ဧဒင်အချစ်ပုံပြင်: အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူ

Wednesday 6 March 2013

အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူ

Photo: လိင်စိတ်ကြွဆေးရောင်းချမှုများကို ဆေးဆိုင်များတွင်သာမက ဈေးဝယ်စင်တာအထိပါ လိုက်လံဖမ်းဆီး

ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင်စိတ်ကြွဆေးရောင်းချမှုများအား ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း ရန်ကုန်မြို့ရှိ ကျောက်တံတား၊ လသာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ ကမာရွတ်၊ ပန်းဘဲတန်းမြို့နယ်တို့တွင် အမှုပေါင်း ၁၁ မှု ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စာရင်းဇယားများအရ သိရသည်။

ယခင်က လမ်းဘေးဆေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ လိုင်စင်ရ အိမ်သုံးဆေးဝါးဆိုင်များတွင်သာ မှတ်ပုံတင်ထားခြင်း မရှိသည့်
ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော်လည်း ထိုကဲ့သို့ ဆေးဆိုင်များတွင် ရောင်းချခွင့်မရှိသည့် ဆေးဝါးများအား ဖမ်းဆီးမှုများ ရှိ
ခဲ့သော်လည်း ယခုအခါ ရှော့ပင်းစင်တာများရှိ ဆေးဆိုင်များတွင်ပါ ဖမ်းဆီးခြင်းဖြစ်သည်။

လိင်စိတ်ကြွစေသည့် ဆေးဝါးများအား အဓိကဖမ်းဆီးခဲ့ပြီး ထိုထဲတွင် Sex Toys, ECEE-2, Play Boy, Max Man, Lady a Vergy, Ponts, Mr.Bean စသည့် ဆေးဝါးများလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စာရင်းများအရ သိရသည်။

“ကျွန်တော်တို့ဆီမှာ ၀င်ဖမ်းဖို့ သတင်းရတာ သေချာတာနဲ့ ဖမ်းပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လိင်စိတ်ကြွစေသည့် ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးမှူးရုံးမှ ဒေါက်တာစုစုခိုင်က ပြောသည်။

“အများအားဖြင့် ပြဿနာ တစ်ခုခုဖြစ်လာရင် အဲဒီဆေးဝါးနဲ့ ပတ်သက်တာတွေကို ဖမ်းလေ့ရှိတယ်။ မကြာခဏလည်း မှတ်ပုံမတင်တဲ့ဆေး၊ မရောင်းရတဲ့ ဆေးတွေကို ဖမ်းတာမျိုးတွေ ရှိတယ်။ ဒီလိင်စိတ်ကြွတဲ့ ဆေးကတော့ ရန်ကုန်မှာတင် မဟုတ်ဘူး။ နယ်တွေမှာလည်း ဖမ်းနေတယ်လို့ ကြားတယ်” ဟု ရွှေမန်းဆေးဆိုင်မှ ဦးလင်းမြင့်က မှတ်ချက်ပြုပြောကြားသည်။

အချို့ဆေးဝါးများသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေတတ်သောကြောင့် ယင်းဆေးဝါးများကို သုံးစွဲလိုပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင့် ဒေါက်တာကောင်းမွန်ဝင်းက ပြောသည်။

“လူငယ်တွေ အသုံးပြုကြတဲ့ ဆေးတွေဆိုလည်း သူက သုတ်ထွက်မြန်တာကို ပြုပြင်ဖို့ ဦးနှောက်ကို ပြုပြင်တဲ့ ဆေးဝါးမျိုးတွေ ဖြစ်တယ်။ မသုံးတတ်ဘဲ သေချာဆေးပမာဏ မရှိဘဲ သုံးတာများရင် ဦးနှောက်ပိုင်းဆိုင်ရာတွေ ပြဿနာဖြစ်တယ်” ဟု မျိုးဆက်ပွားကျန်းမာရေး သုတေသနပြုလုပ်နေသူ ပညာရှင်တစ်ဦးက ပြောသည်။. 

ပုံမှန်ဆေးဝါးများပါ ရောင်းချနေသည့် ဆေးဆိုင်များအတွက် ထိုလိင်စိတ်ကြွစေသည့် ဆေးဝါးများသည် အထူးတလည် ရောင်းချရမှုများပြားနေသည့် ဆေးဝါးများ မဟုတ်ကြောင်း ဦးလင်းမြင့်က ဆက်လက်ပြောသည်။

ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော နိုင်ငံခြားဖြစ် လိင်စိတ်ကြွဆေးမျိုးစုံကို ဖမ်းဆီးကာ အမျိုးသားဆေးဝါးဥပဒေပုဒ် ၁၈ အရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journalစိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange)
ဆေးကောင်တာတို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲ
ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ
သံတော်ဆင့်သို့ ပြောသည်။

အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေး
ရောင်းချမှုကို တားဆီးရန် ပညာပေးကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်း
ကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေးယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု
ထားသော ဆေးဝါးများမဟုတ်ကြောင်း ပြောကြားသည်။



တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျ
အမျိုးသမီးက “ကျွန်မ ဒီတော်ဝင်စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခကတော့ ငါးသောင်းကျော်ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့
ရောင်းနေတဲ့ဆေးတွေက တရားဝင်ဆေးဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှ
ပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာမှာရှိတဲ့ပစ္စည်း တွေကို
လာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကို
ကျေပွန်အောင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့
ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်းတာလုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။
တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်းထဲရောက်ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်ကမိဘတွေ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေးခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး” ဟု ပြောသည်။

စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ
မိတော့ တာဝန်ကျနေတဲ့ ညီမလေးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံအဖြစ်ဒီစာရွက်တွေ
ပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲမ၀င်ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန်ထမ်းတွေက ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်ကခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ်က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေက
ရှင်းပါတယ်” ဟုပြောသည်။

ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော်
တစ်ခါ ကြုံဖူးတယ်။ ကာစီနိုကစားနည်း အကြွေတွေနဲ့ ဆော့တဲ့ကစား
နည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မာပြည်သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေ ပိုင်ရှင်က သံတမန်
နည်းအရ ကင်းလွတ်ခွင့်ရပြီး သူ့နိုင်ငံပြန်သွားတယ်။

ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက ၀န်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိတော့
ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုမြောက်ပါက ထောင်ဒဏ် တစ်ရက်မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ်ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ်
ချမှတ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ်
မှ ကိုထွန်းအောင်ကျော်က ၀န်ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေးသွားမည်ဟု ပြောကြား
ခဲ့သည်။

Myanmartandawsint Newspaper

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...