ဧဒင်အချစ်ပုံပြင်: ရွှေလီကြိုးတံတားအနီးတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

Wednesday 3 April 2013

ရွှေလီကြိုးတံတားအနီးတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ရွှေလီကြိုးတံတားအနီးတွင် မတ်လ (၂) ရက်နေ့ ညပိုင်းအချိန်က တာဝန်ရှိသူများမှ ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မူဆယ်(မူးယစ်)အဖွဲ့များ၊ နမ့်ခမ်းရဲစခန်းမှ တပ်ဖွဲ့များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ် ဆေးဝါးသတင်းအရ မတ်လ(၂)ရက်နေ့ညပိုင်းတွင် နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ယာဉ်တစ်စီးအား စစ်ဆေးရာ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ် မန့်ဝိန်းကြီး ဘက်သို့

ယာဉ်မောင်း ဒေါ်ခွေလျန် မောင်းနှင်လာသော ၂ဂ/၃၉၆၈ ပါဂျဲရိုး အပြာ/ခဲရောင်အား စစ်ဆေးရာမှ ယာဉ်နောက်ခန်းအတွင်း အစိမ်းရောင် ပီနံအိတ်ဖြင့်ထုတ်ထားပြီး ဂျပ်ဖာစက္ကူ အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသော ဘိန်းဖြူခွက် (၁၀၀)အား ရှာဖွေရမိခဲ့သည်။

ဖမ်းဆီးရမိသော ဘိန်းဖြူဆပ်ပြာခွက်များ အလေးချိန်မှာ (၁.၁) ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုး အားဖြင့် သိန်း (၁၈၀)ကျော်ဖိုးဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သူ ဒေါ်ခွေလျန်(မန့်ဝိန်းကြီးရွာ နေသူ) အားရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။
shannews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...