ဧဒင်အချစ်ပုံပြင်: “စည်းချက်ညီညီ အတွဲညီညီနဲ့ အနုပညာကိုယ်စီ ပုံဖော်ကျူးကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာရိုက်ကွင်း”

Tuesday 19 March 2013

“စည်းချက်ညီညီ အတွဲညီညီနဲ့ အနုပညာကိုယ်စီ ပုံဖော်ကျူးကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာရိုက်ကွင်း”

ကြော်ငြာရိုက်ကွင်းပေါ်က သက်ဝင်လှုပ်ရှားပုံရိပ်များ
မတ်လ ၁၁ရက်နေ့ မနက်ပိုင်းက မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးမှာ ရိုက်ကွင်းတစ်ခုရှိ တယ်လို့ သတင်းကြားတာကြောင့် ပေါ်ပြူလာ စာဖတ်ပရိသတ်များအတွက် သွားရောက် သတင်းယူခဲ့ပါတယ်။ ရိုက်ကွင်းကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာရိုက်ကွင်းပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ကိုနိုင်(NVG)ပါ။ရုပ်ရှင် အစည်းအရုံးခန်းမမှာ ရိုက်ကွင်းတည်တာမို့ ကရိန်းတွေနဲ့၊ ဒန်းတွေနဲ့ အလှရှုခင်းဗီနိုင်းပုံတွေနဲ့ ဆွဲ ချိတ်ထားတာကြောင့် ရိုက်ကွင်းက ဆက်တင်ပစ္စည်းတွေနဲ့ပြည့်လို့ နေပါတယ်။

စွန့်စားခန်းတွေနဲ့ အနုပညာပုံဖော် ခြယ်မှုန်း မှု
အန္တရာယ်ကြားက မင်းသားနဲ့ မင်းသမီးနှစ်ဦးရဲ့ ရိုက်ကူးမှုအစမှာ တော့ ကရိန်းတွေနဲ့ ရိုက်ကူးနေကြတာမို့ အကောင်းဆုံးဖြစ်အောင် တင်ဆက်နေတဲ့ ကြော်ငြာ ရိုက်ကွင်း တစ်ခုလို့ပဲ ဆိုရမှာပါ။ အောက်က ကရိန်းကို ထိန်းထဲ့ အထိန်းသမားကလည်း သတိအပြည့်နဲ့လှုပ်ရှားရင်းသူ့ရဲ့ကျွမ်းကျင်မှုကို ပြသခဲ့ပါတယ်။ မြူးဇစ်သံ ကြားလိုက်တာနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့၊ ဝတ်မှုံရွေရည်တို့ ကလည်း မိမိတို့ကြော်ငြာရမယ့် ကုန်ပစ္စည်း နယူးချွိုက်အမှတ် တံဆိပ်ကွပ်ကီးကို ကိုင်ဆောင်ကြကာ တီးလုံးတီးကွက်များနဲ့ ဟန်ချက်ညီညီ သရုပ်ဆောင်နေကြပါတယ်။ ဒါရိုက်တာညွှန်ကြားတဲ့ အိုက်တင်အတိုင်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည် တို့နှစ်ဦးရဲ့သရုပ်ဆောင်မှုကလည်း စည်းချက် ညီညီ၊ အတွဲညီညီပါပဲ။
ပရဟိတအလှူတွေနဲ့ မင်္ဂလာမည်တဲ့ နယူးချွိုက်မုန့် ကြော်ငြာရိုက်ကွင်း
ကြော်ငြာရိုက်ကွင်းပေါ်မှာ အလှူလုပ် ဖြစ်တဲ့ဝတ်မှုံရွှေရည်ကို ပရဟိတအပေါ်ထားတဲ့ အနုပညာရှင်တွေရဲ့ စိတ်စေတနာကိုလည်း မေးကြည့်ခဲ့ပါတယ်။ “ကစ်က ကြော်ငြာတွေ မျိုးစုံရိုက်နေရတော့ အိုက်တင်၊ အဝတ်အစား၊ မိတ်ကပ်မတူအောင်သတိထားရတယ်။ ကိုယ့် ကြော်ငြာနဲ့လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုကို ပရိသတ်က ကြိုက်တယ်လို့ ပြန်ပြောသံကြားရရင် ပီတိဖြစ်တယ်။ ကစ်ယုံတယ်။ အနုပညာရှင်တွေ ပရဟိတလုပ်တယ်။ လှူတယ်ဆိုတာက ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ထောင့် တစ်နေရာ ပါဝင်အားဖြည့်တယ်”လို့ ပြောပြခဲ့ ပါတယ်။ ဝတ်မှုံရွှေရည်တို့ မိသားစုက အမေများအဖွဲ့ကို ငွေကျပ်တစ်သိန်း၊ ဒါရိုက်တာကိုနိုင်(NVG)က ငွေကျပ် တစ်သိန်း လှူဒါန်းခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အမေများ အိမ်ရာမှာ ပျက်နေတဲ့ရေကန်ကို တာဝန်ယူပြုပြင်ပေးကြောင်းလည်း အမေများအဖွဲ့ မှ သိခဲ့ရပါတယ်။ ဒီကြော်ငြာ နဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်ကလည်း ”ကြော်ငြာဆိုတာက စက္ကန့်နဲ့လွှင့်ရတယ်ဆိုတော့ အားစိုက်ရတာပေါ့။ ပေါ့ပေါ့ပါးပါး လူငယ်စတိုင်ပါပဲ။ ကြော်ငြာတွေတော့ အများကြီး ရိုက်ဖူးပါတယ်။ တစ်ခုနဲ့တစ်ခု နာမည်မတူကြတာ၊အမျိုးအစား မတူကြတာပဲ ကွာတယ်။ အားထုတ်ရတာက တော့ အတူတူပဲ”လို့ ပြောပါတယ်။
ကြော်ငြာရိုက်တဲ့အခါ အိုင်ဒီယာ အသစ်တွေရှာရတယ်ဆိုတဲ့ ဒါရိုက်တာ
”ကြော်ငြာဆိုတာ ဇာတ်ကားရိုက်သလို မဟုတ်ဘူး။ အိုင်ဒီယာအသစ်တွေ အမြဲရှာဖွေရတယ်။ အခုကြော်ငြာ(နယူးချွိုက်) အမှတ်တံဆိပ်ဆိုလည်း ပရိသတ်တွေ ကြိုက်မှာ ပါ။ စိုင်းစိုင်းရော၊ ကစ်ကစ်ရော နှစ်ယောက်စလုံးကလည်း စူပါတွေပဲလေ”လို့ ဒါရိုက်တာ ကိုနိုင်(NVG)က ပြောပြခဲ့ပါတယ်။
ထူးထူး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...