ဧဒင်အချစ်ပုံပြင်: စိတ်ကျရောဂါခံစားနေရသူ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

Tuesday 19 March 2013

စိတ်ကျရောဂါခံစားနေရသူ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

၁၈-၃-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းရှိ လိုက်ချီးပင်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး နေကြောင်းသတင်းအရ ပြင်ဦးလွင်ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)နေ မောင်မြတ်မင်းထွေး(၁၄)နှစ်ဖြစ်ပြီး လိုက်ချီးပင်၏ အမြင့် ၉ ပေ၊ လုံးပတ် ၁၂ လက်မရှိ သစ်ကိုင်းတွင် လုံးပတ် ၁ မတ်လုံးခန့်ရှိ
အ၀ါရောင်နိုင်လွန်ကြိုးအားအသုံးပြု၍ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်းနှင့် ၎င်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားနေရသဖြင့် စိတ်ကျရောဂါဖြစ်နေသူတစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အလောင်းအား ပြင်ဦးလွင်ဆေးရုံသို့ ဆေးစာဖြင့်ပို့အပ်ခဲ့ပြီး ပြင်ဦးလွင်ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
from-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...