့၌ ထောင်ဒဏ် တစ်သက် တကျွန်းချမှတ်ခဲ့သော်လည်း တရားလို
ဘက်မှ နစ်နာကြေးကိစ္စပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် တရားမကြောင်းအရ ထပ်မံတရားစွဲဆို မှုများ ပြုလုပ်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ်သို့
ပြောကြားသည်။

ယင်းတရားခံအား ဥပဒေပုဒ်မများအရ တိကျမှန်ကန်စွာဆောင် ရွက်သော်လည်း တရားခံနှင့်ပတ်သက်သူများနှင့် နစ်နာကြေး
ပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆို
ခြင်းဖြစ်ကြောင်း သိရသည်။

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူမသိဘဲ မတရားပြု
ကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက်ဆက်နွယ်တဲ့သူတွေနဲ့ နစ်နာကြေးကိစ္စတွေမပါဝင်တဲ့
အတွက် သတိပေးစာတစ်ည စောင် ပေးပို့ပြီးတော့ အခုရက်ပိုင်း
အတွင်း တရားမကြောင်းအရ တရားထပ်စွဲသွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်က
ဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်း
တသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့
တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာကျမှာဆိုးလို့
ထင်တယ်"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ညပိုင်းတွင် ဖြစ်ပွား
ခဲ့ပြီး ဖရူစိုရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော်ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အောင်သိုက်

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...