အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဈေးဆိုင် တစ်ဆိုင်ကို
နှင်းများ ထူထပ်နေသော ညဉ့်နက် အချိန်၌ ဖောက်ထွင်းရန် ကြံစည်သူ ဖောက်ထွင်း
ဝိဇ္ဇာတစ်ဦးသည် ဆိုင်ခန်းအတွင်း မဝင်ရောက်မီ ခေါင်းစွပ်မေ့ကျန်
ခဲ့သောကြောင့် တစ်ခေါက်ပြန်လည် ယူဆောင် နေပုံကို ဆိုင်အတွင်း တပ်ဆင်ထားသော
CCTV ကင်မရာမှတစ်ဆင့် တွေ့ရှိရသည်။ ၎င်းပုံဖျက်ထားသော
ဂျာကင်အိင်္ကျီနှင့်
ဘောင်ဘီအပွများ ဝတ်ဆင်ကာ ထိုဈေးဆိုင် ရှေ့သို့ ရောက်ရှိပြီး နောက်တစ်ဖန်
နောက်ကြောင်း ပြန်လှည့်ပြီး ခေါင်းစွပ်ဝတ်ကာ ပြန်လည်ရောက် ရှိလာခဲ့သည်။
ထို့နောက် ဈေးဆိုင် မှန်တံခါးကို မာကျောသော အရာဝတ္ထု တစ်ခုနှင့်
ရိုက်နှက်ပြီး ဆိုင်အတွင်းသို့ ရောက်ရန်ကြိုးပမ်းစဉ် အတွင်း၌ တပ်ဆင်ထားသော
အလိုအ လျောက်သတိပေး ခေါင်းလောင်း သံကြောင့် ပြန်လည် ထွက်ပြေး သွားသည်ကို
တွေ့ရသည်။
yoyarlay...ကိုစိုး
No comments:
Post a Comment