ဧဒင်အချစ်ပုံပြင်: ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား

Thursday 11 April 2013

ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား

Photo: ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား
Thursday, April 11, 2013

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏မွေးစားသားက ရေဆိပ်ဆင်းသည့် ဒေသခံအမျိုးသမီးငယ်
အား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်
ကဆိုပါသည်။

“အရင်က လားဟူပြည်သူ့စစ်တပ်ဖွဲ့ပေါ့။ အခုတော့ အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဂျပီးကွယ်။ သူ့ရဲ့ မွေးစား သားပေါ့။ ထိုင်းကပြန်လာတာမကြာသေးဘူး။ ဗမာစကားလဲကောင်းကောင်းမပြော တတ်၊ သျှမ်းစကားကောဘဲ။ ထိုင်းစကား တော့မွှတ်နေတာဘဲ။ နမ့်ဟူးရေဆိပ်မှာ ရေဆင်းချိုးတဲ့ ရပ်ကွက် ၄ က အသက် ၁၉ နှစ်အရွယ် ကောင်မလေးကို လိုက်ဆွဲတယ်။ ဖက်တယ်။ ဘော်ဒီဂတ် ၂ ယောက်လဲ ပါလာတယ်လေ။ ကောင်မလေးက အော်တော့ နောက်တဆိပ်မှာ ရေချိုးနေတဲ့ အမျိုးသားတွေက ရောက်လာတော့မှ ထွက်ပြေးကုန်တာ။ သူ့နောက်လိုက်
တယောက်ဘဲဖမ်းမိတယ်” - ဟု ပုံပါကျင်မြို့ခံ တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။

ယခုလ ၈ ရက်နေ့ ညနေပိုင်းက နမ့်ဟူးရေဆိပ်၌ ရေဆင်းချိုးသည့် ပုံပါကျင်ဒေသခံ အသက် ၁၉ နှစ်အရွယ် အပျိုမလေး အား အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်၏ မွေးစားသား ဂျန ဆိုသူက လိုက်ဖက် ကြောင်း၊ အနီး၌ ရေချိုးနေသည့် အမျိုးသားများ ရောက်လာမှ ဂျနနှင့် ၎င်း၏ ဘော်ဒီဂတ် တို့ထွက်ပြေးကြောင်း၊ ဘော်ဒီဂတ် တဦးအား ဖမ်းမိသဖြင့် ဂျနအား ၉ ရက်နေ့ ညနေပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ရုံးသို့ ရုံးချိန်းခေါ်ယူ သော်လည်း ပျက်ကွက်ခဲ့ကြောင်း လူလတ်ပိုင်း အရွယ်ရှိ ဒေသခံအမျိုးသားက ဆက်လက်ပြောပြသည်။

မောင်ဂျန အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမေးမြန်းစဉ်က - “ မိန်းခလေးက ချောတယ်။ သူ့ကိုကြိုက်တယ်။ ဒါကြောင့် လိုက်ဖက်တာ။ သူကျနော့် ကိုယူမယ်ဆိုရင် ကျနော်သူ့ကိုယူမယ်”ဟုထိုင်းဘာသာစကားဖြင့်ပြောကြောင်း
သွားရောက် နားထောင်သည့် ပုံပါကျင်ဒေသခံက ပြောပြသည်။

“ သူ့တပည့်ဖြစ်တဲ့ ဂျတဲကို ရွာသားတွေကဖမ်းမေးတယ်။ ဂျတဲကတော့ တာလေရွာကဘဲဆိုတော့ ရွာသားတွေနဲ့ သိတော့ သူက အကြောင်းစုံပြောပြ
တာ။ ဒါပေမယ့် ဂျပီးကွယ်ရဲ့ သားမှန်းမပြောဘူး။ နောက်တနေ့ ၉ ရက်နေ့ မနက်ပိုင်း လူကြီးအိမ်ကို သူ့ကိုမရမကခေါ်လာတယ်။ လူကြီးတွေနဲ့
စကားပြောတာတောင် မျက်မှန်နက်ကြီးကို မချွတ်ဘူး။ ကျနော့်ကို မသိကြဘူးထင်တယ်တဲ့။ နယ်ခြားစောင့် တပ်မှူးကြီးရဲ့သားပါတဲ့ ။ သူတို့တပ်ဖွဲ့က အရာရှိတချို့လဲသူနဲ့ လိုက်ပါလာတယ် လေ။ နဲနဲခြိမ်းခြောက်
လိုက် တဲ့ပုံစံပေါ့။ ညနေပိုင်း ထွေအုပ်ရုံးမှာ ရုံးထပ်ချိန်းတော့ သူမလာတော့
ဘူး။ ဆိုတော့ ပုံပါကျင် သားတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကမကျေနပ်ဘူး။ စုပေါင်းလက်မှတ်ထိုးထားတဲ့ စာကို သျှမ်းပြည်အစိုးရအထိ တင်ဖို့ စီစဉ်နေကြပြီ ” ဟုလည်း ဒေသခံအမျိုးသမီးငယ်တဦး ကပြောသည်။

အဆိုပါလက်မှတ်ထိုးထားသည့်တိုင်စာအား သျှမ်းပြည်နယ်ဝန်ကြီးချုပ်အထိ တင်ရန် အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင် စီစဉ်ထားကြောင်းဒေသခံများ
ကပြောပါသည်။

ဂျနဆိုသူသည် နယ်ခြားစောင့်တပ်ရင်းမှူးကြီး ဂျပီးကွယ်၏ ထိုင်းလူမျိုး ဇနီးမှ ပါလာသော သားဖြစ်သည်ဟုလည်း ဒေသခံများကပြောဆိုနေကြသည်။

၂၀၁၀ မတ်လကုန်က နယ်ခြားစောင့်တပ်အမှတ် ၁၀၀၇ အသွင်ပြောင်း
လိုက်သော လားဟူပြည်သူ့စစ်တပ်ဖွဲ့တွင် ယခုအခါ ထိုင်းစကားပြောသော တပ်ဖွဲ့ဝင်အများအပြားတွေ့ရကြောင်း၊ ထိုင်းနိုင်ငံ တောင်ပေါ်သား
လက်မှတ်ရထားသူများဖြစ်ဟန် တူကြောင်း ပုံပါကျင်ဒေသခံများ
ကပြောသည်။

သျှမ်းသံတော်ဆင့်သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏မွေးစားသားက ရေဆိပ်ဆင်းသည့် ဒေသခံအမျိုးသမီးငယ်

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...