ဧဒင်အချစ်ပုံပြင်: ဟောစာတမ်း (ဧပြီ)

Wednesday 3 April 2013

ဟောစာတမ်း (ဧပြီ)


တနင်္ဂနွေ သားသမီးများ
အထက် လူကြီးမှ ကူညီ မစမည်။ ပေးကမ်း ကူညီ မစသူ ပေါမည်။ မိတ်ကောင်း ဆွေကောင်းများကြောင့် အခွင့်အလမ်းကောင်းများ ရလာမည်။ လုပ်ချင်တဲ့ အလုပ်တွေ လုပ်ခွင့် ရပြီး အောင်မြင်မယ်။ ဖြစ်ပေါ်လာတဲ့ ပြသနာများကို ဖြေရှင်းနိုင်မယ်။ မိမိနဲ့ လုပ်ဖေါ် ကိုင်ဖက်များကို သတိထားပါ။
ယတြာ ။ ။ အုန်းထမင်း ချက်ပြီး သံဃာတော်များကို ဆွမ်းလောင်းပါ။



တနင်္လာ သားသမီးများ
မမျှော်လင့်ပဲ ရာထူး တိုးမည်။ နေရာပေး ခံရမည်။ အခွင့်အရေးသစ်တွေ ရမည်။ လုပ်လို မရတဲ့ အလုပ်တွေ လုပ်ခွင့်ရမည်။ လူအများရဲ့ ချစ်ခင်မှုကို ခံရမည်။ မမျှော်လင့်ပဲ ငွေဝင်လာခဲ့လျှင် ဘုရားအတွက် ရည်စူးပြီး ပန်း သစ်သီး တခုခု ၀ယ်ပြီးမှ လိုရာ သုံးပါ။ ငယ်ရွယ်သူ ဖြစ်ပါက ချစ်သူ၏ အရေးပေးခြင်း ခံရသောလဖြစ်သည်။
ယတြာ ။ ။ မိမိ မွေးနံဘုရား ။ ထောင့်တွင်ကံ့ကော် ၁၅ ခက်ကို သွားလှုပါ ။ အကျီအဖြူရောင် ၀တ်သွားပါ။

အင်္ဂါ သားသမီးများ
စီးပွားရေးအရ အရမ်း မစွန့်စားသင့်သေးပါ။ မိမိက ကြံစည်ထားသော လုပ်ငန်းများ အဖျက်ဝင်ပြီး အဆင်မပြေ ဖြစ်မည်။ မမျှော်လင့်သော ရောင်းမှား ၀ယ်မှားကြောင့် အမှုအခင်း ဖြစ်တတ်သည်။ သတိထားပါ။ အောက်လက်ငယ်သား သစ္စာမဲ့မှုကြောင့် ငွေကုန်များခြင်း အလုပ် ပိုလုပ်ရခြင်းများဖြစ်မည်။ ငွေလိမ် ခံရတတ်သည်။
ယတြာ ။ ။ မိမိ မွေးနံ ဘုရားထောင့် ညောင်ပင်တွင် ရေ (၈) ခွက်လောင်းပြီး လိုရာ ဆုတောင်းပါ။ အိမ်က ဘုရားတွင် ဇီးယို လူပေးပါ။

ဗုဒ္မဟူး သားသမီးများ
ကိုယ် မလုပ်တဲ့ ကိစ္စ အပေါ်မှာ လူမှားပြီး စွတ်စွဲ ခံရလိမ့်မည်။ အမျိုးသမီး တစ်ဦးကြောင့် နာမည်ပျက် သိက္ခာကျလိမ့်မည်။မောင်နှမ ဆွေမျိုးကြား ငွေကြေး ကိစ္စကြောင့် စိတ်ဝမ်းကွဲမည်။ မိတ်ဆွေက အထင်လွဲပြီး ရန်သူလို ဆက်ဆံလာမည်။အိမ်ထောင်ရှင်များ ဒေါသနှင့် မဆက်ဆံပါနှင့် စိတ် မထိမ်းနိုင်ပါက အိမ်ထောင် ကွဲသွားနိုင်သည်။
ယတြာ ။ ။ ၀ါးလုံး တစ်တာင်ခန့် ကို ရွက်လှ (၁၇) ရွက် ပတ်ပြီး ၀ါယာကြိုးဖြင့် ပတ်ချည်ပါ။ ရေစီးသော ချောင်းတစ်ခုထဲသို့ လွင့်ပစ်ပြီး ငါ့ကိုယ်စား နင်ခံဟု ပြောပါ။

ကြာသပတေး သားသမီးများ
မမျှော်လင့်ပဲ ငွေဝင်လာမည်။ စုမိ ဆောင်းမိမည်။ အလှုဒါန ပြုလုပ်ရမည်။ မိတ်ဆွေများနှင့် စပ်တူ လုပ်ငန်းများ လုပ်ပါက အောင်မြင်မည်။ မိမိ ကြံစည်ထားသော လုပ်ငန်းများ အောင်မြင်မည်။ ယခုလအတွင်း သီလရှင် ၀တ်ခြင်း ဒုလ္လဘ ရဟန်း ခံခြင်းသည် အကောင်းဆုံး ယတြာဖြစ်သည်။
ယတြာ ။ ။ မိမိ မွေးနံထောင့်မှ စပြီး ထောင့် (၈)ထောင့်တွင် မေမြို့ ပန်း (၅) ပွင့်စီ လှုပေးပါ။

သောကြာ သားသမီးများ
လုပ်ငန်းများ အပြိုင်အဆိုင် တွေ့မည်။ စီးပွားရေး သမား ဖြစ်ပါက မမျှော်လင့်ပဲ အလဲထိုး ခံရတတ်သည်။ လုပ်ငန်းများ အပြောင်းအလဲ ဖြစ်ပြီး အရှုံးပေါ်မည်။ ညာဖက် ခြေထောက်တွင် ထိခိုက် ဒဏ်ရာ ရတတ်သည်။ ယခင် ပြသနာ အဟောင်းများ ပြန်ပေါ်ပြီး မိမိကို အမှုပတ်တတ်သည်။ ခရီးသွားရမည့် ကိစ္စများ ယခုလအတွင်း လုံးဝ ရှောင်ပါ။
ယတြာ ။ ။ နို့ ဆီခွက်ထဲ သဲ (၂၁) ဇွန်း သီဟိုရွက် (၂၁) ရွက်ထည့်ပြိး မိမိ အိမ်၏ အရှေ့ တောင် အရပ်သို့  စွန့် ပေးပါ။

စနေ သားသမီးများ
စီစဉ်ထားတဲ့ လုပ်ငန်းတွေ တစ်ပိုင်းတစ်စ ဖြစ်မည်။ ပြသနာ ပေါင်းစုံကြောင့် စိတ်ညစ်နေရမည်။ စိတ် အေးအေးထားပါက အဆင်ပြေ အောင်မြင်မည်။ ဆုံးဖြတ်ချက် မခိုင်မာပဲ စိတ်ထွေနေသော လဖြစ်နေမည်။ သူတစ်ပါး ကိစ္စ ၀င်မစွက်မိပါစေနှင့် သူ့ ပြသနာမှ ကိုယ့်ပြသနာဖြစ်မည်။ ငွေဝင်မလိုနှင့် မ၀င်ခြင်း။ သေခြာပေါက် အလုပ်များ တေ့လွဲလွဲ နေမည်။ လင်မယားကြား ချစ်သူများကြား မ၀င်မိပါစေနှင့် သတိထားပါ။
ယတြာ ။ ။ အိမ်က ဘု၇ားတွင် မွေးနေ့ မှစပြီး တစ်ပတ်တိတိ နွားနို့ လှုပေးပါ။ မွေးနံဘုရားထောင့်တွင် ထီး အနီ တစ်လက် လှုပေးပါ။

ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...