ဧဒင်အချစ်ပုံပြင်: ကိုယ်ပိုင်မဏ္ဍပ် ထိုင်မည်ဆိုသည့် ရတနာမိုင်

Wednesday 3 April 2013

ကိုယ်ပိုင်မဏ္ဍပ် ထိုင်မည်ဆိုသည့် ရတနာမိုင်

154155_572183122810839_1644948304_n 
ရန်ကုန်မြို့ ပါရမီလမ်းတွင် “မိုင်လေး Aprial” အမည်ရှိ 
ကိုယ်ပိုင်မဏ္ဍပ်တွင် ရေကစားရန် စီစဉ်ထားကြောင်း သရုပ်ဆောင်နှင့် 
အဆိုတော် ရတနာမိုင်က ပြောကြားသည်။
၎င်းမဏ္ဍပ်တွင် သင်္ကြန်ရက်များကို ကုန်ဆုံးစေမည်ဖြစ်ပြီး 
အဆိုတော် အောင်လ၊ ဆိုတေး၊ နန်းဆုရတီစိုးနှင့်
 အကယ်ဒမီ ကိုလူမင်းတို့ လာရောက် ရေကစားရန် 
ဖိတ်ကြားထားသည်ဟုလည်း သိရသည်။
“မိုင်လေးကတော့ သီချင်းဆိုဖြစ်မလားဆိုတာ 
မသေချာသေးဘူး။ အောင်လ၊ ဆိုတေးနဲ့ နန်းဆုတို့တော့ သီချင်းဆိုကြမှာပါ”ဟု
 ရတနာမိုင်က ပြောကြားသည်။
၎င်းအပြင် နိုင်ငံရေးအခြေအနေမှာ အဓိကရုန်းများ ဖြစ်ပွားခဲ့ခြင်းကြောင့်
 မြန်မာနှစ်သစ်ကူးသင်္ကြန်တွင် 
လူငယ်များအနေနဲ့ အန္တရာယ်ကင်းစွာ ပျော်ပျော်ရွှင်ရွှင် 
ကစားစေချင်ကြောင်းလည်း သိရသည်။>ထို့အပြင် သင်္ကြန်၌ 
ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ 
အဆိုတော် ရတနာမိုင်က “ခေတ်မီတာတော့ ကောင်းပါတယ်။
 ခေတ်လွန်တာတော့ မကောင်းဘူထင်တယ်”ဟု ပြောကြားသည်
ပရိတ်သတ်ကြီးကိုလည်း “သင်္ကြန်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ 
အန္တရာယ်ကင်းရှင်းစွာ ပျော်ရွှင်နိုင်ပါစေ ”ဟုလည်း ဆုတောင်းပေးခဲ့
 ကြောင်း သိရသည်။
ပိုင်လေး
 themyanmaage

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...